fbpx

အောင်ပန်းမြို့ရှိ PNO အထူးဒေသ(၆) ရုံးရှေ့တွင် ပေါက်ကွဲမှု ဖြစ်

ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ PNO အထူးဒေသ(၆)ရုံးရှေ့၌ ယနေ့ စက်တင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
” အတိအကျတော့ မသိဘူး၊ ဟုတ်တယ်။ ဒီနေ့မနက် ၁၁ နာရီမှာ ပေါက်တာ။ ကျွန်တော်တို့ ပါတီရုံးတော့ မဟုတ်ဘူး၊ အထူးဒေသ(၆)ရုံးပေါ့။ အဲရုံးရှေ့က လမ်း‌ပေါ်မှာ ပေါက်တာ။” ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတရာ မရှိကြောင်းကိုလည်း ၎င်းထံမှ သိရသည်။
.
အောင်ပန်းမြို့သည် ရှမ်းပြည်နယ်အဆင့် Stay at Home သတ်မှတ်ထားသည့် မြို့ ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်၊ ညပိုင်းတွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

Add a Comment

Your email address will not be published. Required fields are marked *