အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ စစ်တပ်များကို တိုက်ခိုက်သိမ်းပိုက်မှုများ မပြုလုပ်ရန် KIA အား တရုတ်အစိုးရဖိအားပေးပြောဆိုခြိမ်းခြောက်

မြန်မာ့အာဏာသိမ်းမှုသည် ပြည်တွင်းအရေးသာဖြစ်သောကြောင့် ကြားဝင်မစွက်ဖက်သင့်ဟု အနောက်နိုင်ငံများကိုပြောသော တရုတ်အစိုးရသည် ယခုချိန်တွင် သူကိုယ်တိုင် လျှာရှည်ကြားဝင်စွက်ဖက်နေခြင်းဖြစ်သည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ စစ်တပ်များကို တိုက်ခိုက်သိမ်းပိုက်မှုများ မပြုလုပ်ရန် KIA အား တရုတ်အစိုးရဖိအားပေးပြောဆိုခြိမ်းခြောက်နေကြောင်း သိရသည်။ ဤသို့ ဖိအားပေးခြိမ်းခြောက်မှုကို လက်ခံခြင်းမရှိပါက KIA ထိမ်းချုပ်နယ်မြေဖြစ်သော လိုင်ဇာမြို့ နှင့် မိုင်ဂျာယန်မြို့အား အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့်အပြင်းအထန်တိုက်ခိုက်မည်ဖြစ်ကြောင်းလည်း တရုတ်အစိုးရမှ ထပ်မံသတိပေးထားသည်။
“KIA ကနေ အပစ်ရပ်ကြေညာဖို့ တရုတ်အစိုးရက ဖိအားပေးနေတယ်ပေါ့။ သူတို့(တရုတ်အစိုးရ)က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ကျရှုံးသွားမှာကို စိုးရိမ်နေတယ်၊ မလိုလားဘူးပေါ့။ စစ်ကောင်စီကျရှုံးရင် သူတို့(တရုတ်အစိုးရ)စီးပွားရေးတွေအားလုံး ဆုံးရံှုးမယ်ပေါ့။” ဟုအမည်မဖေါ်လိုသူကဆိုသည်။

Add a Comment

Your email address will not be published. Required fields are marked *