fbpx

အာဏာသိမ်းအဖွဲ့က ကနီမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းနေသဖြင့် အများပြည်သူလုံခြုံရေး သတိထားကြရန် KNDF 1 သတိပေး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းသို့ အာဏာသိမ်းအဖွဲ့က စစ်အင်အား အလုံးအရင်းဖြင့် နယ်မြေရှင်းလင်းနေ၍ အများပြည်သူအနေဖြင့် လုံခြုံရေးသတိဖြင့် ပြင်ဆင်ထားကြရန် ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့ KNDF 1 က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့တွင် အထူး သတိပေးချက်ထုတ်ပြန်ထားသည်။
နယ်မြေအတွင်း အင်တာနက်လိုင်း၊ မိုဘိုင်းဖုန်းလိုင်းများ ဖြတ်တောက်နိုင်သည့်အခြေအနေရှိနေ၍ လိုအပ်သည်များ ပြင်ဆင်ထားကြရန်နှင့် အများပြည်သူအနေဖြင့် အရေးပေါ်ကြုံလာပါက ဘေးကင်းရာတိမ်းရှောင်နိုင်ရေးအတွက် အမိုးအကာ၊ အနွေးထည်၊ စားသောက်ကုန်ခြောက်နှင့် ဆေးဝါးစသည်တို့ကို ပြင်ဆင်ထားရန်ကိုလည်း သတိပေးထားသည်။

Add a Comment

Your email address will not be published. Required fields are marked *