သူတို့ပြောစကားတွေ

ငါတို့ မင်းတို့ပြောတဲ့ ဒီမိုကရေစီအတိုင်း ငါတို့ စိတ်နဲ့လုပ်ပိုင်ခွင့်ရှိပါတယ်။ တပ်ထဲကိုဝင်ပြီဆိုထဲက တိုင်းပြည်အတွက် အသက်ပေးပြီးသား…ခုလို ဗိုလ်မှူး နေရာရဖို့ ဘယ်လောက်ကြိုးစားခဲ့ကြသလဲ သိသလား? … တပ်ထဲမှာ တိုင်းမှူး နေရာလိုချင်သူတွေ အများကြီး သေသွားတဲ့ တိုင်းမှူးတွေလည်းအများကြီး တိုင်းမှူးတွေက လုပ်ပိုင်ခွင့်အပြည့်ရှိတယ်။ တစ်ယောက်မကောင်း တစ်ယောက်ပြောင်းပဲ အထက်ကခိုင်းတဲ့ အတိုင်းမလုပ်ရင် နေရာရလာမှာမဟုတ်ဘူး။ စစ်သားဆိုတာ ဒီတောင်ကုန်းကို တစ်နာရီနဲ့ အရတိုက်လို့ခိုင်းလာရင် သေသေမသေသေ ရအောင်လုပ်ရတာပဲ။ ငါတို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ အမှန် ငါတို့လို အဆင့်အတန်းနဲ့ မင်းတို့ကို ခုပုံစံ စကားပြောစရာတောင် မရှိဘူး သိထား။ ခုလိုစကားပြောဆိုတယ်ဆိုတာ တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်ဆွေးနွေးချင်တဲ့သဘောလောက်ပါပဲ။ အောက် ကွန့်မန့်တွေရေးတဲ့ ဆဲတဲ့သူတွေ ကိုယ့်အဆင့်အတန်းကိုသိပါ။ ငါတို့ကလည်း ဆဲချင်ဆဲမယ် ဒါပေမဲ့မရိုင်းဘူး။ host ထောင်ထားတဲ့ ထဲကနေ တစ်ယောက်ဖြုတ်ချလိုက်ပါတယ်။ သူ့ကိုဖြုတ်ချရမလားဆိုပြီး ဟောင့် ငါကမင်းထက်ရာထူးကြီးတယ် မင်းဘာလို့ဖြုတ်ချတာလဲ ခုပြန်တင်ဆိုပြီး မန့်မှာကြမ်းနေပါရော အောက်မှာ အဆဲမျိုးစုံနဲ့ မန့်တွေအများကြီးပဲ။ ဝင်မေးတဲ့သူ နှစ်ယောက်ပဲ ထားပြီး ဗိုလ် လေးယောက်က ဝိုင်းဖြေကြတယ်။ ဝိုင်းသမနေတာပေါ့။ ဆန္ဒပြတယ် ဆန္ဒပြရအောင် နိုင်ငံရေးဘယ်လောက်အထိ နားလည်လို့ ဆန္ဒပြရတာလဲ လူတိုင်းမှာ ကိုယ်ပိုင် အခွင့်အရေး ဆန္ဒပြခွင့်ရှိတယ် ကိုယ့်အိမ်ရှေ့မှာပဲပြလေ။ ဘာလို့ သူများရပ်ကွက်တွေသွားပြနေလဲ? နိုင်ငံရေးအကြောင်းမသိပဲနဲ့ လော်ဘီတွေမြောက်ပေးတိုင်း လိုက်လုပ်သူကတွေကများနေတယ်။ ငါတာဝန်ယူခဲ့တာ ကျည်းအစစ်နဲ့ အသုံးနည်းပါတယ် အများဆုံး ရာဘာကျည်းနဲ့ပဲခိုင်းခဲ့တယ်။ ဆန္ဒပြသူတွေကလည်တယ် ဒီမှာပြပြီး ထွက်ပြေးတယ် သူ့ရပ်ကွက်လည်းမဟုတ် လိုက်ပစ်တော့ ဘေးပတ်ဝန်းကျင်တွေ ကျည်းမှန်ရော သူများမြောက်ပေးလို့ လိုက်လုပ်နေတဲ့ဟာတွေ ကိုယ့်ကိုကျ ဘာမှမသိပဲနဲ့ နောက်ပြီး CDM တွေအတွက် ထောက်ပံ့ဖို့ဆိုပြီး အလှူခံတာတွေရှိပါတယ်။ တကယ် သူတို့ဆီရောက်သွားရင် ဝမ်းသာပါတယ်။ မရောက်ပဲ လူလိမ်တွေကလည်းအများကြီး… ငါတို့လည်း CDM ဝင်ချင်တာပေါ့ မဖြစ်နိုင်လို့ မဝင်တာ ဒီအခြေအနေရောက် ဘယ်လောက်ကြိုးစားခဲ့ရလဲ သိလား အများကြီးပဲ။ အလှူငွေကောက်ခံပြီး လိမ်သွားတဲ့ကောင် ငါတို့ မှတ်တမ်းတင်ထားတယ် ပြီးတော့ နာမည်ကြီးမှုကို အခွင့်ရေးယူပြီး မိန်းကလေးတွေကို ဖျက်ဆီးနေတာတွေ ငါတို့မှာသက်သေရှိတယ်။ ငါတို့ အရေးယူသွားမှာပါ။ ငါပြမယ်ဆိုပြီး ဖုန်းထုတ်ပြလိုက်တာ ဖုန်းက မှန်ကွဲနေတော့ အောက်မှာ နှစ်သောင်းတန်ဖုန်းလို့ တစ်ယောက်က မန့်လိုက်တော့ ဗိုလ်မှူး ပေါက်ကွဲပြီး သူပိုင်ဆိုင်တာ ပြပါလေရော သူ့အိမ်မှာ အဲယာကွန်းတောင် သုံးလုံးတပ်ထားတယ်။ iphone တွေထုတ်ပြတယ် အကောင်းစားအရက်တွေပြတယ် အကောင်းစား brand တွေအများကြီးထုတ်ပြပြီး သူ့အဆင့်အတန်းရှိကြောင်းချပြလိုက်တယ်။ သူ့လစာကအဲလောက်ပဲဝင်သလားပေါ့ ကျွန်တော်တွေးမိလိုက်တယ်…ဟာသအမြင်ဖြင့်…အပေါ်ကပြောတာတွေဟာ ကျွန်တော်ရဲ့ ကွန့်မန့်တစ်ခုမှမပါပါ။ ဘင်္ဂလားဒေ့ရှ်က မြန်မာကိုသိမ်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာတွေသိပါသလားတဲ့။ အခုသေတာ လူထောင်ကျော်ပဲ ရှိပါသေးတယ်။ ပြည်တွင်းစစ်ဖြစ်ခဲ့လျှင် လူသန်းပေါင်းများစွာ သေကြမှာရော သိကြလားတဲ့၊ သူတို့ဟာ DSA တတ်ထားတာ လက်နက်မျိုးစုံကိုင်တွယ်နည်း စိတ်ပညာ အုပ်ချုပ်နည်းအများကြီး သင်ထားပြီးသားပါတဲ့။ လူတိုင်းမှာ ကိုယ့်အိမ်မက်နဲ့ကိုယ်ရှိပါတယ်တဲ့ သူတို့ ဒီအထဲဝင်လာတာလည်း ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ်ပါဆိုပြီးပြောပါတယ်။ ဗိုလ်မှူးတွေပြောခဲ့သည့် စကားလုံးတွေသာဖြစ်ပါသည်။ ယခုကျွန်တော် ပြောချင်တာက သူတို့ဟာ ဆိုရှယ်တွေသုံးပြီး သုံးစွဲသူတွေကို ဆိုက်ဝါးတွေ အတွေးဝေဝါးအောင်လုပ်ဆောင်နေပါပြီ။ မေးပါသူတို့ကဖြေမယ်ပေါ့ ဖြစ်စဉ်ကိုမေးနိုင်တဲ့သူတွေကို မှတ်သားထားမယ် မေးနိုင်သူကနည်းတော့ သူတို့ ထည့်ချင်တဲ့ ပုံစံကို အရထည့်ပြီးပြောဆိုပါတယ်။ မမေးပဲ ဆဲဆိုနေသူတွေကို ရိုင်းတယ်၊ နီပိန်းတွေ အဆင့်အတန်းမရှိဘူး… ခု PDF တွေ သူတို့က ကိုလိုနီဆန်ပါတယ်တဲ့ ဒီမိုကရေစီလုံးဝမဟုတ်ပါတဲ့၊ သူတို့လိုချင်တာကို သူတို့ အတင်းလုပ်နေတာပါတဲ့။ သူတို့ဟာ နိုင်ငံတကာအသိအမှတ်ပြု တရားဝင်စစ်တပ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ပြောချင်တဲ့ စကားလုံးတွေတော့ မိမိကိုယ်တိုင်သား ပြောလိုက်ပေတော့။ ကျွန်တော် နားထောင်လာသည့် အရာများသာဖြစ်သည်။ ကျွန်တော်ရဲ့မှတ်ချက်နှင့် ပြောစကားများတစ်ခုမှမပါဝင်ပါ။

Add a Comment

Your email address will not be published. Required fields are marked *