မိုးတွင်းတောထဲမှာ အတွေ့အကြုံမရှိတယ့် စစ်ဘေးရှောင်သူတွေ ကြုံလာနိုင်တယ့် သဘာဝ၏စိန်ခေါ်မှုများ

ပေ့နဲ့တော့ သိပ်မသက်ဆိုင်ပါဘူး။ဒါပေ့မယ့် စစ်ပွဲဆိုတယ့် ခေါင်းစဥ်အောက်က ထွက်လာတာမို့ observer (or) tacticalသမားတစ်ယောက်အနေနဲ့ရေးပေးသင့်တယ်ထင်လို့ရေးပေးတာပါ။စစ်လက်နက်နဲ့မဆိုင်တာရေးလို့blameချင်လည်းသဘောပါပဲ။
မိုးတွင်းရောက်လာပြီမို့ တောထဲက စစ်ဘေးရှောင်သူတွေအတွက်ပိုခက်ခဲတယ့် ရာသီရောက်လာပါပြီ။စစ်သားအရင့်မာကြီးတွေဖြစ်တယ့် EAOS နဲ့စစ်တပ်တောင်မှ ရာသီဥတုကြောင့်စစ်ချီတက်တာ တတ်နိုင်သလောက်နားပြီးတတ်နိုင်ဆုံးထိုးစစ်တွေရပ်လေ့ရှိပါတယ်။
ရာသီဥတုနဲ့အတူပါလာနိုင်တယ့် စိန်ခေါ်မှုတွေကတော့
(၁)သဲဝဲစားခြင်း
မိုးတွင်းမှာစစ်သည်တွေရဲ့ စိန်ခေါ်မှုတစ်ခုထဲကတစ်ခုပြောပါဆိုရင်
သဲဝဲစားခြင်း ဖြစ်ပါတယ်။ ကြာရှည်ရေနဲ့အရေပြားထိတွေ့ပြီး အရေသားပြားဟာ နူးပွလာပြီး သဲဝဲစားခြင်းဖြစ်လာပါတယ်။
အထူးသဖြင့် shoe၊combat boot တွေဝတ်တာတွေရှောင်ပါ။
ခြေညုပ်ဖိနပ်တွေဝတ်ပါ။မိုးတွင်းစစ်သားတွေစစ်ချီတက်ရင် သဲဝဲစားသက်သာအောင် ခြေညုပ်တရံထည့်ပြိးဆောင်လေ့ရှိပါတယ်။ခြင်းကြားထဲအလကားညှပ်ထားတာမဟုတ်ပါ။ အာ့အတွက်ဝဲဆေး၊ဗီတာဒိုင်း၊စကင်နယ်စတာတွေနဲ့ အချို့အတွေ့ကြုံရှိတယ့်သူတွေပြောတာကတော့ ဒညင်းသီးအခွံထောင်းလိမ်းရင်ရတယ်ပြောပါတယ်။
(၂) ငှက်ဖျားရောဂါ
မိုးတွင်းနဲ့အတူ ခြင်ကျားတွေပေါက်ပါတယ်။တောထဲဆိုပိုပြီးတော့တောင်ပေါက်ပါတယ်။ခြင်ကြောင့် ငှက်ဖျားရောဂါဖြစ်ပါစေတယ်။ငှက်ဖျားမိဖူးတယ့်အချို့သူတွေ နဲ့ စစ်ဆေးအချို့ပြောတာကတော့ ငှက်ဖျားဆေး ကွီနိုင်းတောင်မှမနိုင်ဘူးလို့ပြောပါတယ်။ နဂိုအခံရှိဖူးတယ့်သူတွေ
တောင်လူးလှိမ့်နေအောင်ခံရပြီး ကိုယ်ခံအားကောင်းမှ ပြန်သက်သာပါတယ်။အာတီဆူနိတ်ဆိုတယ့်
ထိုးဆေးနဲ့မှအဆင်ပြေတယ်ပြောပါတယ်။ ဒါ့ကြောင့်အဝတ်လက်ရှည်တွေနဲ့ ဆေးစိမ်ခြင်ထောင်တွေ၊ ခြင်မကိုက်တယ့် လိမ်းဆေးတွေလိုအပ်ပါတယ်။
(၃)ငှက်ဖျားနဲ့အတူနောက်တမျိုးပါလာပါတယ်။သွေးလွန်တုတ်ကွေးပါ။သွေးလွန်တုတ်ကွေးဟာကူးစက်ရောဂါဖြစ်တာမို့ သတိထားစေလိုပါတယ်။ အဓိကကတော့ ခြင်အကိုက်မခံရအောင်နေရမယ်။ ရေဝပ်နေရာတွေမှာတဲထိုးတာတွေရှောင်ပါ။
(၄)ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တတ်ပါတယ်။ ရေကိုကျိုချက်သောက်ပါ။​ အိမ်တွင်းပစ္စည်းနဲ့ ဆေးပြားမလိုပဲ
ရေသန့်စင်နည်းတွေyoutubeမှာရှိတယ် ။ကျင်းအဖုံးပါတယ့် အိမ်သာကိုစုပေါင်းဆောက်ပါ။ ဓာတ်ဆားထုတ်တွေလိုပါတယ်။
ဒါ့အပြင်ထိခိုက်ဒဏ်ရာရတယ့်အခါကုသဖို့အတွက် medic kitတွေလိုအပ်ပါတယ်။ ပြီးတော့ MREလို အလွယ်တကူနဲ့စားလို့ရပြီးအဟာရပြည့်ကာအထားခံတယ့်အစားအစာတွေလိုအပ်ပါတယ်။
(၅) တောတွင်းမှာ အင်းဆက်၊ကျွတ်၊မျှော့ စတာတွေနဲ့ မြွေပေါပါတယ်။လည်ရှည်ဖိနပ်လိုပါတယ်။ စျေးမှာတရံမှ၂၆၀၀ပဲဲရှိပါတယ်။
စားရေးသောက်ရေးဟာအရေးကြီးသလို ကျန်းမာရေးကအရေးကြီးပါတယ်။တကယ်ဖျားနာတယ့်အခါ ဆေးဝါးနဲ့ကုသတယ့်ဆရာဝန်ဟာမရှိပါဘူး။
တော်လှန်ရေးခေတ်မှာလည်း မဟာမိတ်တွေဟာ မြေကစေးကပ်ကပ်နဲ့ မြန်မာပြည်ရဲ့မိုးတွင်းကို တကယ့်ငရဲလို့သတ်မှတ်ထားဖူးတယ်။
ပြီးတော့ WW2မှာ အမေရိကန်နဲ့ဂျပန်တိုက်တော့ ဒေါင်ဒေါင်မြည်ပါတယ်ဆိုတယ့်အမေရိကန်မရင်းတွေဟာ အိုင်အိုဂျီးမားလိုကျွန်းပေါ်က မိုးတွင်းရာသီဥတုအောက်မှာငှက်ဖျား၊သွေးလွန်တုတ်ကွေး၊ဝမ်းရောဂါတွေဖြစ်ပြီး အတုံးအရုံးသေကုန်တယ်။ အာ့တာကြောင့်မလို့တောတွင်းခိုနေရမယ့်
စစ်ဘေးရှောင်တွေကြိုတင်ပြင်ဆင်ထားစေလိုပါတယ်။
ဒါတွေကတော့ကျနော်သိသလောက်ရေးပေးတာပါ။

Add a Comment

Your email address will not be published. Required fields are marked *