မအလ အခက်… ပြည်သူ့ အချက်

မဟုတ်တာ လုပ်မှတော့ မဟတ်တာ ဖြစ်မှာပေါ့ မအလရယ်… ဗေဒင်မေးမနေနဲ့ ဆန်ကုန်ပါတယ်… ခင်ဗျားတို့ စစ်ခွေးတွေ မကြာခင် အဝီစိကို ဒိုင်ပင်ထိုးဆင်းရတော့မှာပါ…
အဆိုအမိန့်တခုရှိတယ်- “လိမ်ရမှာ မကြောက်တဲ့သူဟာ ဘာမဆိုလုပ်ရဲတယ်” တဲ့…
ခင်ဗျားမလုပ်ရဲတာ ဘာမှမရှိဘူးလို့ ပြောသံကြားကထဲက ဒီလူယုတ်မာဟာ တိုင်းပြည် နဲ့ တိုင်းသူပြည်သားတွေကိုသာမက ကမ္ဘာကြီးကိုပါ အကြီးအကျယ် လိမ်တော့မယ်ဆိုတာ ကျုပ်သိနေခဲ့တယ်…
ဟော မကြာပါဘူး ၂၀၂၁-ခု၊ ဖေဖော်ဝါရီလ ၁-ရက်နေ့မှာ ကိုယ်ကျိုးစီးပွားအတွက် အာဏာလုတာကို ဝန်မခံဘဲ မီးခိုးကြွက်လျှောက် လိမ်တော့တာပဲဗျို့… ပြောတော့ မဲစာရင်းတွေစစ်တာ အမှားတွေတွေ့တယ်တဲ့… လုပ်တော့ အပြစ်မရှိတဲ့ ပြည်သူ ထောင်ဂဏန်းလေး ၅၀၅ က နဲ့ မတရားအမှုဆင်ပြီး ဝရမ်းထုတ်တာတောင် တချို့က နှစ်ခါ၊ တချို့က ၃-ခါတောင် ထပ်နေသေးတယ်… ခင်ဗျားတို့လုပ်သမျှ အဓိပ္ပါယ်လဲ မရှိဘူး၊ ဘယ်သူမှလဲမယုံကြည်ပါဘူး… ဒါပေမယ့် ICJ က အမှုကြီးကတော့ ခင်ဗျားနဲ့ အပေါင်းပါ စစ်ခွေးဝဲစားတွေရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်ဖို့ စောင့်နေလေရဲ့…
ခင်ဗျားက အရေခြုံဗုဒ္ဓဘာသာဝင်ဆိုတော့- ဗုဒ္ဓဘုရားဟောတဲ့ အခြေခံလူ့သီလလေးနဲ့ ခင်ဗျားလုပ်ရပ်ကို ချိန်ထိုးကြည့်ရအောင်…
မြတ်ဗုဒ္ဓက-
1. မသတ်နဲ့တဲ့… ခင်ဗျားမလိုက်နာပါဘူး… တိုင်းပြည်ရဲ့ အညွန့်အညှောင့် အနာဂတ်မှာ ထွန်းတောက်မဲ့ကြယ်တွေ ၈၀၀- နီးပါးလောက် သွေးချောင်းစီးအောင် သတ်ခဲ့ပြီ၊ သတ်နေဆဲ…
2. မခိုးနဲ့တဲ… လက်နက်အားကိုးနဲ့ လမ်းပေါ်မှာတမျိုး အိမ်ထဲဝင်ပြီးတဖုံ နည်းမျိုးစုံနဲ့ ခိုးလိုက် လုလိုက်တာမှ ပြည်သူရဲ့ ရွှေတွေ ငွေ​တွေ ဘဏ်ကြီးတစ်ဘဏ်လောက် ဖွင့်လို့ရတယ်…
3. ကာမ မကျူးနဲ့တဲ့… ဝေးသေး၊ မအလ စစ်ခွေးတွေ အတွင်းထဲမှာ လူမသိသူမသိ ဘယ်လောက်ဖြစ်ပျက်နေမယ်ဆိုတာ တွေးကြည့်လို့ရတယ်… အပြင်ထွက်လာတဲ့သတင်းတောင် နားမဆံ့ဘူး…
4. မလိမ်နဲ့တဲ့… ဘယ်နေလိမ့်မလဲ၊ မုသားဟာ စောက်ရှက်မရှိတဲ့ ခင်ဗျားတို့ရဲ့ လက်နက်လေ… ခင်ဗျားတို့ ကိုယ်တိုင်မေးခွန်းထုတ်ပေးပြီး ခင်ဗျားတို့ဖြေနေတဲ့ သတင်းညာရှင်းလင်းပွဲတွေ၊ MဖာTV နဲ့ MWD (ဖွဝတီ) ရယ်၊ ပြီးတော့ ခင်ဗျာတို့ထုတ်တဲ့ သတင်းညာ နှစ်စောင်ကို ကြည့်လိုက်တာနဲ့ အားလုံးသိတယ်…
5. သေရည်သေရက်မသောက်နဲ့တဲ့… လိုက်နာခဲ့လို့လား…? ညတိုင်း မူးရူးပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လက်နက်အားကိုးနဲ့ စိတ်တိုင်းကျ ဖျက်ဆီးနေတဲ့ စစ်ခွေးတွေကို ကြည့်လိုက်ရင် အသိသာကြီး…
ဆိုတော့- အာဏာလုပြီးမင်းလုပ်ချတဲ့သူက မင်းကျင့်တရား ၁၀-ပါးတော့ မပြောနဲ့ သာမန်လူတွေစောင့်ထိန်းရမဲ့ ၅-ပါးသီလတောင် ၁-ပါးမှမလုံတဲ့ ခင်ဗျားတို့စစ်ခွေးတွေက ဘယ်လိုလုပ်ပြီး မင်းဖြစ်ထိုက်တော့မလဲ…!!!
အကြံဆိုးနဲ့ ဇွတ်တိုးပေမဲ့ ခင်ဗျားတို့ အကုသိုလ်ကြောင့် လှုပ်လေမြုပ်လေ ဖြစ်နေပြီဟုတ်လား…? အများအကျိုးရှေးမရှုပဲ ကိုယ်ကျိုးရှာ အတ္တကောင်တွေလုပ်သမျှ အရာအားလုံးဟာ
ဦးကနင်းတော့ ပဲ့ကထောင်၊ ပဲ့ကနင်းတော့ ဦးကထောင်နေပြီဟုတ်လား…? ကြည့်လေ ဥပမာ တခုပြောပြမယ်- ဘဏ်ဝန်ထမ်းတွေ CDM လုပ်တော့ ဘဏ်တွေ မလည်ပတ်နိုင်ဘူး… အဲဒီတော့ ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ဘဏ်တွေကို အတင်းပြန်ဖွင့်ခိုင်းတယ်… ဒါပေမဲ့ ပြည်သူကငွေသွင်းသူမရှိဘဲ စုပြုံထုတ်နေတော့ ယိုင်နေတဲ့ဘဏ်တွေ လဲရုံပဲရှိတော့တယ်… ဉာဏ်မီသလောက် တခြားဟာတွေစဉ်းစားကြည့် ထိုနည်း၎င်းပဲ… ဘာလုပ်လုပ် အရာကိုမထင်တော့တာ… ပြည်သူမပါဘဲ ရှေ့သွားလို့ကို မရစေရဘူး… ပြည်တင်းရင် ဘယ်မင်းခံနိုင်မလဲ…?
(ပြည်သူတွေ ညီညွတ်ကြပါ၊ အဆင်သင့်သလို တိုက်ပွဲဝင်ကြပါ၊ လူယုတ်မာ မြေခွေးအို ခင်ညွန့်ရဲ့ ၈၈-က နည်းဟောင်းတွေကိုလည်း ၂၁-အတွေးနဲ့တိုက်ထုတ်ကြပါ…!!!)
မအလခမျာ ဘာလုပ်လုပ်အဆင်မပြေတော့ ကောင်းအောင်လုပ်မယ် ပြည်ကျိုးဆောင်မယ်လို့ မစဉ်းစားပဲ ယတြာကိုအားကိုးပြန်ရော…
ကြည့်လေ… ပြည်သူ့က ၂၂၂၂၂ (၂-ငါးလုံး) နဲ့တိုက်တော့- ဆန်အိပ် ၃၃၃၃၃ အိပ် (၃-ငါးလုံ)လှူပြီး ယတြာချေတယ်… တကယ်ကျ ဆန်အိပ်က ၃-ထောင်တောင်မပြည့်ဘူး… ဘာမှအကျိုးမထူးတဲ့အပြင် ဆန်ဖိုးကုန်သွားတာပဲ အဖတ်တင်တယ်… နောက်ပြီး ရွှေဘိုက အလောင်းဘုရားအောင်မြေမှာ ဧကရာဇ်မင်းဖြစ်လိုဇောနဲ့ ဧကရစ်ပင် သွားစိုက်ပြန်တော့လည်း နီးစပ်ရာပြည်သူက သေးနဲ့ပန်းလိုက်တော့ မျိုးကန်းသွားပြန်ရော… အာဏာရူး ရူးနေတာဆိုတော့ မလျှော့သေးဘူး ရွှေတိဂုံဘုရားပေါ်တက်ပြီး ကြာကြာစံဖို့ ရည်ရွယ်ချက်နဲ့ ကြာဇံကြော်တွေတက်လှူတော့လည်း ပြည်သူကယူဖို့နေနေသာသာ မျက်စောင်းတောင်မထိုးဘူးဆိုတော့ ကြာကြာတော့မစံရဘူး မကြာခင် ကြာဇံကြော်လို အပိုင်းပိုင်းပြတ်ပြီး သေကိန်းပဲပေါ်လာတယ်… ဒါတင်မကသေးဘူး ရွှတိဂုံဘုရားထီးတော်မှာလှူထားတဲ့ ဘိုးဘိုးအောင်ရဲ့ သံသေခေါင်းလောင်းကိုဖြုတ်၊ ရေစိမ်ပြီး ရန်ကုန်မြို့က လမ်းမတွေပေါ်ဖြန်းခဲ့သေးတယ်၊ သပိတ်တွေငြိမ်းအောင်တဲ့… မငြိမ်းတဲ့အပြင် စစ်ခွေးတွေ ဆေးသုတ်ပြီးဖျက်ထားတဲ့ G-z တွေရဲ့ လမ်းပေါ်က “စစ်အာဏာရှင် ကျရှုံးရမည်” ဆိုတဲ့ စာတန်းကြီး ဘွားကနဲ ပေါ်လာပြန်ရော…
အာဏာလုလာတာ ရက် ၉၀-ကျော်အတွင်းမှာ ကောင်းနေတဲ့တိုင်းပြည် ပျက်သွားအောင် လူသတ်တယ်၊ မီးရှို့တယ်၊ ဗုံးခွဲတယ်၊ နည်းမျိုးစုံနဲ့ယုတ်မာတဲ့ အကုသိုလ်ကောင် စစ်ခွေးတွေကို ဘယ်ယတြာမှကယ်စရာအကြောင်းမရှိတဲ့အပြင်၊ ဘယ်ဘုရား ဘယ်နတ်မှလဲမကယ်စေရဘူး… ဆက်လှုပ်ရဲရင်လှုပ်စမ်း… လှုပ်လေ မြုပ်လေပဲဖြစ်မယ်…
ပိိုဆိုးတာက- ကချင်မြေ နဲ့ ကရင်မြေကိုတက်ပြီး အင်အားအလုံးအရင်းနဲ့ စစ်ထိုးတယ်… နိုင်ငံတကာ ဥပဒေကိုချိုးဖောက်ပြီး လေယာဉ်နဲ့ဗုံးကူကြဲပေးတာတောင် လွှတ်သလောက်သေ… ရှင်တဲ့လူလဲပြေး… ပုစဉ်းတစ်ကောင်ပါအဆစ်ပါပြီး တပ်ပျက်နေပြီ…
(နောက်ဆုံးတော့ မအလရဲ့ စစ်ခွေးဝဲစားတပ်, မတော်ကြီးကို သဘာဝမြေဩဇာထုတ်လုပ်ရေးစက်ရုံကြီးအဖြစ် ပြည်သူက ကင်ပွန်းတပ်လိုက်ရော…!!!)
အထူးပြောချင်တာက- ပြည်သူတရပ်လုံး အရမ်းညီညွတ်နေတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး တွေဝေမနေကြပါနဲ့… အပွင့်လင်းဆုံးပြောရရင် မအလရဲ့ စစ်ခွေးဝဲစားတပ်ကြီးဟာ ခင်ဗျားတို့အတွက် ထာဝရ ရန်သူအကြီးစားကြီးပါ… အခုလို အချိန်ကောင်း အခါကောင်းကြုံတုန်းမှ အမြစ်မဖြုတ်ရင် နောင်တချိန်မှာ ခင်ဗျားတို့ အလူးအလဲထပ်ခံရဦးမှာပါ…
အချိန်ကောင်းကို လက်လွတ်မခံပါနဲ့- ခုအချိန်မှာ စိတ်မလုံတဲ့စစ်ခွေးတွေ ဆရာတို့ဒေသကို တက်လာရင် ဆရာတို့ သေချာပေါက် အပြုတ်ဖြုတ်နိုင်မှာပါ… စစ်ခွေးတွေ မနိုင်လို့ ပြည်သူကြားကို ပြေးလာရင်လဲ ဘယ်ပြည်သူကမှ ဖွက်ကွယ်ပေးစရာ အကြောင်းမရှိပါ… နီးစပ်ရာပြည်သူက ဇွပ် ဇွပ် ဇွပ် လုပ်ကြမှာပဲ… စစ်ခွေးတွေ သွေးကြောင်နေပါပြီ… ချင်းပြည်က တူမီးနဲ့တိုက်တဲ့ပွဲတွေကိုကြည့်ပါ… နေစရာမြေမပျောက်သေးပေမဲ့ ပြေးစရာမြေ မရှိတော့ပါဘူး… စစ်ခွေးတွေ ဆရာတို့ဆီ တက်မလာရဲရင်လည်း နီးစပ်ရာ မအလ စစ်စခန်းတွေကို သိမ်းပိုက်ပြီး သူ့လက်နက်ကို ကိုယ့်လက်နက်၊ သူ့အမြှောက်ကို ကိုယ့်အမြှောက်၊ သူ့လေယာဉ်ကို ကိုယ့်လေယာဉ်၊ သူ့စခန်းကို ကိုယ့်စခန်းလုပ်ပြီး ငါးကြင်းဆီနဲ့ ငါကြင်းကြော်၊ သူ့အရိုးနဲ့ သူ့ပြန်ထိုးပြီး စစ်ဏာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းကြပါစို့…
မအလ အခက်တွေ့နေချိန်မှာ- ပြည်သူရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရယ်၊ ပြည်သူ့အစိုးရရယ် အချက်ကျကျ ပူးပေါင်းပြီး မြန်မာပြည်ကြီးကို အထူးကေါင်းအောင် တက်ညီလက်ညီနဲ့ ပူးပေါင်းတိုက်ပွဲဝင်ကြပါစို့…
အခွင့်အရေးကို လက်လွတ်မခံဘဲ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ကြိုးစားတည်ဆောက်ကြပါစို့…
အရေးတော်ပုံ အောင်ကိုအောင်ရမည် 🗣️
မောင်ယဉ်ကျေး (ခေတ္တ-နေပြည်တော်)
၅/၅/၂၁ (နံက် ဝေလီဝေလင်း)
စာကြွင်း – ရှင်နေသေးတဲ့ စစ်ခွေးတွေ… လေယဉ်နဲ့ သူများကို ပြစ်သတ်တဲ့ အကုသိုလ်ကောင်တွေ ဘဝမကူးပဲ ဒီဘဝမှပဲ ပြည်သူ့အချစ်တော် KIA KNUက အဝီစိပို့လိုက်တာ သံဝေဂယူပါ…!!! ဝဋ်ဆိုတာ ဘဝမကူးဘူး ဒီဘဝမှာပဲ မော်တာတပ်လည်တာ ….

Add a Comment

Your email address will not be published. Required fields are marked *