တနိုင်း-ရှင်​ဗွေယန်သွားလမ်း လဂျားဘွမ်မှာ စစ်​ကောင်စီတပ် နှင့် ​ကေအိုင်​အေ တိုက်ပွဲပြင်းထန်​နေ

တနိုင်း-ရှင်​ဗွေယန်သွားလမ်း လဂျားဘွမ်တွက် စစ်​ကောင်စီတပ်များနှင့်​ ကေအိုင်​အေတို့ လက်ရှိအချိန် တိုက်ပွဲပြင်းထန်နေ​ကြောင်း သတင်းရရှိသည်။
“ခဏကပဲ စပစ်​နေတယ်။ အစက လက်နက်ကြီးသံကြားတယ်။ အခုက ​သေနတ်သံ​တွေ ဆက်တိုက်ကြား​နေရတယ်။ မနေ့က ကတည်းက စစ်​ကောင်စီတပ်​​​​တွေ ​ရောက်​နေတာ ​KIA က ဆက်မတက်လာနဲ့ တက်လာရင်ပစ်မယ် ​ပြောထားတာ ဒီ​နေ့ စစ်​ကောင်စီတပ်​တွေ တက်လာ​တော့ ပစ်​နေကြပြီ။”ဟု ​ဒေသခံ တစ်ဦးကဆိုသည်။
ယ​နေ့နံနက် ၁၀ နာရီ ၄၅မိနစ်မှ စစ်​ကောင်စီတပ်သား ၁၀၀ခန့်သည် တနိုင်းမှ တရုံ၊ ရှင်​ဗွေယန် ဘက်တက်လာသောအဖွဲ့နှင့်ကေအိုင်​အေတို့ကြား တိုက်ပွဲဖြစ်ပွား​နေခြင်းဖြစ်သည်။ လဂျားဘွမ်​ကျေးရွာက ​ဒေသခံများလည်း ​နေအိမ်များမှ ထွက်​ပြေးတိမ်းရှောင်​နေ​ကြောင်း ​​ဒေသခံတစ်ဦးကဆိုသည်။
သတင်း – Kachinwaves

Add a Comment

Your email address will not be published. Required fields are marked *