စစ်ကော်စီဘက်မှ လုပ်ဆောင်လာမည့်အနေထားများ

Gen Z တစ်ယောက်ကမေးတယ် ။ မင်းအောင်လှိုင်တို့အဖွဲ့ ရဲ့ခြေလှမ်းတွေကို ပြောပြပါလားဆရာတဲ့။ ကျွန်တော်တို့ သိထားတော့ ဘာဆက်လုပ်ရမလဲပြင်ဆင်နိုင်တာပေါ့တဲ့။ ဟုတ်ပါပြီငါ့တူတို့ရေ ၊စစ်အုပ်စုက
– ၂၀၂၁ တစ်နှစ်လုံး ငြိမ်ဝပ်ပိပြားရေးကိုအဓိကလုပ်မယ်၊ ဆန္ဒပြပွဲတွေ ဆန့်ကျင်ကန့်ကွက်မှုမှန်သမျှ ကို ရိုက်မယ် ဖမ်းမယ်သတ်မယ် ။နှိပ်စက်မယ်။ အခြေအနေတည်ငြိမ်အေးချမ်းပြီးပြည်သူလူထုကပျော်ရွှင်နေပါပြီ ဆိုတာ ကိုပြမယ်။ ကျောင်းတွေ၊ဘဏ်တွေ၊စျေးတွေအတင့်းပြန်ဖွင့်ခိုင်းမယ်။
– ၂၀၂၁ တစ်နှစ်လုံး ဒေါ်အောင်ဆန်းစုကြည်ကို ရုံးချိန်း ထုတ်လိုက် ၊သွင်းလိုက် ၊စစ်လိုက် အကြိမ်ကြိမ်လုပ်ရင်း အာဆီယံ၊ အီးယူ ၊ ယူအန် နဲ့အမေရိကန် ကို မျှော်လင့်ချက်တွေပေးမျက်လှည့်ပြမယ်။
– တပ်ထဲကရဲဘော်တွေနဲ့တပ်မိသားစုတွေ ကိုနွ ားလိုဆက်ခိုင်းလို့ရအောင် တပ်ဟာအမျိုး၊ဘာသာ ၊သာသနာကြီးကိုကာကွယ်နေတာပါ၊ဆူ ပူ မှု တွေဟာ NLD လူနည်းစုကြောင့်ဖြစ်နေတာဆိုပြီး မြဝတီနဲ့ MRTV ၊ ကြေးမုံ ၊မြန်မာ့အလိမ် သတင်းစာတွေကနေ အရှက်မရှိဆက်လိမ်မယ်။ ဘယ်သူယုံယုံမယုံယုံတပ်ထဲကငပိန်းတွေယုံရင်တော်ပြီ။
– စစ်ကောင်စီသက်တမ်းတစ်နှစ်ပြည့်မယ့် ၃၁.၁.၂၀၂၂ နေ့ကျတော့ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ခြေဥပုဒ်မ ၄၂၁(ခ)အရဆိုပြီး နိုင်ငံတော်အရေးပေါ်အခြေအနေကို နောက်ခြောက်လတိုးပြီး တပ်မတော် ကိုတာဝန်ပေးကြောင်းဆိုပြီး ဘယ်မှာသွားသေနေမှန်းမသိတဲ့ ယာယီသမ္မတ မြင့်ဆွေဆိုသူကကြေညာမယ်။ခြောက်လပြည့်တဲ့နေ့ ၃၁.၇.၂၀၂၂ နေ့ကျတော့ နောက်ခြောက်လသက်တမ်းတိုးပါကြောင်းဆိုလုပ်မယ်။
– ဒီအတောအတွင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ မဲသူခိုးဝိဇ္ဇာ သိန်းစိုး ဦးဆောင်တဲ့ စစ်ကောင်စီလက်ကိုင်တုတ် ရွေးကောက်ပွဲကော်မရှင်က NLD ကိုဖျက်သိမ်းပစ်ရမလားဆိုပြီးလေသံပစ်မယ်။စစ်ဘောမ ပါတီ တွေကိုခနခနခေါ်တွေ့မယ်။ ပြည်တွင်းပြည်ပက ဘယ်လိုတုန့်ပြန်မလဲဆိုတာ နားစွင့်မယ်။အဲဒါ သွေးတိုးစမ်းပစ်ခတ်မှု search fire လို့ခေါ်တယ်။စစ်တပ်ကလုပ်လေ့ရှိတဲ့အကွက်ပဲ။
– စစ်ကောင်စီရဲ့သက်တမ်းဟာ သူတို့ကိုင်စွဲထားတဲ့ခြေဥအရ အများဆုံး ၂ နှစ်ပဲရှိတယ်။ အဲဒိအတွင်း ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်ဇွတ်လုပ်မယ်။
– NLD ပါတီ ပါတီကိုဖျက်သိမ်းပြီးရင် ရွေးကောက်ပွဲကိုအရင် စနစ်အတိုင်းပဲလုပ်မယ်။ သူတို့ကြောက်တာNLDပဲ။NLDမပါရင် သူတို့ အစိုးရဖွဲ့နိုင်တဲ့အထိ ကလိမ်ကကျစ်လုပ်လို့ရတယ်ဆိုတာ ၂၀၁၀ ရွေးကောက်ပွဲကသက်သေပဲ။ပါတီမဖျက်သိမ်းဖြစ်ရင်လဲ ဒီဟန်ဆောင်ပန်ဆောင်ကလိမ်ခြုံရွေးကောက်ပွဲကို ဝင်မပြိုင်ပဲNLD ကသပိတ်မှောက်လိမ့်မယ်။သပိတ်မှောက်ရင်သူတို့ကပိုကြိုက်တယ်။
– ပြည်တွင်းပြည်ပဖိအားကြောင့် NLD ပါတီကို မဖျက်သိမ်းဖြစ်ခဲ့ဘူးဆိုရင် လာမယ့်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ သွားလိမ့်မယ်။ PR ဆိုတာကတော့ မဲမနိုင်လည်း ထောက်ခံမဲ အတော်အသင့်ရရင် လွှတ်တော်ထဲကို အချိုအချောင် အချိုးကျရာခိုင်နှုန်းနဲ့ဝင်ခွင့်ရတဲ့စနစ်ပဲ။ လွှတ်တော်ထဲမှာ စစ်အုပ်စုက ၂၅ ရာခိုင်နှုန်းရှိပြီးသား ၊ PRခွေးတိုးပေါက်ကနေ ၂၆ ရာခိုင်နှုန်းလောက် ရခဲ့ရင် (မရရအောင်လဲ သိန်းစိုးတို့အဖွဲ့ကကြိုတင်မဲတွေ၊တပ်မဲတွေ နဲ့လိမ်ဦးမှာ) ၂၅+၂၆ =၅၁ ရာခိုင်နှုန်း နဲ့ ပြည်ထောင်စုလွှတ်တော်မှာသမ္မတရွေးခွင့်ရမယ် ။
-အဲဒိမှာ အာဏာရူး မအလက ရွေးကောက်ခံသမ္မတဖြစ်ပါပြီဆိုပြီး ပလ္လင်ပေါ်ပြန်တက်မယ်။ ကြံဖွတ် အကြီးအကဲတစ်ယောက်ကို ဒုသမ္မတ ပေးမယ် ။ကြံ့ဖွတ်က တိုင်းရင်းသားတစ်ယောက်ကို ဒုသမ္မတ (၂) ပေးမယ်။ ဝန်ကြီးအဖွဲ့မှာ ကိုကိုကြီးတို့၊သက်သက်ခိုင်တို့၊ သိန်းညွန့်တို့၊ခင်မောင်ဆွေ တို့ လိုလူတွေကို ဒုဝန်ကြီးလောက်နေရာတွေပေးပြီးအရိုးကိုက်ခိုင်းထားလိုက်မယ်။
– ကမ္ဘာကို ပြည်သူလူထုမဲနဲ့တက်လာတဲ့ ရွေးကောက်ခံအရပ်သားအစိုးရတက်လာပါ တယ်ဆိုပြီး လိမ်ညာမယ်။ နောက်ငါးနှစ်တရားဝင် အုပ်ချုပ်မယ်။အဲဒိငါးနှစ်အတွင်း ဖွဲ့စည်းပုံဥပဒေကို ထပ်ပြင်ပြီး သူတို့ခံခဲ့ရတဲ့ပုဒ်မတွေကိုဖျက်မယ်။မဟုတ်ကဟုတ်ကတွေထပ်ထည့်မယ်။ NLD လုံးဝအမြစ်ပြုတ်အောင်ခြေမှုန်းမယ် ။ အမြဲတမ်းရွေးကောက်ပွဲလုပ်တိုင်း စစ်တပ် နဲ့ပုလင်းတူဗူးဆို့ ကြံဖွတ်ပဲနိုင်နေတဲ့စနစ်ကိုသွားမယ်။သားစဉ်မြေးဆက်အုပ်ချုပ်ပြီး စစ်ပဒေသရာဇ်စနစ်ကိုထူထောင်ရင်း တိုင်းပြည် ဘဏ္ဍာငွေတွေခိုးမယ်။
အဲဒါသူတို့ရဲ့ PLAN ပါပဲ GZ တို့ ။
ဘာဆက်လုပ်ရမလဲမင်းတို့ဘာသာဆုံးဖြတ်ပေါ့။
မင်းတို့ရဲ့
ချစ်စွာသော
Gen Lee ဦးဦး
သရဝဏ်-ပြည်

Add a Comment

Your email address will not be published. Required fields are marked *