fbpx

ဒီးမော့ဆိုမြို့တွင် စစ်ရှောင်စခန်းအတွက် ရွာပြန်ပြီး ရိက္ခာသယ်သည့် လူငယ်နှစ်ဦးကို စစ်ကောင်စီ၏တပ်က ကြိုးတုပ်ပြီး ပစ်သတ်

ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ်ရှိ ငုပလော့ကျေးရွာတွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့ နံနက်ပိုင်းက စစ်ရှောင်စခန်းအတွက် ကျေးရွာပြန်၍ ရိက္ခာသယ်သည့် စစ်ရှောင်လူငယ်နှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က ငုပလော့ဆည်အနီး တွင် ကြိုးတုပ်၍ ပစ်သတ်လိုက်ကြောင်း သိရသည်။
“ဟုတ်တယ်။ စစ်ရှောင်လူငယ်လေး (၂)ဦးကို ဒီမနက် (၅)နာရီနဲ့ (၆)နာရီကြားမှာ စစ်ကောင်စီတပ်ကတွေ့ပြီး ငုပလော့ဆည်နားမှာ ကြိုးတုပ်ပြီး ပစ်သတ်လိုက်တယ်။ လူငယ်နှစ်ဦးက စစ်ရှောင်စခန်းမှာ ရိက္ခာကုန်လို့ လာပြန်ယူတာပေါ့။” ဟု ဒေသခံတစ်ဦးက အတည်ပြုပြောသည်။
ဒီးမော့ဆိုမြို့နယ် ၊ ငုပလော့ကျေးရွာသား စစ်ရှောင်လူငယ် (၂)ဦးမှာ ရိက္ခာကုန်၍ ရွာသို့ရိက္ခာပြန်ယူကြစဉ် စစ်ကောင်စီ၏တပ်နှင့်တွေ့ကာ ကြိုးတုပ် ပစ်သတ်ခံခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်တို့ကြား နေ့စဥ် တိုက်ပွားဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ (၇)သောင်းကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *