fbpx

ဗိုလ်တွေနဲ့ စကားပြောဆိုခဲ့ခြင်း

ဒီည bigo မှာ ဗိုလ်တွေနဲ့ စကားပြောတယ် ကျွန်တော်မဝင်ခင် ဆဲလိုက်တာမှ အမေ့သားသမီးတွေ လီးပဲ စောင့်အဆင့်မရှိဘူး ဒီအိုကြီးအိုမပဲ ပြောနေကြတာဆိုပြီး သောင်းကြမ်းနေပါတယ်။ ဒါနဲ့ ကျွန်တော်ဝင်ဆွေးနွေးတော့တာပဲ။ ငါမဆဲဘူး တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးကြတာပေါ့ဆိုပြီး။ အတွေးဖလှယ်မယ်ကွာလို့ အခုအချိန် မင်းတို့စိတ်ထဲဘယ်လိုခံစားနေရလဲ? ဖြေ – ဘာမှမဖြစ်ပါဘူး အရင်အတိုင်းပါတဲ့။ ပြည်သူတွေက မင်းတို့အပေါ်ဘယ်လိုမြင်နိုင်မလဲလို့မေးကြည့်လိုက်တယ်။ ပြည်သူဆိုတာ ကျွန်တော်တို့လည်းပြည်သူတွေပါတဲ့ အချို့သော ပြည်သူတွေကသာ သူတို့ကို ရန်လုပ်ချင်နေတာလို့ပြောပါတယ်။ ဟုတ်ပြီ မင်းတို့က စစ်သားတွေလေ ပြည်သူမဟုတ်ဘူး ပြည်သူဆိုတာ ရဲမဟုတ်၊ စစ်သားမဟုတ်၊ ဝန်ထမ်းမဟုတ်ဘူး ကိုယ့်ကိုရပ်တည်သူတွေကိုပြောတာဆိုတော့ NLD ထောက်ခံသူ နည်းနည်းလေးပဲရှိပါတယ်တဲ့ သူတို့က အာဏာသိမ်းတာမဟုတ်ဘူး အာဏာထိန်းတာပါလို့ပြောလာတယ်။ ပြည်သူတွေကို အကြောင်းမဲ့သက်သက်မသတ်သလို့ အကြောင်းမရှိပဲ ဝင်ရောက်ဒုက္ခပေးတာမျိုးမလုပ်ဘူးဆိုပြီးပြောပါသေးတယ်။ ဟုတ်ပြီအဲတာဆို ဒီနေ့ လွိုင်ကော်မှာဖြစ်သွားတဲ့ ပြည်သူ ၂၀လောက် သေတာကို ဘယ်လိုပြောမလဲလို့မေးလိုက်တယ်။ ဒါကတော့ သူတို့လွန်းလာရင် ပြန်ပြီး လုပ်ရမှာပဲလို့ပြောလာတယ်။ ဟုတ်ပြီး လက်နက်ကြီးတွေနဲ့ပစ်တာကရောဆိုတော့ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့။ တရားအောင်တော့လုပ်ရမယ် ရဲစခန်းတွေ တိုက်ခိုက်ခဲ့တာကြဘာလို့ ဝမ်းသာနေကြတာလဲတဲ့။ ဘယ်လိုပြောရမှာလဲ? … မသိသေးဘူးတဲ့ မနက်ဖြန် စုံစမ်းလေ့လာကြည့်အုံးမယ်ပြောတယ်။ သတင်း… mizzima, dvb, khitthit media, myanmar now, ဧရာဝတီ တွေကိုမယုံနဲ့တဲ့ သူတို့က သတင်း အလိမ်တွေ တင်ပေးနေတာ LoL! MWD, MRTV ကအမှန်ပေါ့။ ဟုတ်ပါပြီ NLD ပါတီကိုပဲမဲနေတော့ ထားပါ NLD လည်းမရှိတော့ဘူး ဒေါ်စုလည်းမရှိတော့ဘူးဆိုရင်ဘာတွေဖြစ်လာနိုင်မလဲ? သူ့ပါတီပဲမွေနေတာ ပါတီဆိုတာလည်း အမြဲမခိုင်ပါဘူး။ ခဏပါပဲ အိန္ဒိယကိုကြည့်ပါတဲ့။ ဟုတ်ပါပြီ ဒေါ်စုလည်းထားလိုက် NLD လည်းထားလိုက် အဲတာတွေမရှိတော့ပဲ အခု Gen Z တွေကြတော့ရော သူတို့တွေက ပွင့်လင်းမြင်သာလာပြီ ဆက်လက်နေမှာပဲဆိုတော့ မဖြေနိုင်တော့ဘူး။ ဒါတောင် PDF မပြောသေးပါ။ သူတို့မဖြေနိုင်ခဲ့ပါ။ နောက်တစ်ယောက်ဝင်လာတယ် စစ်ထွက်တစ်ယောက် ဘာကြောင့်ဝင်လာသလဲဆိုရင် တိုင်းရင်းသားတွေကို ဦးသန်းရွှေလက်ထပ်မှာ ဘယ်လိုတွေလုပ်ခဲ့သလဲ? ငါက တိုင်းရင်းသားတွေနဲ့ အကြာကြီးနေဖူးလို့ သူတို့အကြောင်းတွေ ရင်ဖွင့်သံတွေ အားလုံးကြားသိခဲ့တယ် မင်းတို့မဟုတ်ဘူး မင်းတို့ နောင်တော်တွေလုပ်ခဲ့တာ ရွာကိုမီးရှို့ အမျိုးသမီးတွေကို လိင်ဆက်ဆံ ပြီးရင် သတ်ခဲ့တာတွေ ဘယ်လိုပြောချင်လဲ? အဖြေမရခဲ့ပါဘူး။ ဟုတ်ပြီ ၃၅ကျပ်တန်၊ ၇၅ ကျပ်တန်တွေ ပျက်သွားတာဘယ်သူ့လက်ထပ်လဲ? ဦးမောင်မောင်တဲ့ အမှန်က ဦးစိန်လွင်လက်ထပ်ပါ။ စစ်အာဏာသိမ်းတာဘယ်အချိန်လဲ? ၁၉၈၈ တဲ့ အမှန်က ၁၉၉၀ မှာပါ။ အဲတာနဲ့ ဝ အကြောင်းရောက်သွားတယ် ဝ တွေက မြန်မာပြည်က လက်နက်ကိုင်တွေကို လက်နက်ရောင်းပေးတယ်ပြောလိုက်တယ် …..အဲစစ်တပ်ကပါရောင်းပေးတယ်ဆိုပြီးထွက်လာပါရော။ ဘယ်ကနေရောင်းပေးလဲ? မင်္ဂလာဒုံကအစရောင်းပေးပါတယ်တဲ့။ NLD လက်ထက်မှာ စီးပွားရေးမကောင်းခဲ့ဘူး ဘာလို့လဲဆိုတော့ စီးပွားထိန်းချုပ်မှုနောက်မှာ တပ်ကဟာတွေ ထိန်းထားတယ်… ဦးပိုင်ဆိုလာပဲ ဥပမာ boycott လုပ်တယ် မြန်မာဘီယာ၊ စားသောက်ကုန်၊ လူသုံးကုန် အရက်ဘီယာ ဆေးလိပ်ကအစပေါ့ အားလုံးနောက်မှာ စစ်တပ်ရှိနေတယ်ဆိုတော့ NLD မရုန်းကန်နိင်ခဲ့ဘူးလို့ပြောတော့ ဘာပြန်ပြောရမှန်းမသိဖြစ်ခဲ့တယ်။ ထားပါ သတ္တုတွင်းတွေ ကျောက်တွင်းတွေ ရွှေတွင်းတွေကို စစ်တပ်က အထက်အရာရှိကို ဂါလိုက်ရင် လုံခြုံရေးအရ ရဲ့တပ်ဖွဲ့ပါချပေးတာကြတော့ရောဆိုတော့ သိတယ် လုပ်လည်းလုပ်ကြပါတယ်။ ဒါက အားနည်းချက်ပါ။ ဌာနဆိုင်ရာ အားလုံး လုပ်နေကြပါတယ်တဲ့။ ငါတို့က ဥပဒေဟာ အားလုံးအထက်မှာ စိုးမိုးတာကို လိုချင်တာ ဥပဒေအထက်မှာ ရှိနေရင် မင်းတို့ပြောတဲ့ ဒီမိုကရေစီဖြစ်အုံးမလားလို့မေးလိုက်တယ်။ ခုထိ အာဏာသိမ်းနဲ့ အာဏာထိန်း မသိသေးသူတွေ သမ္မတအိမ်တော်ကိုတော် ခွေးတပ်နှင်းခဲ့ပြီးပြီပဲလေ။ မပြောချင်ပဲပြောလိုက်တဲ့စကားတွေကြောင့် ဗိုလ်တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြပါတယ်။ ပြောခဲ့တာတွေ အများကြီးပါ အကြမ်းပဲ ပြန်ပြောပြလိုက်ပါတယ်။ သမာန် တပ်သားအဆင့်လောက်ကောင်တွေအတွက် ပြောစရာ စကားမရှိလို့ပါ။

Add a Comment

Your email address will not be published. Required fields are marked *