fbpx

Binance မှာ အတိုးယူခြင်း (၁)

Binance မှာ P2P ကဝယ်ပြီးဖြစ်စေ၊ တခြားတစ်နေရာကဖြစ်စေ၊ ခရစ်တိုတွေ ထည့် (Deposit) လုပ်ပြီးတဲအခါ ဘာဆက်လုပ်ရမလဲ။ USDT, BUSD ကို ဒီတိုင်းကိုင်ထားရင်လည်း ဒေါ်လာကိုင်ထားတာနဲ့ အလားတူပါပဲ။ အနည်းဆုံးတော့ ကျပ်ငွေလို နေ့စဥ်နဲ့အမျှ တန်ဖိုးမလျော့တော့ဘူးပေါ့။ (ပြီးခဲ့တဲ့တစ်ပတ်က ယူအက်စ်တစ်ဒေါ်လာကို ၁၈၀၀ကျပ်၊ ခုတော့ ၁၈၈၀ ကျော်နေပြီ။)
ဒါပေမယ့် အလကားဒီတိုင်းထားမယ့်အစား အတိုးနေ့စဥ်ရနေရင်ရော ပိုမကောင်းဘူးလား။ အဲ့လိုအတိုးယူဖို့အတွက်ဆို Binance Earn ကို သုံးရပါလိမ့်မယ်။ Binance Earn မှာ ကိုယ့်ရဲ့ ခရစ်တိုတွေကို တိုးပွားစေမယ့် နည်းလမ်းတွေအဖြစ် Saving, Staking, Defi Staking, Liquid Swap, Launch Pool, Dual Investment စသည်ဖြင့် မျိုးစုံရှိပါတယ်။ အဲ့ထဲကမှ အလွယ်ကူဆုံးနဲ့ Risk လုံးဝမရှိတာကတော့ Savings ပါ။
၁။ Binance Earn မှာ မိုဘိုင်းဗားရှင်းနဲ့ ဒက်စတော့ဗားရှင်း နည်းနည်းကွဲပြားတာလေးတွေ ရှိတယ်။ အများစုသုံးကြတာက ဖုန်းနဲ့ဆိုတော့ မိုဘိုင်းဗားရှင်းနဲ့ပဲ ပြလိုက်ပါတယ်။ Savings လုပ်ဖို့ အရင်ဆုံး ကိုယ့်ခရစ်တိုတွေက Spot Wallet ထဲမှာ ရှိနေရမှာပါ။ ပြီးရင်တော့ Binance Earn ဆိုတာကိုနှိုပ်လိုက်ပါ။
၂။ ရှေ့ဆုံးစာမျက်နှာမှာ လူသုံးအများဆုံး ပေါ်ပြူလာအဖြစ်ဆုံးကွိုင်တွေကို ပြထားပါတယ်။ ကိုယ် Savings လုပ်ချင်တဲ့ ကွိုင်ကို ရိုက်ထည့်ပြီးလည်းရှာနိုင်တယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက Savings လုပ်လေ့ရှိတဲ့ ကွိုင်တွေဟာ Stablecoins တွေဖြစ်တဲ့ USDT, BUSD တို့၊ PoW (Proof-of-Work) ကွိုင်တွေဖြစ်တဲ့ BTC, LTC, DOGE စသည်ဖြင့် အဓိကဖြစ်ပါတယ်။ PoS (Proof-of-Stake) ကွိုင်တွေ ကတော့ အတိုးနှုန်းပိုရတဲ့ Staking ကိုပဲ လုပ်လေ့ရှိကြပါတယ်။ (PoS နဲ့ PoW အကြောင်းကိုတော့ ဆရာအိမောင်ရဲ့ စာအုပ်မှာသာ ဖတ်ကြည့်ကြပါ ခင်ဗျာ။)
၃။ ကွိုင်ကို နာမည်ရိုက်မရှာဘဲ Savings သီးသန့်ကြည့်ချင်တယ်ဆိုလည်း အောက်ကိုဆွဲချပြီး Savings ဆိုတဲ့နေရာမှာ သွားကြည့်နိုင်ပါတယ်။
၄။ ပထမဆုံး Flexible Savings စာမျက်နှာကို တွေ့ပါလိမ့်မယ်။ ကျနော်ကတော့ BUSD ကို Savings လုပ်မှာမို့ BUSD ကိုရှာပြီး ရွေးလိုက်ပါတယ်။
၅။ အဲ့ဒီမှာ Estimated Annual Yield ဆိုတာ ဘဏ်တွေမှာ ဖော်ပြတဲ့အတိုးနှုန်းလို တစ်နှစ်စာ အတိုးနှုန်းဖြစ်ပါတယ်။ လက်ရှိမှာ ၀.၈၅%ဖြစ်ပါတယ်။ ညာဘက်ကပြထားတဲ့ %က မနေ့က အတိုးနှုန်းဖြစ်ပါတယ်။ Savings ထဲထည့်တဲ့ ကွိုင်တွေကို Binance က အသုံးလိုတဲ့လူတွေဆီ ဘဏ်တွေလိုပဲ ပြန်ချေးတာမို့ ချေးတဲ့လူများရင် အတိုးနှုန်းပိုရတဲ့စနစ်သုံးထားပါတယ်။ ဒါကြောင့် အတိုးနှုန်းတွေက တစ်နေ့နဲ့တစ်နေ့မတူပါ။ ပုံမှန်အားဖြင့်တော့ ၁% ပတ်ဝန်းကျင်ပဲဖြစ်ပါတယ်။ ဒါဟာ တော်တော်နည်းနဲ့နှုန်းမို့လို့ Savingsကို အလကားထားမယ့်အတူတူ ခဏထည့်တဲ့သဘောမျိုးပဲ သုံးကြတာများပါတယ်။
၆။ အောက်က Auto-Subscribe ဆိုတာကို ရွေးထားလိုက်ရင် Savings ကြောင့်နေ့စဥ်ရတဲ့အတိုးတွေကို Savingsထဲပဲ ပြန်ထည့်ပေးပါလိမ့်မယ်။ အတိုးကို နေ့စဥ် Spot Wallet ထဲမှာ မြင်ချင်ရင်တော့ အဲ့ဒါကို မရွေးပါနဲ့။
၇။ Savings မှာ Flexible အပြင် Locked Savings ဆိုတာလည်း ရှိပါသေးတယ်။ နှစ်ခုဘာကွာသလဲဆိုတော့ ဘဏ်တွေရဲ့ ငွေစုဘဏ်အပ်ငွေနဲ့ စာရင်းသေအပ်ငွေလိုပါပဲ။ Flexible က အတိုးနည်းတယ်၊ ကြိုက်တဲ့အချိန် ပြန်ထုတ်ပြန်သွင်းရတယ်၊ အချိန်စောင့်စရာမလိုပါ။ Locked ကတော့ Binance ကဖွင့်ပေးတဲ့အချိန်မှရတယ်၊ အတိုးနှုန်းပိုများတယ်၊ သူသတ်မှတ်ထားတဲ့ရက်မပြည့်ဘဲ ပြန်ထုတ်ရင် ၄၈နာရီလောက်စောင့်ရမယ့်အပြင် နေ့စဥ်ဝင်ထားတဲ့အတိုးတွေလည်း ပြန်ဆုံးပါမယ်။
၈။ ဥပမာကြည့်ရင် BUSD အတွက် Locked Savings တွေ တစ်ခုမှ မရပါ။ ပြည့်နေပါပြီ။ ရက် ၉၀အတွက်ဆို အတိုးနှုန်းက ၅.၁%ဆိုတော့ မဆိုးပါ။
၉။ Locked မရဘူးဆိုတော့ Flexible မှာဘဲ BUSD30 ထည့်လိုက်ပါတယ်။
၁၀။ ဒီနေ့စထည့်ရင် မနက်ဖြန်မှ အတိုးစတွက်မှာဖြစ်ပြီး သန်ဘက်ခါမှ ကိုယ့်ရဲ့ Spot Wallet ထဲကို အတိုးစဝင်ပါမယ်။
၁၁။ ပြီးရင်တော့ BUSD30 ဟာ Spot ထဲမှာ မရှိတော့ဘဲ Earn အပိုင်းကို ရောက်သွားတာတွေ့ပါလိမ့်မယ်။ ပြန်ထုတ်ချင်ပြီဆိုရင်တော့ အဲ့ပေါ်ကို နှိုပ်၊ Redeem ဆိုပြီး ပြန်ထုတ်ရမှာဖြစ်ပါတယ်။
Savings ဆိုတာ Trade မလုပ်ချင်ဘူး၊ Wallet ထဲပဲ USDT, BUSD သိမ်းထားချင်တာ ဆိုသူတွေအတွက်၊ ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက်ကွိုင်၊ ကိုယ့်စိတ်ကြိုက်ဈေးမတွေ့သေးလို့ Stablecoin ကိုင်ပြီးစောင့်ချင်သူတွေအတွက် အသုံးတည့်ပါလိမ့်မယ်။
Binance Account ဖွင့်ရန် အောက်ပါ Link မှတဆင့် Register လုပ်နိုင်ပါတယ်။ (အကောင့်ဖွင့်သူအတွက် Kickback Discount 10%၊ Referrer ကျနော်အတွက် ကော်မရှင် 10%၊ ပေးထားတဲ့ Link ဖြစ်ပါတယ်။)
https://accounts.binance.com/en/register?ref=67336931

Add a Comment

Your email address will not be published. Required fields are marked *