စစ်တပ်နဲ့ NUG

အာဏာသိမ်းစစ်တပ်ဟာ အဖက်ဖက်က ကြိုတင်ကာကွယ်တားဆီးနေကြောင်းတွေ့မြင်နေရပါပြီ။ ကြည်း၊ရေ၊လေနှင့် ပြည်ထဲရေးကို အပိုင်ရထားသည့်အတွက် မြန်မာပြည်ကို အတွေ့ကြုံရှိရှိ ထိန်းချုပ်နိုင်အောင် ကြိုးစားမှုတစ်ခုပါပဲ။ ရှမ်းပြည်က SSA ကို ထိန်းချုပ်ဖို့ UWSA နဲ့ ပူးပေါင်းထားတာတွေ့ရတယ်။ SSA နဲ့ စစ်ဖြစ်လာရင် UWSA မင်းရှေ့ကသွားတိုက် ငါတို့နောက်ကလိုက်ခဲ့မယ်ဆိုတဲ့သဘောပါ။ နယ်မြေရခဲ့လျှင် မင်းယူဆိုပြီး ခွန်ဆာကို အနိုင်ရခဲ့သလိုမျိုး ပုံစံဖန်တီးနေတော့ ရှမ်းလက်နက်ကိုင်တွေ မလှုပ်နိုင်ဖြစ်ရပြန်ရော။ နောက်ထပ် PDF အဖွဲ့တွေ လက်နက်မရအောင် နယ်စပ်တိုင်းကို ပိတ်ဆို့ စစ်ဆေးမှုတွေလုပ် ကိုဗစ်ရောဂါအကြောင်းပြပြီး ပိုမိုတင်းကြပ်လာတာတွေ့ရပါတယ်။ လေကြောင်းလိုင်းတွေလည်းပိတ် နည်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။ မြန်မာပြည်ရဲ့ လက်နက်ကိုင်တွေ ထဲမှာ UWSA က စကားပုံလိုပြောရရင် မြွေမသေ တုတ်မကျိုး လုပ်နိုင်တာတွေ့ရပြန်တယ်။ မြန်မာပြည်တွင်းက လက်နက်ကိုင်တွေကို လက်နက်ရောင်းချပေးတယ်။ စစ်တပ်နဲ့လည်း အဆင်ပြေအောင်ပေါင်းပြန်တယ်။ အဓိက ကတော့ သူ့စီးပွားရေးကောင်းမွန်လာအောင် ကြိုးစားနေခြင်းပါပဲ။ အရက်၊ ဘီယာ စက်ရုံတွေ၊ ဆေးလိပ်စက်ရုံတွေနဲ့ လက်နက်အရောင်းအဝယ် မှောင်ခိုပစ္စည်း၊ လောင်းကစား စသည့်ဖြင့် ငွေဝင်လမ်းရှာနေသည့် UWSA ဟာ လုပ်စားတတ်တယ်လို့ပြောရပါမယ်။ NUG က UWSA ကို ထိန်းချုပ်နိုင်ဖို့ မလွယ်သေးပါဘူး။ KNU မှာလည်း အဖွဲ့ နှစ်ဖွဲ့ ကွဲနေတယ်လို့ ယူဆရပြန်တယ်။ မြန်မာ့နိုင်ငံရေးကို အမေရိကန်ကြေးစား စစ်မှုထမ်းတွေလည်း ပါဝင်လာတာတွေ့ရပြီး ကယားပြည်ဘက်မှာ NUG နဲ့ပူးပေါင်းနေပါတယ်။ သူတို့ကလည်း လက်နက်ရအောင်ရောင်းမယ်လို့ ထင်ရပြန်တယ်။ NUG ပြောတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဖြစ်လာမယ်ဆိုရင်တောင် လွယ်လွယ်နဲ့မရနိုင်သေးပါဘူး။ စစ်တပ်မှာလည်း မိတ်ဖက် လက်နက်ကိုင်တွေ ရှိနေပါသေးတယ်။

ဦးသာကြီး

Add a Comment

Your email address will not be published. Required fields are marked *