fbpx

Binance P2P (သို့) Mobile Banking ဖြင့် ဒစ်ဂျစ်တယ်ဒေါ်လာဝယ်ယူရောင်းချခြင်း

Binance မှာ အောင်မြင်စွာ Register လုပ်ပြီးပြီ၊ KYC Verification ကို အောင်ပြီးပြီဆိုရင်တော့ P2P ဈေးကွက်မှာ ၀င်ပြီး လှုပ်ရှားလို့ရပါပြီ။ တခြားသော အိတ်ချိန်းတွေထက် Binance က သာတဲ့အချက်ဟာ ဒီ P2P ဈေးကွက်ပဲ ဖြစ်ပါတယ်။
P2P ဆိုတာ Peer to Peer ၊ Binance အသုံးပြုသူအချင်းချင်း ခရစ်တို (သို့) ဒစ်ဂျစ်တယ်ငွေကြေးတွေကို ရောင်းဝယ်ကြတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အရောင်းအ၀ယ်အများဆုံးကတော့ USDT လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ယူအက်စ်ဒေါ်လာပါ။ Tether က ထုတ်တဲ့ 1 USDT ကို အမေရိကန် တစ်ဒေါ်လာနဲ့ ညီမျှတယ်လို့ ခရစ်တိုအရောင်းအဝယ်မှာ သတ်မှတ်ထားပါတယ်။ သူ့တန်ဖိုးဟာ တခြားခရစ်တိုတွေလို အတက်အကျမရှိတာကြောင့် Stable Coin (ဈေးငြိမ် Coin) လို့ ခေါ်ပါတယ်။ (Stable Coin တွေအကြောင်းကို နောက်မှ အသေးစိတ် ထပ်ရေးပါမယ်။)
Binance မှာ P2P Trading ကိုသွား၊ Fiat (ငွေကြေး) နေရာမှာ MMK (မြန်မာကျပ်) ကိုရွေးလိုက်ရင် မြန်မာပြည်ရဲ့ P2P ဈေးကွက်ကြီးကို ရောက်သွားပြီဖြစ်ပါတယ်။ အောက်ကပုံမှာလို 1USDT ကို မြန်မာကျပ် ရောင်းဈေးနဲ့ အသီးသီးကြော်ငြာတင်ထားကြတာ တွေ့ပါလိမ့်မယ်။
ရောင်းဈေးတွေဟာ အပြင်ဒေါ်လာဈေးထက် ၆၀-၇၀ကျပ်လောက် များနေတာ တွေ့ပါလိမ့်မယ်။ ဒါ ဘာကြောင့်လဲဆိုတော့ Binance မှာ မြန်မာခရက်ဒစ်၊ ဒီဘစ်ကဒ်တွေ သုံးလို့မရအောင် မြန်မာဘဏ်တွေက ပိတ်ထားပါတယ်။ အဲ့တော့ USDT ဝယ်ဖို့ တခြားနိုင်ငံက ကဒ်တွေသုံးရတဲ့အတွက် ကုန်ကျစရိတ်ပိုများသွားတာပါ။
ဒါပေမယ့် ဒါဟာ ပြဿနာတော့ မရှိပါဘူး။ နောက်ပုံတစ်ပုံကို ကြည့်ပါ။ ဝယ်ဖို့တင်ထားတဲ့ ကြော်ငြာတွေကို တွေ့ပါလိမ့်မယ်။ ဈေးနှုန်းတွေဟာ အရောင်းကြော်ငြာဈေးနှုန်းတွေနဲ့ နည်းနည်းလေးပဲ ကွားခြားမှုရှိတယ်။ သဘောကတော့ ကိုယ်ဝယ်ထားတဲ့ USDT ကို မြန်မာကျပ်ငွေပြန်ဖော်ချင်ရင် ဈေးနှိုမ်တာမခံရပဲ လွယ်လွယ်ကူကူ အေးဆေးလုပ်လို့ရတယ်ဆိုတဲ့ သဘောပါပဲ။ အရောင်းအဝယ်ဈေးကွက်ကြီးက အမြဲရှိနေတာပါ။
P2P ဟာ အသုံးပြုသူအချင်းချင်း ဆက်သွယ်ရောင်းချတာမို့ Fee လည်း ပေးစရာမလိုပါဘူး။ ပြီးတော့ KBZ, AYA, CB, KPay, WavePay စသည်ဖြင့် နည်းအမျိုးမျိုး၊ ရောင်းဝယ်သူအမျိုမျိုးရှိတာမို့ ကိုယ်အဆင်ပြေမယ့်လူကိုရွေးပြီး ရောင်းနိုင်ဝယ်နိုင်ပါတယ်။
Binance account ဖွင့်နည်း verify လုပ်နည်းကို အောက်ကလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
https://khitthit.net/archives/4909
Binance မှာ အတိုးယူခြင်း (၁)

Binance မှာ အတိုးယူခြင်း (၁)


Binance မှာ အတိုးယူခြင်း (၂) (Staking)

Binance မှာ အတိုးယူခြင်း (၂) (Staking)


Binance မှာ အတိုးယူခြင်း (၃) (Liquid Swap)
https://khitthit.net/archives/4918

Add a Comment

Your email address will not be published. Required fields are marked *