ယနေ့ချောင်းဦးဖြစ်စဥ် 13-5-2021 ကြာသပတေးနေ့

ယနေ့ချောင်းဦးဖြစ်စဥ် 13-5-2021 ကြာသပတေးနေ့
ယနေ့နံနက် ၄နာရီခန့် အားလုံး အိပ်မောကျချိန်မှာ ဖြစ်သွားခဲ့တာပါ။ချောင်းဦးGZတွေရဲ့တည်နေရာ မယ်သယ်ကြိုးကွင်းကို စကစတွေလူအင်အားများစွာနဲ့သူပုန်စခနိးဝင်စီးသလိုဝင်ရောက်စီးနင်းခဲ့ပါတယ်။ အငိုက်မိခြင်း လူအင်အားလက်နက်အင်အားမမျှခြင်းတို့ကြောင့် နောက်ဆုတ်ပေးခဲ့ရပါတယ်။
သေနတ်သံတွေဆူညံနေအောင် နှစ်ဘက်လုံးပစ်ကြပြီး စကစဘက်မှာတော့ ၅ ဦးကျဆုံးတယ်လို့ သိရပီးGZတွေဘက်မှာနှစ်ယောက်ဖမ်းခံထိသွားပါတယ်။ ကျည်ဆံသံတွေတဝီဝီကြားမှာအသက်မသေပဲလွတ်အောင်ပြေးခဲ့ရရှာတာပါ။ သဘာဝချောင်းရိုးကြီးရဲ့ကျေးးဇူးကြောင့်လွတ်မြောက်ခဲ့တာပါ။
ဒလန်ကိစ္စကတော့ပါမယ်လို့တထစ်ချယူဆလို့ရပါတယ်။ လက်နက်တွေထားတဲ့နေရာကို အရင်ဆုံး ဝင်စီးခံရလို့ပါ။
လက်နက် ကွန်ပျုတာ ပရင့်တာ စသည့် ပစ္စည်းသိန်း၂၀ဝခန့်ဖိုးလောက် သိမ်းဆည်းခံရပြီး အောက်ပါ ပုံပါအတိုင်း ဆိုင်ကယ် ၁၆ စီး ကိုလဲ မီးရှို့ဖျက်စီးသွားကြပါတယ်။ အိမ်တစ်အိမ်က အတွင်းပစ္စည်းများစွာကိုလဲဖျက်စီးသွားကြပါတယ်။
လူဆိုတာကျဆုံးချိန်တန်ရင် အမှားတွေကို ဆက်တိုက်ကျုးလွန်တတ်ကြပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *