မူလတန်း၊ အလယ်တန်း မှာ ကျောင်းမတက်တဲ့ ကျောင်းသားတွေအတွက် ဘာနဲ့ အစားထိုးပညာရေး လုပ်ကြမလဲ
|
အခြေခံပညာ အထက်တန်းအဆင့်နဲ့ အဆင့်မြင့်ပညာရေးအတွက် အစားထိုး ပညာရေးတွေကို အများစုက အသည်းအသန်လုပ်နေကြပေမယ့် အခြေခံပညာ မူလတန်းနဲ့ အလယ်တန်းအတွက် အစားထိုးပညာရေးကို သိပ်အာရုံမလာကြပါဘူး။ အာရုံမလာကြ ဘူးဆိုတာထက် လုပ်နိုင်တဲ့ဘောင်က ကျဥ်းလွန်းတာဖြစ်ပြီး မိဘတွေအပေါ်ကို အများကြီး မူတည် နေတာပါ။ ကျွန်တော့်အနေနဲ့ ဒီမှာ မိဘတွေ လုပ်နိုင်ပေးနိုင်တဲ့ ကိစ္စတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။
1. English
English ကို supplementary education အနေနဲ့ ပေးတဲ့အခါ ကျောင်းသင်ရိုးကို မပေးပါနဲ့။ English နဲ့ပက်သက်တဲ့ သင်တန်းတွေ ရှိပါတယ်။ SCBI, AC, BC တွေက ကျွန်တော် recommend လုပ်တဲ့သင်တန်းတွေပါ။ AC, BC တွေကတော့ နောက်ပိုင်း English Supplementary Education အတွက် လုပ်လာနိုင်ဖွယ်ရှိပြီး သင်တန်းကြေးတွေပါ လျှော့ပေးလာနိုင်ပါတယ်။
2. Maths
အရေးကြီးပါတယ်။ အခုခေတ်မှာ သင်္ချာကို သေချာနားလည်ပြီး တတ်ဖို့ အရေးကြီးပါတယ်။ အခုခေတ်ကလေးတွေမှာ သင်္ချာကို ကျက်ပြီးဖြေတယ်ဆို ဘောင်ဝင်မှာ မဟုတ်ပါဘူး။

3. Computing
မူလတန်းအရွယ် ကလေးတွေဆို Computer နဲ့ ဂိမ်းပေးဆော့ပါ။ ကလေးတွေကို ကွန်ပျူတာနဲ့ နီးစပ်အောင်လုပ်ဖို့ အကောင်းဆုံးပါ။ ဂိမ်းဆော့တာ မကောင်းဘူးဆိုတဲ့အယူအဆကို စွန့်လွှတ်ဖို့လိုတယ်။
အလယ်တန်းဆင့်ဆိုရင်တော့ word, excel, powerpoint စသင်လို့ ရပါပြီ။ အခုခေတ်ကလေးတွေက နည်းပညာနဲ့နီးစပ်တယ်။ မလိုဘူး မထင်လိုက်ပါနဲ့။ လိုပါတယ်။
4. Art
အနုပညာနဲ့ ပက်သက်တာ တစ်ခုခု သင်ခိုင်းပါ။ ပန်းချီသင်တန်းပို့တာ၊ တူရိယာ တစ်ခုခု သင်တန်းပို့တာ၊ အက သင်တန်းပို့ပေးတာ စသဖြင့်။
5. Sport
အားကစား တစ်ခုခု လုပ်ခိုင်းပါ။ အများစု နီးစပ်ကြတာဆို ဘောလုံး၊ Basketball, Tennis, ကြက်တောင်၊ ရေကူး စတာတွေ ရှိပါတယ်။
6. Martial Arts
ကိုယ်ခံပညာဟာ အရေးကြီးတဲ့ ပညာရပ်တစ်ခုပါ။ အားကစားနဲ့ မရောစေချင်ဘူး။ သီးသန့်ပညာတစ်ခုအနေနဲ့ သင်ပါ။
7. Language
English မဟုတ်တဲ့ ဘာသာစကား တစ်ခုခုကို သင်ပေးပါ။ ဒါက မဖြစ်မနေလို့ ကျွန်တော် မပြောချင်ဘူး။ ကျွန်တော်ကိုယ်တိုင်က Language မှာအားနည်းတဲ့သူဆိုတော့ language အားနည်းတဲ့သူကို ကိုယ်ချင်းစာပါတယ်။ ကိုယ့်ကလေးက Language အားနည်းတဲ့သူဆို English တစ်ခုတည်းကိုပဲ သေချာသင်ပေးပါ။
8. Gardening
အပင်စိုက်ခိုင်းပါ။ အပင်တွေကို ရေဖြန်း၊ ပြုစုခိုင်းပါ။ အပင်တွေကို ချစ်တတ်အောင် သင်ပေးပါ။
————————————————————————
ပထဝီ၊ သိပ္ပံ စတာတွေကိုဆို သင်ရိုးကို ဖတ်ခိုင်းပါ။ မကျက်ခိုင်းပါနဲ့။ သမိုင်းကတော့ သင်ရိုးကို ဖတ်ခိုင်းတာထက် အပြင်မှာ စာအုပ်ဝယ်ပြီး ဖတ်ခိုင်းတာ၊ ကမ္ဘာ့သမိုင်းဆို youtube လိုမျိုးကနေ ကြည့်ခိုင်းတာမျိုးက ပိုကောင်းပါတယ်။ ၇တန်း၊ ၈တန်း သိပ္ပံမှာ သဘယဝပတ်ဝန်းကျင်နဲ့ ပက်သက်တာတွေ ရှိပါတယ်။ အဲ့ဒါတွေကို ဖတ်ခိုင်းပါ။
————————————————————————
ဒါတွေကတော့ ကျွန်တော် recommend လုပ်တာတွေပါ။ ကျေးလက် နဲ့ မြို့က ကွာဟချက်တွေ ကြီးတာကြောင့် ဒါတွေက မြို့ပြအတွက်ပဲ ဖြစ်နေပါလိမ့်မယ်။ ကျေးလက်ဘက်က သူတွေလည်း ဒါတွေကို တစ်ခုရရ၊ နှစ်ခုရရ လုပ်ကြပါ။
ကိုယ်ကျွမ်းကျင်တဲ့ဟာတွေ ရှိရင်လည်း ကျေးလက်ဘက်မှာသွားပြီး ပညာသင်ပေးဖို့ team တွေလုပ်ကြပါ။ CSO, NGO အဖွဲ့လေးတွေဖွဲ့ပြီး လုပ်ပေးကြပါ။ Funding တွေလိုအပ်တယ်ဆိုရင်လည်း ပြောပေးပါ။ ကျွန်တော်ဝိုင်းကူရေးပေး၊ ရှာပေးပါမယ်။
စာတတ်ဖို့ မလိုပါဘူး။ ပညာတတ်ဖို့လိုပါတယ်။ အခုခေတ်က မင်းဘာဘွဲ့ရလဲဆိုတာထက် ဘာလုပ်တတ်လဲ ဆိုတဲ့ခေတ်ပါ။ ကလေးတွေကို စာထက် ပညာ၊ life skill တွေ သင်ပေးကြပါ။
Zay Lin Mon