နေပြည်တော် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တည်ဆောက်ရေး အကြမ်းဖက်စစ်ခေါင်းဆောင် အလှူခံ

အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ထဲမှာ တည်ဆောက်ပူဇော်နေတဲ့ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော် တည်ဆောက်ရေးမှာ အများပြည်သူ အလှူငွေထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာထားပါတယ်။

ဒါဟာ ထေရဝါဒဗုဒ္ဒသာသနာ ထွန်းလင်းတောက်ပနေတယ်ဆိုတာကို ကမ္ဘာကို ပြသဖို့၊ တိုင်းပြညအေးချမ်းသာယာမှုရှိစေဖို့၊ ရုပ်ပွားတော်မြတ်ကို ပြည်တွင်း ပြည်ပ ဘုရားဖူးတွေ လာရောက်ခြင်းဖြင့်ဒေသတိုးတက်စည်ကားမှုကို အထောက်အကူပြုစေဖို့၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေဖို့ရည်ရွယ်တည်ဆောက် ပူဇော်တာဖြစ်တယ်လို့ ဆိုပါတယ်။ Sources DVB

Add a Comment

Your email address will not be published.