Binance Exchange (သို့) ဒစ်ဂျစ်တယ်ငွေကြေးအိတ်ချိန်း

Binance (ဘိုင်းနန့်စ်) ဆိုတာ လွယ်လွယ်ပြောရရင် Cryptocurrency လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးများ ရောင်း၀ယ်ဖောက်ကားသိမ်းဆည်းထားနိုင်တဲ့ အိတ်ချိန်းတစ်ခုဖြစ်ပါတယ်။ သူနဲ့ အလားတူ အိတ်ချိန်းတွေ အများကြီးရှိပေမယ့် လက်ရှိမှာ မြန်မာနိုင်ငံအတွက် အဆင်အပြေဆုံးဟာ Binance ဖြစ်နေတဲ့အတွက် သူ့ကို ညွှန်းရခြင်းဖြစ်ပါတယ်။ ပြီးတော့ အိတ်ချိန်းအားလုံးထဲမှာ ငွေကြေးလည်ပတ်မှုပမာဏအများဆုံးနဲ့ ဦးဆောင်နေတာဖြစ်တဲ့အတွက် စိတ်အချရဆုံးလို့လည်း ပြောလို့ရတယ်။
Binance ကို အသုံးပြုဖို့အတွက်ဆို ပထမဆုံး Email Address (သို့) မြန်မာဖုန်းနံပါတ်တို့နဲ့ Register လုပ်ရပါမယ်။ Register လုပ်ဖို့ အောက်က Link ကနေတဆင့်လုပ်နိုင်ပါတယ်။
https://accounts.binance.com/en/register?ref=67336931
ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း Verification သုံးဆင့်ထဲက Basic နဲ့ Intermediate ကို အောင်မြင်အောင် လုပ်ရပါမယ်။ Basic Verification ဟာ အခြေခံအချက်အလက်လေးတွေကိုပဲ ဖြည့်ရမှာပါ။ နာမည်အမှန်ကို ဖြည့်ဖို့တော့ အရေးကြီးပါတယ်။
Basic Verification အောင်သွားတာနဲ့ အိတ်ချိန်းကို စသုံးလို့ရပြီဆိုပေမယ့် အကန့်အသတ်တွေရှိပါတယ်။ ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ Mobile Banking အသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေကြေးပြောင်းလဲဖို့ဟာ Intermediate Verification အောင်မှ ရပါလိမ့်မယ်။
Intermediate Verification ကို KYC Verification လို့လည်း ခေါ်ပါတယ်။ Know Your Customer လို့အဓိပ္ပါယ်ရတယ်။ ဘဏ္ဍာရေးလုပ်ငန်းတိုင်းဟာ အလိမ်အညာ အတုအယောင်တွေကနေ ကာကွယ်ဖို့ အသုံးပြုသူရဲ့ Identity ကိုယ်ရေးအချက်အလက်တွေကို မှန်မှန်ကန်ကန် သိဖို့အရေးကြီးတယ်။ Binance ဟာလည်း လူလိမ်တွေရန်က ကာကွယ်ဖို့ ဒီအဆင့်ကို ထည့်ထားရခြင်း ဖြစ်ပါတယ်။
KYC Verification အောင်ဖို့ အရင်ကတော့ သက်တမ်းရှိတဲ့ ပတ်စပို့လိုပါတယ်။ Basic မှာ ပေးခဲ့တဲ့ နာမည်နဲ့ ပတ်စပို့ကနာမည် တူရမယ်။ ခုတော့ Binance က ကားမောင်းလိုင်စင်နဲ့ပါရအောင် စီစဥ်ထားပေးတယ်။ မှတ်ပုံတင်နဲ့တော့ မရသေးပါဘူး။ ပြီးတော့ မိမိမျက်နှာကို ဗီဒီယိုရိုက်ပြရတဲ့ အဆင့်တစ်ခုလည်းပါပါတယ်။
အဲ့အဆင့်တွေကို အောင်မြင်သွားပြီဆိုရင်တော့ Binance မှာ လွတ်လွတ်လပ်လပ် ရောင်း၀ယ်ဖောက်ကား အသုံးပြုနိုင်သွားပြီ ဖြစ်ပါတယ်။ Mobile Banking ကနေ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ပြောင်းလဲဖို့လည်း P2P (Peer to Peer) (အသုံးပြုသူအချင်းချင်းရောင်းဝယ်သောဈေးကွက်) မှာ စိတ်ကြိုက်ရောင်းဝယ်လို့ ရသွားပါပြီ။
Binance Account ဖွင့်ရန်အတွက် အောက်ပါ Link ကို အသုံးပြုနိုင်ပါတယ်။
https://accounts.binance.com/en/register?ref=67336931

Add a Comment

Your email address will not be published. Required fields are marked *