Binance မှာ အတိုးယူခြင်း (၂) (Staking)

Binance Earn ထဲမှာ Savings ထက်ပိုပြီး အတိုးရတာကတော့ Staking ပဲဖြစ်ပါတယ်။ တိုကင်တိုင်းတော့ Staking လုပ်မရပါ။ PoS လို့ခေါ်တဲ့ Proof-of-Stake ခရစ်တိုတွေကိုသာ Stake ပြုလုပ်နိုင်ပါတယ်။ ADA, BNB, DOT, MATIC စတဲ့ ခရစ်တိုတွေဟာ PoS တွေဖြစ်ပါတယ်။ BTC, DOGE, ETH စတာတွေကတော့ မူလလက်ဟောင်း Proof-of-Work (PoW) ခရစ်တိုအမျိုးအစားတွေဖြစ်တယ်။ ETH က လက်ရှိအချိန်မှာ ETH2.0 ကို Upgrade လုပ်နေပြီး PoS အဖြစ် ခန့်မှန်းခြေ နောက်နှစ်အတွင်းမှာ ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။
၁။ ပထမဆုံး Stake လုပ်ဖို့ တိုကင်တွေ Spot Wallet ထဲမှာ ရှိနေပြီဆို Binance Earn က Stake ကို သွားလိုက်ပါ။
၂။ ပြီးရင်တော့ ကိုယ် Stake လုပ်မယ့် ခရစ်တိုအမျိုးအစားကို ရိုက်ရှာလိုက်ပါ။ ကျနော်ကတော့ CAKE ကို Stake လုပ်ပါမယ်။ Staking ရဲ့ အတိုးနှုန်းတွေကတော့ Savings ထက် သိသိသာသာပိုများတာကို တွေ့ပါလိမ့်မယ်။
၃။ CAKE ရှာတွေ့ပြီဆိုတော့ Stake လုပ်မယ့် ကာလကို ရွေးရပါမယ်၊ ရက် ၃၀၊ ရက် ၆၀၊ ရက် ၉၀။ Stake လုပ်ဖို့ Lot နေရာက အကန့်အသတ်ရှိတာမို့ လုပ်ချင်တိုင်းတော့ လုပ်မရပါ။ အတိုးများတဲ့ Stake Lot တွေက ပြည့်နေတာများပါတယ်။ ကိုယ်ကြိုက်တဲ့အတိုးနှုန်းမတွေ့ရင်တော့ Lot ပွင့်တဲ့အချိန်ထိ စောင့်မလား၊ ရှိတဲ့ Lot မှာပဲ Stake လုပ်မလား ဆုံးဖြတ်ရပါမယ်။ ဒီနေ့မနက်တော့ CAKE ရဲ့ ရက်၉၀ Staking မှာ Lot နေရာရှိတာမို့ အဲ့ဒီမှာပဲ Stake လုပ်ပါမယ်။ အတိုးနှုန်းကတော့ တစ်နှစ်ကို ၄၂.၅၂% ပေါ့။ (တကယ်တော့ Pancakeswap ရဲ့ Syrup Pool တွေမှာ အဲ့ထက်များတဲ့အတိုးနှုန်းတွေပေးပါသေးတယ်။ အဲ့အကြောင်းတော့ နောက်မှ ထပ်ရေးပါမယ်။)
၄။ ပြီးရင် Stake လုပ်မယ့်ကာလ၊ ပမာဏရွေးပြီးပြီဆို Agreement ကို နှိုပ်ပြီး Confirm လုပ်လို့ရပါပြီ။
၅။ Stake လုပ်တဲ့အခါ သတိပြုရမှာက သူက Savings လိုမျိုး ထုတ်ချင်တိုင်းပြန်ထုတ်လို့မရပါ။ Confirm နှိုပ်ပြီးမှ ပြန်ထုတ်ချင်တယ်ဆို အနည်းဆုံး ၄၈နာရီလောက် ပြန်စောင့်ရမယ်။ အတိုးက နေ့စဥ်ဝင်တယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့ရက်မပြည့်ဘဲ ပြန်ထုတ်ခဲ့ရင် ဝင်ထားသမျှအတိုးကို Stake လုပ်ထားတဲ့ တိုကင်ထဲက ပြန်နှိမ်သွားမှာပါ။ ဘဏ်တွေရဲ့ Fixed Deposit အကောင့်နဲ့ သဘောတူပါတယ်။ အဲ့တော့ Stake လုပ်မယ်ဆို သေချာပြီဆိုမှ လုပ်တာကောင်းပါတယ်။
၆။ ပြီးရင် ကိုယ် Stake လုပ်လိုက်တဲ့ တိုကင်ဟာ Spot ကနေ Earn Wallet ထဲကို ရောက်သွားတာ တွေ့ပါလိမ့်မယ်။ အချိန်မစေ့မီ ပြန်ထုတ်ချင်ရင်တော့ အဲ့ဒီပေါ်ကို နှိုပ်ပြီး Redeem Earlier ကို ရွေးရပါမယ်။
၇။ Staking နဲ့အတူ Defi Staking ဆိုတာလည်း ရှိပါသေးတယ်။ အပေါ်မှာ ပြောတဲ့ Staking က Binance က စီစဥ်တာဖြစ်လို့ စိတ်ချလက်ချထားနိုင်ပါတယ်။ Defi Staking ဆိုတာကတော့ BSC ပေါ်က တခြား Decentralized Project တွေထဲက ကောင်းနိုးရာရာ Staking အခွင့်အရေးတွေကို Binance က ပြပေးထားတာဖြစ်တယ်။ အတိုးနှုန်းပိုပြီးများပါတယ်။ ဒါပေမယ့် Project တွေ တစ်ခုခုဖြစ်သွားခဲ့ရင် Binance က တာဝန်မယူပါဆိုတဲ့ သတိပေးစာကိုလည်း တစ်ခါတည်းရေးထားပါတယ်။ အဲ့တော့ Risk နည်းနည်းယူပြီး Defi Staking လုပ်မလား၊ Binance ရဲ့ Staking မှာပဲ ထားမလား ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ရပါလိမ့်မယ်။
Binance မှာအကောင့်ဖွင့်ရန်
https://accounts.binance.com/en/register?ref=67336931
Binance မှာ အတိုးယူခြင်း (၁)
https://khitthit.net/archives/4913

Add a Comment

Your email address will not be published. Required fields are marked *