Binance မှာ အတိုးယူခြင်း (၃) (Liquid Swap)

Binance Earn မှာ Savings, Staking တို့အပြင် နောက်ထပ် အတိုးရစေမယ့် နည်းလမ်းတစ်ခုကတော့ Liquid Swap ဖြစ်ပါတယ်။ Binance မှာ တိုကင်တစ်ခုကနေတစ်ခု လဲလှယ်ချင်တယ်ဆိုရင် Convert, Spot Trade တို့အပြင် Swap လုပ်လို့လည်း ရပါသေးတယ်။ Liquid Swap ဆိုတာ အဲ့လို အလွယ်တကူ Swap လုပ်နိုင်အောင် ကိုယ့်ဆီမှာရှိတဲ့ တိုကင်တွေကို Liquidity Pool ထဲမှာထည့်ထားပေးတာကို ခေါ်တာပါ။ Liquid Swap ထည့်ထားခြင်းအားဖြင့် အတိုးရမယ်၊ ပြီးတော့ ကိုယ့်ထည့်ထားတဲ့ Pool ကို အသုံးပြုတဲ့သူတွေဆီက လဲလှယ်ခ Fee လည်း ရပါသေးတယ်။
ဥပမာ ကျနော့်ဆီမှာ BTC နဲ့ BNB 50$ ဖိုးလောက်စီ ရှိတယ်ဆိုပါစို့။ Liquid Swap လုပ်မယ်ဆို BNB/BTC Liquidity Pool ထဲကို ကျနော် ထည့်လိုက်ပါမယ်။ အဲ့လို ထည့်ပေးတဲ့အတွက် Binance က ကျနော့်ကို အတိုးပေးမယ်၊ ပြီးတော့ BNB/BTC Pool ကို သုံးပြီး Swap လုပ်တဲ့သူတွေဆီက လဲလှယ်ခ BNB Fee လည်းရပါလိမ့်မယ်။
အဲ့တော့ Savings, Staking လုပ်တာနဲ့ Liquid Swap ဘာကွာလဲ၊ ဘာအားသာချက်၊ အားနည်းချက်တွေရှိလဲ ကြည့်ရအောင်။ Liquid Swap ရဲ့ အတိုးနှုန်းဟာ Flexible Savings ထက်သာပြီးတော့ Fixed Savings, Staking တွေထက်တော့ နည်းနည်း နည်းပါတယ်။ ဒါပေမယ့် Staking လိုမဟုတ်ဘဲ ကြိုက်တဲ့အချိန် ပြန်ထုတ်လို့ရတာကတော့ အဓိက အားသာချက်ပဲ။ ဈေးကွက်ထဲမှာ အရောင်းအဝယ်များနေတဲ့အချိန်ဆိုလည်း Fee Rewards ပိုရပါတယ်။
Liquid Swap ဟာ Savings, Staking လို Risk-free တော့ မဟုတ်ဘူး။ Impermanent Loss လို့ခေါ်တဲ့ ဆုံးရှုံးနိုုင်တဲ့ Risk တော့ ရှိတယ်။ ဘယ်လိုမျိုးလဲဆိုတာ ဥပမာတစ်ခုနဲ့ ပြပါမယ်။ 1BNB = 100USDT ဖြစ်နေတဲ့အချိန်မှာ BNB/USDT Liquidity Pool ထဲကို 1BNB နဲ့ 100USDT ကျနော်က Liquid Swap နဲ့ ထည့်လိုက်တယ်ဆိုပါစို့။ Liquidity Pool ထဲမှာ စုစုပေါင်း 10BNB နဲ့ 1000USDT ရှိတယ်ဆို အဲ့ Pool မှာ ကျနော့်ရဲ့ ရှယ်ယာက 10% ပေါ့လေ။ ဒီလိုနဲ့ BNB က ဈေးတွေတက်ပြီး 1BNB = 400USDT ဖြစ်သွားတယ်ဆိုပါစို့။ Liquidity Pool ရဲ့သဘောက သူထဲမှာရှိတဲ့ တိုကင်နှစ်ခုအရေအတွက်ဟာ ပြင်ပတန်ဖိုးအရ အချိုးကျရှိရမယ်။ အဲ့တော့ BNB ဈေးတက်သွားတဲ့အတွက် Pool ထဲမှာ 5BNB နဲ့ 2000USDT ဖြစ်သွားတယ်။ အဲ့အချိန်မှာ ကျနော်က Liquid Swap ကနေ ကျနော့် ရှယ်ယာ 10% ကို ထုတ်လိုက်မယ်ဆို 0.5BNB နဲ့ 200USDT ရလိမ့်မယ်။ တန်ဖိုးအားဖြင့်တော့ 400USDT ပေါ့လေ။ မူလက 200USDT ဆိုတော့ မြတ်သေးတာပဲ။ ဒါကို ဘာလို့ Loss လို့ပြောရတာလဲဆိုတော့ အကယ်၍များ Liquid Swap ထဲမထည့်ဘဲ ဒီတိုင်းကိုင်ထားလိုက်ရင် 1BNB နဲ့ 100USDT ဆိုတော့ စုစုပေါင်း 500USDT ဖြစ်နေမှာမို့ဘဲ။
နားရှုပ် မျက်စိလည်သွားပြီဆိုလည်း တစ်ခုပဲ မှတ်ထားလိုက်ပါ။ Liquid Swap ဟာ ဈေးအတက်အကျအရမ်းများတဲ့အခါ မကောင်းပါ။ ဒါကြောင့် ကျနော်ကတော့ Liquid Swap ထည့်တဲ့အခါ Stablecoin နဲ့ BTC or Alt Coin အတွဲထက် BTC/Alt Coin ၊ Alt Coin/Alt Coin အတွဲပဲ ထည့်လေ့ရှိပါတယ်။
၁။ အဲ့ဒီတော့ နမူနာအနေနဲ့ BNB/BTC အတွဲကို Liquid Swap ထည့်ကြည့်ရအောင်။ ပထမဆုံးကိုယ့်မှာ BNB နဲ့ BTC ကို တန်ဖိုးပမာဏတူတူရှိဖို့လိုပါတယ်။ ရှိပြီဆိုရင်တော့ Liquid Swap ကို နှိုပ်လိုက်ပါ။ Binance Earn ကတဆင့်သွားလည်း ရပါတယ်။
၂။ ပြီးရင် ကိုယ်ထည့်မယ့် တိုကင်အတွဲကို ရိုက်ထည့်ပြီးရှာပါ။ BNB/BTC အတွဲအတွက် စုစုပေါင်းအတိုးနှုန်းက ၄.၉၁% ပါ။ အဲ့ဒါ အတိုးနှုန်း ၃.၃၇% နဲ့ လဲလှယ်ခ ဝေစု ၁.၅၄% ကို ပေါင်းပြထားတာဖြစ်ပါတယ်။ ပြီးရင် Add ကို နှိုပ်လိုက်ပါ။
၃။ Liquid Swap ကို ခုမှ ပထမဆုံးသုံးမယ့်သူဆို Binance က Risk Warning ပြပြီး Agree လုပ်ခိုင်းပါတယ်။ ပညာပေးဗီဒီယို ကြည့်ခိုင်းသေးလားတော့ မမှတ်မိတော့ဘူးဗျ။ ပြီးရင်တော့ Pool ရွေး၊ ထည့်မယ့် ပမာဏ ရွေးရပါလိမ့်မယ်။ ဒီနေရာမှာ BNB နဲ့ BTC နှစ်ခုတန်ဖိုးတူ ထည့်ရမယ်ဆိုပေမယ့် ကိုယ့်မှာ BTC (သို့) BNB ပဲရှိတယ်ဆိုလည်း ရတော့ရပါတယ်။ Add BTC or BNB နှိုပ်ပြီး လိုတာဝယ်ထည့်တဲ့ သဘောပဲ။ 0.2% Fee တော့ ပေးရလိမ့်မယ်။ တိုကင်နှစ်မျိုးထည့်ရင်တော့ Fee မပေးရပါ။ ပြီးရင်တော့ Add နှိုပ်လို့ရပါပြီ။
၄။ ပြီးသွားရင် Share Details ကို သွားပြီး ကြည့်နိုင်ပါတယ်။
၅။ Earn Wallet မှာလည်း ကြည့်လို့ရတယ်။
၆။ စထည့်တဲ့အချိန်က စတွက်ရင် ရှုံးနေလား၊ မြတ်နေလားကို PNL ကနေကြည့်နိုင်တယ်။ စုစုပေါင်းအတိုးဘယ်လောက်ရထားလဲကို Earnings က ပြတယ်။ အတိုး Rewards တွေကတော့ ကိုယ်ကြိုက်တဲ့အချိန် Claim လို့ရပါတယ်။ Liquid Swap မှာ ထည့်ထားသမျှ ပြန်ထုတ်ချင်တယ်ဆိုရင်တော့ Redeem ပေါ့။
https://accounts.binance.com/en/register?ref=67336931
Binance မှာ အတိုးယူခြင်း (၁)

Binance မှာ အတိုးယူခြင်း (၁)


Binance မှာ အတိုးယူခြင်း (၂) (Staking)
https://khitthit.net/archives/4916

Add a Comment

Your email address will not be published. Required fields are marked *