စစ်ကောင်စီက ကိုဗစ်ကို လူသတ်လက်နက်အဖြစ် အသုံးပြုခဲ့တာမျိုးလား

စစ်ကောင်စီက ကိုဗစ်ကို လူသတ်လက်နက်အဖြစ် အသုံးပြုခဲ့တာမျိုး မဟုတ်ပါဘူး။ အသုံးချခဲ့တာမျိုးတော့ ရှိပါတယ်။ အာဏာသိမ်းပြီးနောက်မှာ စစ်တပ်တွင်းမိသားစုတွေနဲ့ စစ်အသိုင်းအဝိုင်း သာမန်အရပ်သားတချို့ ကိုဗစ်ကာကွယ်ဆေး အားလုံးနီးပါး ထိုးခဲ့ကြတယ်။ ကာကွယ်ဆေးတွေကို ယုံပြီးတော့ ကိုဗစ်တတိယလှိုင်း ဖြစ်လဲ ကိုယ့်လူတွေ မဖြစ်ဘူးဆိုတဲ့ အောက်တန်းကျတဲ့ အယူအဆတွေနဲ့ ကိုဗစ်ကို ထည့်မတွက် ပရမ်းပတာ လွတ်ထားခဲ့တာအမှန်ပါ။ NLD အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ပြည်သူ + အစိုးရ + နိုင်ငံတကာတို့ ပူးပေါင်းပြင်ဆင်ခဲ့တဲ့ ကိုဗစ်ကာကွယ်ရေး၊ ကုသရေး၊ ကိုဗစ်ကာကွယ်ဆေးအစီအစဉ်တွေ အကုန်လုံးကိုဖျက်ဆီးလိုက်ခဲ့ကြတယ်။ ဒီလောက်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲကိုယ့်နိုင်ငံနဲ့ အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ် ဆိုးနေရက် ဘာပြင်ဆင်မူမှ မရှိခဲ့တဲ့အပြင်ကို NLD အစိုးရလက်ထက် ကိုဗစ်နဲ့ဆက်စပ်ပစ္စည်းတွေကို အိန္ဒိယကို မျက်နှာလို မျက်နှာရ ပေးပို့လှူဒါန်းခဲ့သေးတယ်။ ကိုဗစ်ကို စစ်တပ်က လူသတ်လက်နက်အဖြစ် အသုံးပြုတာမျိုး မဟုတ်ဘူးဆိုတာ လက်ရှိ တတိယလှိုင်းကိုဗစ်မှာ စစ်အသိုင်းအဝိုင်းတခုလုံး စစ်အုပ်ချုပ်ရေးယန္တရားတခုလုံး ကိုဗစ် ဖြစ်နေကြတာ အကြီးအကျယ်ပဲဆိုတာ သိနေရတဲ့အတွက်ပါ။ အောက်ဆီဂျင်စက်ရုံတွေ အပိုင်ဝင်စီးတာတွေ အရပ်သားတွေကို သွယ်ဝှိုက်ပြီး လူသေမူဖြစ်စေတာမျိုး တနည်း စောက်တလွဲအမိန့်တွေနဲ့ လူသတ်ခြင်းတမျိုးပဲဖြစ်တယ် စစ်အုပ်စုနဲ့ အပေါင်းအပါတချို့ အောက်ဆီဂျင်စက်ရုံတွေ ဆောက်ပြီး အောက်ဆီဂျင်လှူဒါန်းမယ်ဆိုတာတွေ တနည်း ကျေးဇူးရှင် အဖြစ်ခံချင်တာမျိုးတွေပါ။ ဒေသတချို့မှာ ညဖမ်းတယ် မနက်ဖန်အလောင်းပို့တယ် ကိုဗစ်ဆိုပြီး သဂြိုလ်ခိုင်းတယ် တချ့ိုဆို အလောင်းမရ မြို့ဝင်မြို့ထွက်မှာ ကိုဗစ်အကြောင်းပြပြီး လုံခြုံရေးယူတယ် မြို့ပြတွေနဲ့ တိုက်ပွဲဖြစ်တဲ့နယ်မြေတချို့မှာ ကိုဗစ်အကြောင်းပြ စစ်ရေးအမြင်တွေနဲ့ အုပ်ချုပ်စီမံခန့်ခွဲနေတာတွေအားလုံး ကိုဗစ်ကို စစ်ရေးအတွက် အသုံးချခဲ့တာမျိုးတွေ ဖြစ်တယ်။ ဒီနေ့ ဒီချိန်ထိလို ထိမ်းမနိုင် သိမ်းမရနဲ့ ဒီလောက်ထိ ခြေနေဆိုးဆိုး အောက်ဘရိတ်တွေ ဖြစ်လာနေတာ လုံလောက်တဲ့လူစွမ်းအားအရင်းအမြစ်နဲ့ အရည်အချင်း စစ်တပ်မှာ တရားဝင်မူ မရှိတဲ့အတွက်ပါ တိုင်းပြည်မှာလူထုက အုပ်ချုပ်မခံချင်ရင် ဘာမှ လုပ်လို့မရဘူးဆိုတာ အာဏာရူးတစုကတော့ အခုထိ သဘောပေါက်ခြင်း မရှိသေးဘူး။

နိုင်ငံတကာတွေတော့ လက်ရှိအခြေအနေတွေဟာ မြန်မာပြည်မှာ ကိုဗစ်နဲ့ သိန်းသန်းချီ သေဆုံးလိမ့်မယ်လို့ ခန့်မှန်းချက်တွေ ပေးနေကြပြီဖြစ်တယ်။ ဒါဟာလဲ အလွန်အကျူးတွေတော့ မဟုတ်နိုင်လောက်ပါဘူး။ သေချာတာကတော့ ဒီလူရဲ့ အာဏာရူးတာတွေကြောင့် ဒီထက်မက အခြေအနေဆိုးတွေ လာအုံးမယ်ဆိုတာသေချာပါတယ်။ နိုင်ငံတကာအကူအညီပဲဖြစ်ဖြစ် ပြည်သူက ပြည်သူကို ပြန်ကူညီစောင့်ရှောက်တာမျိုးတွေကပဲ ပြည်သူတွေကို ပြန်လည်ကယ်တင်နိုင်မယ်ဆိုတာပဲ တွေးနေမိတော့တယ်။

MKNN

Add a Comment

Your email address will not be published. Required fields are marked *