hive blockchain နှင့် မြန်မာများ အလွယ်ရောင်းဝယ်နိုင်သည့် crypto market

ပထမဦးဆုံးအနေနဲ့ မိမိပိုက်ဆံအိတ် wallet တစ်ခုပြုလုပ်ရပါမည်။ wallet တစ်ခုရဖို့ အခမဲ့ပြုလုပ်နိုင်ပါတယ်။ email or phone နံပါတ်ဖြင့်ပြုလုပ်ပါ။ email ဖြင့်ပြုလုပ်လျှင်ပိုကောင်းပါသည်။ link – https://ecency.com/signup?referral=nayhlaingsoe
အကောင့်အသစ်ဖွင့်လိုက်တာနဲ့ email တွင် အတိပြုကုဒ်ကျပါလိမ့်မည်။ အတိပြုပြီးပါက မိမိ၏ email ထဲတွင် user name နဲ့ password ပို့ပေးပါတယ်။ ၎င်း password ကို မိမိမှလွှဲ၍အခြားသူလုံးဝအသိမပေးရပါ။ အမြဲတမ်းအသုံးပြုရမည်ဖြစ်သောကြောင့် သေချာ သိမ်းပါ။ အကောင့်တစ်ခုရပြီဆိုတာနဲ့ crypto market တွေဖြစ်သည့်
https://hive-engine.com/
https://leodex.io/

တွေမှာ ပတ်စပို့မလို၊ မှတ်ပုံတင်မလိုပဲ ဝင်ရောက်အရောင်းအဝယ်ပြုလုပ်နိုင်ပါပြီ။ ၎င်း market တွေမှာ အကောင့်အသစ်ဖွင့်စရာမလိုပဲ အပေါ်ကဖွင့်ခဲ့သည့် ecency အကောင့် user name and password ဖြင့် ဝင်လို့ရပါပြီ။
ecency တွင်လည်း စာရေးသားခြင်းအားဖြင့် crypto ဖြစ်သည့် hive ရရှိမှာဖြစ်ပါတယ်။ hive ဈေးနှုန်းကတော့ ယခုပေါက်ဈေး 1 hive = 0.6 $ ဈေးပေါက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် crypto အလွှဲ/အပြောင်းပြုလုပ်ရာတွင်လည်း မိမိ user name ဖြင့် အခမဲ့ အလွှဲ/အပြောင်းပြုလုပ်ရမှာဖြစ်ပြီး btc တို့လို address အရှည်ကြီးဖြင့် ပေးပို့စရာမလိုအပ်ပါ။ market တွင် အသွင်း/အထုတ်အား 1% သတ်မှတ်ထားပါသည်။ အချင်းချင်း အလွှဲမှာတော့ အခမဲ့ပါ။ hive-engine market တွင် မြန်မာ crypto ဖြစ်သည့် Beyond Horizon (ခေါ်) BHZM လည်းရှိနေပါပြီ။ BHZM ကတော့ stable coin ဖြစ်သည့်အတွက် ဈေးနှုန်းမှာ 1 BHZM = 1000 mmk အဖြစ်သတ်မှတ်ထားတာတွေ့ရပါတယ်။ မြန်မာအချင်းချင်းကတော့ ကျပ်ငွေဖြင့်တိုက်ရိုက် ရောင်းဝယ်ပြုလုပ်နိုင်ပြီး အခြား crypto ကနေ BHZM ပြောင်းချင်လျှင် hive-engine market မှာ hive ကိုလဲပြီးပြောင်းနိုင်တာတွေ့ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *