fbpx

အာဏာသိမ်းအကြမ်း စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်ရန် ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့၏ လျှို့ဝှက်ညွှန်ကြားစာ ထွက်ပေါ်

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေသည့် ပြည်သူများအား အသွင်ယူကာ သွေးကွဲအောင်ဖန်တီးပြီး စစ်တပ်နှင့်ရဲတို့ဖြင့် ချိတ်ဆက်၍ ဖမ်းဆီးရမိရေး၊ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ပျူစောထီးအဖွဲ့က ၎င်းတို့၏ အဖွဲ့ဝင်များအပေါ် ညွှန်ကြားစာအား ၂၀၂၁ခုနှစ် မေလ(၁၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ထားသည့်စာ ထွက်ပေါ်လာသည်ကို တွေ့ရသည်။
ညွှန်ကြားချက်တွင် ပျူစောထီးအဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် စစ်တပ်နှင့်ရဲတပ်ဖွဲ့များ၏ နောက်ကွယ်တွင် သတင်းအချက်အလက်များ ကူညီပေးရေး၊ စစ်အာဏာရှင်ကိုမထောက်ခံသည့် ပြည်သူများအကြား ပြည်သူအဖြစ် ဟန်ဆောင်အသွင်ယူကာ သတင်းအချက်အလက် ရယူရေး၊ မြို့နယ်တိုင်း လှုပ်ရှားရေး၊ CDM များကို လှည့်ဖျားပြီး အလုပ်ပြန်ဝင်နိုင်ရန် လုပ်ဆောင်ရေး၊ CDM Supporting များကို ခြေရာခံရေး စသည့်အကြောင်းအရာများ ညွှန်ကြားထားသည်ကိုတွေ့ရသည်။
ပြီးခဲ့သည့် ရက်များက ပျူစောထီးအဖွဲ့ အမည်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်သူများနှင့် NLD ပါတီဝင်များကို ခြိမ်းခြောက်သည့် စာရွက်များ အချို့မြို့နယ်များတွင် လိုက်လံကပ်ထားသည်ကိုလည်း တွေ့ရသည်။
စာမူရင်း

Add a Comment

Your email address will not be published. Required fields are marked *