ယာဥ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးဓားဖြင့် အထိုးခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာစျေးသစ်ရှေ့တွင် ယနေ့ သြဂုတ်လ ၁၃ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ၄၀မိနစ်ခန့်က ယာဥ်လမ်းကြောင်းရှင်းလင်းရေး ပြုလုပ်နေတဲ့ ဒုတပ်ကြပ် ယာဉ်ထိန်းရဲတစ်ဦး ဓားဖြင့် ၅ ချက် ထိုးခံရမှု ဖြစ်ပွားခဲ့ပါတယ်။
“အမည်မသိလူတစ်ဦးက သီရီမင်္ဂလာဈေးသစ်မှာ ဒုတပ်ကြပ်ယာဥ်ထိန်းတစ်ဦးကို ဓားနဲ့ ၅ချက်ထိုးခံရပါတယ်။ သေမလား၊ ရှင်မလား မသိရသေးပေမယ့် ရသွားတဲ့ဒဏ်ရာနဲ့ ထွက်နေတဲ့ သွေးက အရမ်းများပါတယ်”ဟု မျက်မြင်တွေ့ရသူတစ်ယောက်က ပြောပါတယ်။
အဆိုပါဓါးထိုးခံရသည့် ယာဥ်ထိန်းတပ်ဖွဲ့ဝင်အား ဆေးရုံသို့ ပို့ဆောင်ထားပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်နေကြောင်း သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *