KIA ဟုသိကြသည့် KIO/KIC/KIA

KIO-Kachin Independence Organization ကချင်လွပ်လပ်ရေးအဖွဲ့ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် တည်ထောင်ပါသည်။ လက်နက်ကိုင်တော်လှန်ရေးပါတီ ဖြစ်သည်နှင့်အညီ ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ KIA-Kachin Independence Army ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် ဖွဲ့စည်းပါသည်။
ထို့အပြင် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ KIC-Kachin Independence Council ကို ဖွဲ့စည်းထားရှိပါသည်။ အများ KIA ဟု အလွယ်တကူ သိရှိထားသော်လည်း ဖွဲ့စည်းပုံအရ KIO-KIA-KIC ဟူ၍ ဗဟိုအဖွဲ့အစည်း ၃ ခု ဖွဲ့စည်းထားပြီး အမြင့်ဆုံးအာဏာပိုင်အဖွဲ့မှာ KIO ဖြစ်သည်။ လက်နက်ကိုင်သက်တမ်း နှစ်(၆၀)ကျော်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
KIO/KIC
လက်ရှိ KIO တွင် ဗဟိုကော်မတီအဖွဲ့ဝင် ၁၁/၁၂ ဦးခန့်ရှိပြီး အဓိက ခေါင်းဆောင်များမှာ
ဥက္ကဌ- ဗိုလ်ချုပ်ကြီး အင်ဘန်လ
ဒုဥက္ကဌ ၁- ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်
ဒုဥက္ကဌ ၂- ဆလန်ကဘာ ဆွန်လွတ်ဂမ်
အတွင်းရေးမှူး- ဆလန်ကဘာ ကွန်ထပ်ထိန်နန်
လက်ရှိ KIC ခေါင်းဆောင်များမှာ
ဥက္ကဌ- ဗိုလ်ချုပ်ကြီး အင်ဘန်လ
ဒုဥက္ကဌ ၁- ဒုဗိုလ်ချုပ်ကြီး ဆွန်လွတ်ဂွမ်မော်
ဒုဥက္ကဌ ၂- ဗိုလ်ချုပ် ဇောင်းဘုတ်ထန်
အတွင်းရေးမှူး- ဗိုလ်ချုပ် LLဇော်ရော်
KIO ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူပြီး ဗဟိုဌာနကြီးများ၊ ကော်မတီများ၊ ရေးရာအဖွဲ့များဖွဲ့စည်းပြီး KIO/KIC ခေါင်းဆောင်များက စီမံအုပ်ချုပ်ကြပါသည်။ KIC ရဲ့အုပ်ချုပ်စီမံမှုအောက်မှာရှိကြပါသည်။
(က) ဌာနကြီးများ
၁။ ပြည်ထဲရေး(အထွေထွေအုပ်ချုပ်ရေး)- Ginjaw uphkang rung
၂။ ဘဏ္ဍာရေး-Ginjaw sutgan dap
၃။ စီးပွားကူးသန်း ရောင်းဝယ်ရေး-Ginjaw sut masa magam dap
၄။ ကျန်းမာရေး-Ginjaw Hkamja Dap
၅။ ပညာရေး-Ginjaw Hpaji Dap
၆။ တရားရေး-Ginjaw Tara Masa Magam Dap
၇။ သတင်းနှင့်ပြန်ကြားရေး-Shiga Magam Dap
၈။ နိုင်ငံခြားရေး-Ginjaw Maigan Makyit Mahkai Magam Dap
၉။ စာပေနှင့်ယဥ်ကျေးမူ-Ginjaw Htunghking hte Laili Laika Magam Dap
၁၀။ စိုက်ပျိူးမွေးမြူရေး(လယ်/ဆယ်)-Hkai Rem Magam Dap
၁၁။ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး-Nam maling hte Grup-yin Gawnhkang Magam Dap
(ခ) အခြားရုံးနှင့် ကော်မတီများ
၁။ ပါတီဗဟိုဌာနချုပ်ရုံး-Ginjaw Komiti Rung
၂။ ဗဟိုမူးယစ်​ဆေးဝါး တားဆီးပိတ်ပင်ရှင်းလင်းရေး ကော်မီတီ-Ginjaw Kani Nang Hpam Pat Jasan Komiti
၃။ ကချင်အမျိုးသမီးရေးရာအဖွဲ့-Wunpawng Mungdan Shanglawt Amyu Shayi Hpung
၄။ အမျိုးသားထောက်ပံ့ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မီတီ-Wunpawng Karum Ningtum hte Gaw Sharawt Komiti
၅။ ဗဟိုလုပ်ငန်းနှင့် စာရင်းစစ်ချုပ်ရုံး-Ginjaw Magam Bungli hte Jahpan Chyarang Jepchyoi Makan Dap
၆။ စစ်ဘေးရှောင်များ ပြုစုစောင့်ရှောက်ရေးကော်မီတီ-Ginjaw Hpyen Yen Lakawn Lanawn Komiti
၇။ နိုင်ငံရေးရှေ့လုပ်ငန်းစဥ် ချမှတ်ဖေါ်ဆောင်ရေးအဖွဲ့-Shawnglam Mungmasa Jasat Hpung
၈။ ပြည်သူ့ဆက်ဆံရေးတပ်- Mungshawa kanawn mazum Hpyenphung
(ဂ) အုပ်ချုပ်ရေးနယ်မြေ
KIO/KIC သည် အုပ်ချုပ်ရေးနယ်မြေ ၄ ခု ဖြန့်ခွဲအုပ်ချုပ်သည်။
၁။ မြောက်ပိုင်းတိုင်း- မြစ်ဆုံမြောက်ဖက်ဒေသ
၂။ အနောက်ပိုင်းတိုင်း- မြစ်ဆုံတောင်ဖက်/ဧရာဝတီမြစ် အနောက်ဖက်ခြမ်း
၃။ အရှေ့ပိုင်းတိုင်း- မြစ်ဆုံတောင်ဖက်/ဧရာဝတီမြစ် အရှေ့ဖက်ခြမ်း
၄။ တောင်ပိုင်တိုင်း- ရှမ်းပြည်မြောက်ပိုင်း
တိုင်းများလက်အောက်တွင် မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့်ထိ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိသည်။ ယခင်က ခရိုင်အဆင့် ဖွဲ့စည်းသေးသော်လည်း ယခု ဖြုတ်ထားသည်ဟု ယူဆရပါသည်။ (စီစစ်ဆဲ)
KIA
KIO ၏ အဓိက လက်နက်ကိုင်တပ်ဖြစ်သည့် KIA ၏ လက်ရှိ ခေါင်းဆောင်များနှင့် ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
တပ်မှူးကြီး- ဗိုလ်ချုပ်ကြီး အင်ဘန်လ
စစ်ဦးစီးချုပ်- ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်
ဒုစစ်ဦးစီးချုပ်- ဗိုလ်ချုပ် R ခေါင်လွန်း
ဒုစစ်ဦးစီးချုပ်- ဗိုလ်ချုပ် မရစ်အောင်ဆိုင်းလာ
စစ်ဦးစီးဗိုလ်မှူးချုပ်- ဗိုလ်မှူးချုပ် မရန်ဇော်တောင်
စစ်ဦးစီးပထမတန်း(ဦး)- ဗိုလ်မှူးကြီး ဂရားဇော်လီ
စစ်ဦးစီးပထမတန်း (ရေး)- ဗိုလ်မှူးကြီး ပေါက်ဆာအောင်လွန်း
စစ်ဦးစီးပထမတန်း(ထောက်) ဗိုလ်မှူးကြီး- အနိုင်းဇော်ခေါင်း
ဌာနချုပ်ဖွဲ့စည်းမှု
၁။ စစ်ရုံးချုပ် – Dailawn Rung
၂။ စစ်မဟာဗျူဟာ လေ့လာရေးဌာန -Zai Ninggawn Rung
၃။ ခြေမြန်တပ်မဟာ- ရင်း ၂၅၁/၂၅၂/၂၅၃/၂၅၄/၂၅၅/၂၅၆
၄။ ဗဟိုကင်းတပ်မဟာ- ရင်း ၂၃/၂၈/၄၀/၄၂
၅။ လက်နက်ကြီးတပ်ဖွဲ့- ရင်း ၆၁၁/၆၁၂/၆၁၃/၆၁၄
၆။ ကွန်မန်ဒိုတပ်ရင်း
၇။ ဂေါ်ရခါးတပ်ရင်း
၈။ လက်ဖြောင့်တပ်ဖွဲ့
၉။ လေ့ကျင့်ရေးတပ်ရင်း
KIA စစ်ရုံးချုပ်နှင့် ဌာနချုပ်လက်အောက်ခံ တပ်မဟာ/တပ်ရင်း/တပ်ဖွဲ့များသည် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း လိုင်ဇာဒေသအား ဗဟိုပြု၍ ဖြန့်ခွဲစုဖွဲ့ထားရှိပါသည်။
တပ်ဖြန့်ခွဲမှုများမှာ
၁။ မြောက်ပိုင်းတိုင်းနယ်မြေ
(က) တပ်မဟာ ၁- ပူတာအို၊ ဆွမ်းပရာဘွမ်ဒေသ
(ရင်း ၄/၇/၁၀/၂၂)
(ခ)တပ်မဟာ ၇- ချီဗွေ၊ ဖရဲဒေသ
(ရင်း ၃၂/၃၃/၄၆)
၂။ အနောက်ပိုင်းတိုင်းနယ်မြေ (က)တပ်မဟာ ၂- လီဒိုကားလမ်း တောင်မြောက် (ရင်း ၁၁/၁၄/၂၀/၄၅)
(ခ) တပ်မဟာ ၉- ဖားကန့်ဒေသ
(ရင်း ၆/၂၆/၄၄)
(ဂ) တပ်မဟာ ၈- မိုးညှင်း/နန့်စီအောင်ဒေသ(ရင်း ၅/၃၅/၄၁)
၃။ အရှေ့ပိုင်းတိုင်းနယ်မြေ
(က) တပ်မဟာ ၃ ဗန်းမော်ဒေသ
(ရင်း ၁/၁၂/၁၅/၁၆/၂၁/၂၇)
(ခ) တပ်မဟာ ၅- ဆဒုံးဒေသ
(ရင်း ၃/၁၈/၁၉/၂၄/၂၅/၃၀)
၄။ တောင်ပိုင်းတိုင်းနယ်မြေ
(က) တပ်မဟာ ၄- လားရှိုး/မူဆယ်ကားလမ်းတောင်ဖက်ခြမ်း
(ရင်း ၈/၂၉/၃၄/၃၇)
(ခ) တပ်မဟာ ၆- ကွတ်ခိုင်/မူဆယ် ကားလမ်းမြောက်ခြမ်း (ရင်း ၉/၃၆/၃၈)
(ဂ) တပ်မဟာ ၁၀- သိန္နီ/ကွမ်းလုံကားလမ်း တောင်/မြောက်
(ရင်း ၂ / ၁၇/ ၃၉)
သို့ဖြစ်ရာ KIA သည် စုစုပေါင်း ခြေလျင် တပ်ရင်း ၅၁ ရင်းပါသည့် တပ်မဟာ ၁၂ ခု၊ လက်နက်ကြီးတပ်ရင်း ၄ ရင်းနှင့် အထူးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါသည်။
မှတ်ချက်။ ။ ရင်း ၁၃ အား ဖွဲ့စည်းထားခြင်းမရှိပါ ။ ကျန် ရင်း ၃၁/၄၃ တို့အား စီစစ်ဆဲဖြစ်ပါသည်။
MHH ပြည်သူ့စစ်
KIO/KIC/KIA မှ MHH ခေါ် ပြည်သူ့စစ်များအား တိုင်း/မြို့နယ်/တိုက်နယ်/ကျေးရွာအလိုက် ဖွဲ့စည်း လက်နက်တပ်ဆင်ထားပြီး KIC အုပ်ချုပ်ရေးရုံးများနှင့် တွဲဖက်ထားသည်။ ပြည်သူ့စစ်များအား KIC အတွင်းရေးမှူးမှ ကွပ်ကဲပါသည်။
အခြားဌာနများ
KIO/KIC သည် ၎င်းတို့ထိန်းချုပ်ရာနယ်မြေများတွင် ဆေးရုံ၊ ရဲတပ်ဖွဲ့၊စည်ပင်၊ မီးသတ်၊ သစ်တော၊ ဆည်မြောင်း၊ လျှပ်စစ်၊ တက္ကသိုလ်/ကျောင်း၊ ​အကောက်ခွန်၊ လဝက စသောဝန်ထမ်းများ လေ့ကျင့်ခန့်အပ်ထားသည်။
အင်အားနှင့် အခြား
KIA တိုက်ခိုက်ရေး တပ်ရင်းတစ်ရင်းလျှင် ပျမ်းမျှ အင်အား ၁၅၀ ခန့် ရှိနိုင်ပြီး နောက်တန်းဌာန ဝန်ထမ်းများပါပေါင်းလျှင် တပ်ဖွဲ့တခုလုံး အင်အား ၂ သောင်းခန့်အထိ ရှိနိုင်ပါသည်။ ပြည်သူ့စစ် MHH အင်အား ၅ ထောင်ခန့် ရှိနိုင်သည်ဟု ဆိုပါသည်။
ထိုအင်အားများသည် ခန့်မှန်းမျှသာ ဖြစ်သည်။ အတိအကျ သိရှိနိုင်ရန် မဖြစ်နိုင်ပါ။ ထို့အပြင် KIA သည် ကိုယ်ပိုင်လက်နက်ခဲယမ်းထုတ်လုပ်မှုရှိနိုင်သည်ဟု အကဲခတ်များက သုံးသပ်ကြပါသည်။ ပြီးခဲ့သော ၄ နှစ်ခန့်အတွင်း KIA တပ်ဖွဲ့တခုလုံးအားချေမှုန်းရေး ရိုင်ဖယ်များ အသစ်ပြောင်းလဲတပ်ဆင်သည်အား တွေ့ရှိရသည်။
KIA တို့တွင် လေယာဉ်ပစ် ဒုံးလက်နက်အချို့ ဝယ်ယူရရှိပိုင်ဆိုင်ထားသည်ဟု နယ်စပ်‌ဒေသ သတင်းအရင်းအမြစ်များက ဆိုပါသည်။ သို့သော်လည်း လက်တွေ့သုံးစွဲသည်ကိုမူ မတွေ့ ရသေးပေ။ KIA သည် ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် ၂ နှစ် စစ်မှုထမ်းဥပဒေ ပြဌာန်းထားသည်ဟုဆိုပါသည်။
KIA ထိန်းချုပ်နယ်မြေဆိုရာတွင်အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့်‌ နယ်မြေဒေသထက် ပြောက်ကျားလှုပ်ရှားထိန်းချုပ်နိုင်သည့် နယ်မြေက ပို၍များပြားသည်။
KIO/KIC/KIA အဖွဲ့အစည်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် ဘဏ္ဏာရေးတောင့်တင်းသော အဖွဲ့အစည်းတခုဖြစ်သည်။ ကချင်ပြည်နယ်အတွင်းရှိ လူထု၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကောင်းမွန်သည်။ လက်ရှိတွင် မြောက်ပိုင်းနိုင်ငံရေး မဟာမိတ်အဖွဲ့ ၇ ဖွဲ့တွင် ပါဝင်နေသော်လည်း တောင်ပိုင်းရှိ NCA ထိုးထားသော အဖွဲ့များနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည်။
၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ABSDF (မြောက်ပိုင်း)ကို KIA နယ်မြေတွင် နေရာပေးခဲ့သကဲ့သို့ ၂၀၀၉ ခုနှစ်တွင် AA(ရခိုင်) ၂၀၁၁ တွင် TNLA (တအာင်း(ပလောင်)) အဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ရာတွင် ၎င်းတို့‌ ဒေသတွင်း ဖွဲ့စည်းလေ့ကျင့်မှု ခွင့်ပြုခဲ့ပြီး အကူအညီပေးခဲ့သည်။
နိုင်ငံတကာ ဆက်ဆံရေးတွင် KIA သည် တရုတ်ပြည်နှင့်သာမက အနောက်နိုင်ငံအချို့နှင့် ဆက်ဆံမှုရှိသည်။ လက်ရှိအခြေအနေတွင် အစိုးရနှင့် NCA တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလက်မှတ်ရေးထိုးထားခြင်း မရှိရုံသာမက တဖွဲ့ချင်းအပစ်အခတ်ရပ်စဲရေး Biletral လက်မှတ်ရေးထိုးထားခြင်းလည်း မရှိပေ။
KIA အား အကြမ်းဖက်အဖွဲ့ဟု တခါတရံ ရည်ညွှန်းပြောကြသော်လည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်း မရှိပါ။ သို့သော် KIA သည် NCA လက်မှတ်ရေးထိုးထားခြင်း မရှိ၍မတရားသင်းအဖြစ် ကြေညာခံထားရဆဲအဖွဲ့ ဖြစ်သည်။
KIO/KIA အတွက် အဓိက အခက်အခဲတခုမှာ ကချင်ပြည်နယ်တွင်းရှိ ကချင်မဟုတ်သည့် တိုင်းရင်းသားလူမျိုးများအား စည်းရုံးသိမ်းသွင်းရာတွင် အကန့်အသတ် ရှိခြင်းဖြစ်သည်။
ဆောင်းပါး – Hkun Htu

Add a Comment

Your email address will not be published. Required fields are marked *