အကြမ်းဖက်စစ်အုပ်စုကို တစ်ပြိုင်တည်းဝိုင်းတိုက်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တိုက်တွန်း

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို မြို့နယ်တိုင်း၊ တိုင်းရင်းသားလက်နက်ကိုင်တိုင်းက တစ်ပြိုင်တည်းဝိုင်းတိုက်ကြဖို့ကို မင်းတပ်မြို့ကာကွယ်ရေးတပ်ဖွဲ့မှ လူငယ်ခေါင်းဆောင်တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဧပြီလ ၂၄ ရက်နေ့က ဆန္ဒပြလူငယ် ခြောက် ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံတွေနဲ့စတင် ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။
“စစ်ကောင်စီ၊ အကြမ်းဖက်စစ်အုပ်စုကို ကျွန်တော်တို့လိုပဲ မြို့နယ်တိုင်း၊ ပြည်နယ်အားလုံးက တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ မထသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး တပြေးညီထစေချင်တယ်။ မြို့နယ်တိုင်းကလည်း သူ့ရဲ့နိုင်ရာ နိုင်ရာနဲ့ အကုန်လုံးထမယ်ဆိုရင်တော့ အကြမ်းဖက်စစ်အုပ်စုက ဘယ်နေရာမှာ အင်အားဘယ်လိုဖြည့်ရမလဲဆိုတာကိုသူတို့ ဘယ်လိုမှနာလံထူနိုင်မှာမဟုတ်လို့ ကျွန်တော်တို့တိုင်းရင်းသားဒေသအားလုံးကဆက်ပြီးတော့မှ အကုန်လုံးလုပ်စေချင်တယ်ပေါ့နော်အခုချိန်မှာ တစ်မြို့နယ် တစ်ပြည်နယ်ထဲထလို့ရှိရင်၊ လက်နက်ကိုင်တစ်ဖွဲ့ထဲထလို့ရှိရင် အဲ့ဒီ့ဟာကိုဖိထားပြီးမှအရမ်းလုပ်နေတာ ဖြစ်တဲ့အတွက် အကုန်လုံးစုစုစည်းစည်းနဲ့ဝိုင်ပြီးတော့မှ အခုချိန်ထတိုက်စေချင်တယ်” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က လူငယ်ခေါင်းဆောင်တစ်ဦးကဆိုပါတယ်။
ဧပြီ ၂၇ ရက်နေ့ထိကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးတယ်မီဒီယာတွေမှာရေးသားနေပြီး ဒီနေ့ ဧပြီ ၂၇ရက် မနက်ပိုင်းမှာတော့ စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ကားတစ်စီးကို မင်းတပ်မြို့နဲ့ ငါး မိုင်လောက်အကွာမှာ မိုင်ခွဲဖျက်စီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဘက်ကလည်း ခုခံနေတဲ့ပြည်သူတွေကို RPG ငါးလုံးထက်မနည်းပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးတွေဆက်ပြီးသုံးလာနိုင်တာကြောင့် မြို့ထဲကပြည်သူလူထုကိုလည်း အတက်နိုင်ဆုံးရှောင်ကြဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။
ဒီကနေ့ နေ့လည် ၁၂ လောက်အထိ ပစ်ခတ်မှုတွေဖြစ်နေပြီး နှစ်ဖက်အထိအခိုက် အကျဆုံးစရင်းကိုတော့ မသိရသေးပါဘူး။
မင်းတပ်မြို့မှာ ဧပြီ ၂၆ ရက်နေ့ ပစ်ခတ်မှုတွေအတွင်း တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရကာ ယာဉ်တစ်စီး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြန်မာ့ ရုပ်မြင်သံကြားသတင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *