ကာကွယ်ဆေးထိုးပြီး ၇ ရက်တွင် သေဆုံးသွားသော ကျန်းမာရေးဝန်ထမ်းအမှု အကြောင်းရင်းအမှန်စစ်ဆေးနေ


ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပြီး (၇) ရက်အတွင်း သေဆုံးသွားသောကျန်မာရေးဝန်ထမ်းအမှုနှင့်
ပတ်သက်ပြီး ကာကွယ်ဆေးဘေးထွက်ဆိုးကျိုးကြောင့်သေဆုံးခြင်းဟုတ်မဟုတ်အတည်ပြုနိုင်ရန်
ကျန်းမာရေးဝန်ကြီးဌာနမှ ပညာရှင်ကော်မတီထံပို့ဆောင်ပေးထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန
ဒု-အတွင်းဝန်ကဆိုသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး (၇) ရက်မြောက်နေ့တွင် ဖရာ့နန့်ကလောက်ဆေးရုံ၌ အသက်သေဆုံး
ခဲ့သောအမျိုသမီးတဦး၏အမှုနှင့်ပတ်သက်ပြီး ဖရာ့နန့်ကလောက်ဆေးရုံအုပ်ထံဆက်သွယ်မေးမြန်ရာ
တွင် သေဆုံးသူသည်ပြည်သူ့ကျန်းမာရေးစီမံအုပ်ချုပ်ရေးဌာနမှဖြစ်ကြောင်း၊ နှလုံးအားနည်းရောဂါဖြင့်
ဆေးရုံသို့ရောက်ရှိလာခဲ့ကြောင်း လူနာမှတ်တမ်းအရလွန်ခဲ့သည့် (၇)ရက်တွင် ကိုဗစ်ကာကွယ်ဆေး
ထိုးနှံထားကြောင်း ဒု-အတွင်းဝန်ကဆိုသည်။
၎င်းအမျိုးသမီးတွင် အဆီကျဆေးသောက်သုံးထားသည့်ဆေးမှတ်တမ်းတွေ့ရှိရသော်လည်း အဆိုပါ
သေဆုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး
နောက် မလိုလားအပ်သောဖြစ်စဉ်သုံးသပ်ရေးကော်မတီထံပို့ဆောင်စစ်ဆေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
.
မေလ ၁၄ ရက် ၂ဝ၂၁
.
Ref: สำนักข่าวไทย

Add a Comment

Your email address will not be published. Required fields are marked *