စနေနေ့ည ကန်မည့် ဘောလုံးပွဲများအတွက်

ချဲလ်ဆီးနဲ့မန်စီးတီးတို့ရဲ့နောက်ဆုံးပရီးမီးယားလိဂ်တွေ့ဆုံမှု ၁၂ ပွဲစလုံး သရေနဲ့ အဆုံးမသတ်ခဲ့ဘဲ ချဲလ်ဆီးက ၅ ပွဲနိုင်၊ မန်စီးတီးက ၇ ပွဲနိုင်ထားပါတယ်။
မန်ယူအိမ်ကွင်း ဗီလာနဲ့နောက်ဆုံးတွေ့ဆုံမှု ၈ ပွဲမှာ ၇ ပွဲက နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိထားပါတယ်။
အဲဗာတန်နဲ့အဝေးကွင်းရင်ဆိုင်ရမယ့်နော်ဝစ်ခ်ျဟာ နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲမှာ ၆ ပွဲကို အနိမ့်ဆုံး ၂ ဂိုးနှုန်းပေးထားရပါတယ်။
ဝက်စ်ဟမ်းဟာ နောက်ဆုံးပရီးမီးယားလိဂ်အဝေးကွင်း ၅ ပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့ပါဘူး။
လက်စတာဟာ တန်းဆင်းဇုန်ထဲက အသင်းတွေနဲ့နောက်ဆုံးတွေ့ဆုံမှု ၆ ပွဲစလုံးကို အနိုင်ရထားပြီး ၁၅ ဂိုးသွင်းကာ ၂ ဂိုးသာပြန်ပေးခဲ့ရတာပါ။
ဝက်ဖို့ဒ်ဟာ နောက်ဆုံးပရီးမီးယားလိဂ်အိမ်ကွင်း ၃ ပွဲမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းပေးခဲ့ရပါတယ်။
လီဗာပူးကို ဧည့်ခံမယ့်ဘရန့်ဖို့ဒ်ရဲ့ဒီရာသီပရီးမီးယားလိဂ် ၅ ပွဲစလုံး နှစ်ဖက်သွင်းဂိုး ၂ ဂိုးနဲ့အောက် ဖြစ်ထားပါတယ်။
အက်သလက်တီကိုဟာ အလာဗက်စ်နဲ့နောက်ဆုံးတွေ့ဆုံမှု ၈ ပွဲမှာ ၇ ပွဲအနိုင်ရထားပါတယ်။
ဗလင်စီယာနဲ့ဘီလ်ဘာအိုတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု ၇ ပွဲမှာ ၆ ပွဲဟာ နှစ်ဖက်သွင်းဂိုး ၂ ဂိုးနဲ့အောက် ဖြစ်ထားပါတယ်။
ဆီဗီလာဟာ အက်စ်ပန်ညိုနဲ့အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲကို အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းနိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဗီလာရီးရဲလ်နဲ့နောက်ဆုံးတွေ့ဆုံမှု ၇ ပွဲမှာ ၆ ပွဲကို အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းနိုင်ခဲ့ပါတယ်။
စပီဇီယာရဲ့နောက်ဆုံးစီးရီးအေ ၉ ပွဲမှာ ၈ ပွဲက နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိထားပါတယ်။
အင်တာမီလန်နဲ့အတ္တလန္တာတို့ရဲ့နောက်ဆုံးတွေ့ဆုံမှု ၅ ပွဲစလုံး နှစ်ဖက်သွင်းဂိုး ၂ ဂိုးနဲ့အောက် ဖြစ်ထားပါတယ်။
ဂျီနိုအာဟာ ဗီရိုနာနဲ့အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၁၁ ပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့ပါဘူး။
လစ်ဇစ်ဟာ ဟာသာဘာလင်နဲ့နောက်ဆုံးတွေ့ဆုံမှု ၁၀ ပွဲစလုံးမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းနိုင်ခဲ့ပါတယ်။
လေဗာကူဆင်ကို အဝေးကွင်းရင်ဆိုင်ရမယ့်မိန့်ဇ်ဟာ နောက်ဆုံးဘွန်ဒက်စ်လီဂါ ၃ ပွဲစလုံးမှာ ပေးဂိုးမရှိခဲ့ပါဘူး။
ဟော်ဖန်ဟိမ်းအိမ်ကွင်း ဝုဖ်ဘတ်နဲ့နောက်ဆုံးတွေ့ဆုံမှု ၄ ပွဲစလုံး နှစ်ဖက်သွင်းဂိုး ၃ ဂိုးနဲ့အထက် ရှိထားပါတယ်။
ဖရန့်ဖတ်ဟာ ကိုလုံးနဲ့အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲနိုင်ထားပါတယ်။
ယူနီယံဘာလင်နဲ့ဘီလီဖီးလ်တို့ရဲ့နောက်ဆုံးတွေ့ဆုံမှု ၆ ပွဲမှာ ၅ ပွဲက နှစ်ဖက်သွင်းဂိုး ၂ ဂိုးနဲ့အောက် ဖြစ်ထားပါတယ်။
ဒေါ့မန်ဟာ ဂလက်ဘတ်နဲ့နောက်ဆုံးတွေ့ဆုံမှု ၁၄ ပွဲမှာ ၁၃ ပွဲအနိုင်ရထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *