မကွေးမြသလွန်ဘုရားအနီး စစ်ဆေးရေးဂိတ်ပေါက်ကွဲမှု အာဏာသိမ်းတပ်ဖွဲ့မှ (၃)ဦး ဒဏ်ရာရ
|
မကွေးမြို့ မြသလွန်ဘုရားတောင်ခြေရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်က ဗုံးတစ်လုံးပစ်ချခံရသဖြင့် အာဏာသိမ်းတပ်ဖွဲ့မှ (၃) ဦး ထိခိုက်သွားသည်ဟု သိရသည်။
ပေါက်ကွဲသံထွက်လာပြီးနောက် အဆိုပါ စစ်ဆေးရေးဂိတ်အနီးဝန်းကျင်ကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက တင်းကျပ်စွာ စစ်ဆေးမှုများ လုပ်နေကြကြောင်း သိရသည်။
မကွေးမြို့ တွင် နေအိမ်ပြင်ပထွက်ခွာခွင့်ကို ယခင်က နံနက် (၄)နာရီမှ နံနက် (၁၁)နာရီကြားနှင့် ညနေ(၅)နာရီမှ ညနေ(၇)နာရီကြား သတ်မှတ်ပေးထားရာမှ စက်တင်ဘာလ (၁၀) ရက်နေ့မှစတင်ကာ နံနက် (၄)နာရီမှ နံနက် (၁၁)နာရီကြားနှင့် ညနေ (၃)နာရီမှ ညနေ (၆)နာရီကြားသို့ ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။