မိုးကောင်း မှာ စစ်ကောင်စီကား မိုင်းခွဲ ခံရ ပြီး ၃၀ ကျော်သေဆုံးကြောင်းသိရ

မိုးကောင်း မြို့မှ နေ၍ ဖားကန့် မြို့ သို့ အင်အား ဖြည့်တင်းရန် သွားမည့် အာဏာသိမ်း စစ်ကောင်စီ ၏ ယာဉ်တန်း အား သုံးမိုင်ကွေ . ဟု ခေါ်သည့် ဖားကန့် အထွက် တွင် ယမန်နေ့ ညက မိုင်းဆွဲ တိုက်ခိုက် ခံရသည် ဟု မိုးကောင်း မြို့မှ ဒေသခံတစ် ဦးက အတည်ပြု သည်။ စစ်သား အပြည့် နှင့် စစ်ကား နှစ်စီး အပါအဝင် တင့်ကား သုံးစီး အား မိုင်းခွဲ တိုက်ခိုက် ခဲ့ရာ အားပြင်း လှသော ကြောင့် တင့်ကား ချိန်း များပင် ပြတ်တောက်သွား သည်ဟု သိရသည်။
ကားပေါ် တွင် စစ်သား ၆၀ ခန့် လိုက်ပါလာပြီး အနည်းဆုံး ၃၀ ခန့် သေဆုံး သည် ဟု မိုးကောင်း မြို့ခံ များက ပြောသည်။ စစ်ကောင်စီက ၎င်းတို့ လက်လွှတ် ခဲ့ရသည့် တောမှော် လုံးခင် ရှိ စစ်စခန်း များကို ပြန်လည် သိမ်းပိုက် နိုင်ရန် အတွက် စနေ နေ့ မှ စတင်ကာ စစ်ကူ များပေး လွှတ် နေရာတွင် တင့်ကား နှင့် အမြှောက် လက်နက် ကြီးများပါ ပို့ဆောင် နေသည်။
မြန်မာ စစ်တပ် က ကျောက်စိမ်း ထွက်သည့် ဖားကန့် ကို ပြန်လည် သိမ်းပိုက် နိုင်ရန် အတွက် စစ်ကူ တစ်ချို့ကို မိုးကောင်း သို့ လေ ကြောင်း မှ ပို့ဆောင် လက်ရှိသည်။
ကချင် ပြည်နယ် တွင် မိုးမောက်၊ ဗန်းမော်၊ အာလောဘွမ်၊ မံစီ၊ ဖားကန့် နှင့် ကာမိုင်း တို့တွင် ကချင် လွတ် မြောကိရေး တပ်မတော် က မြန်မာ စစ်တပ် ၏ စခန်း များကို ရယူ သိမ်းပိုက် လျက်ရှိသည်။

Add a Comment

Your email address will not be published. Required fields are marked *