ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရ အဖွဲ့ ဝင်များ၏ နေပြည်တော် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် အစည်းအဝေး ကောက်နုတ်ချက်

၁။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပတ်သက်၍ သမာသမတ်ရှိသည့် လူပုဂ္ဂိုလ်များနှင့် စစ်ဆေးပြီး ရလဒ်များ ထွက်ပေါ်လာပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်မည်။
၂။ ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရန် ပြည်ပမှ မှာယူထားသော ကာကွယ်ဆေးများ ရောက်ရှိလာရေးအတွက် လိုအပ်သည့် လေယာဉ်ဖြတ်သန်းခွင့် ကိစ္စရပ်များအား စည်ကမ်းများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရမည်။
၃။ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များ အပါအဝင် အခြားဘာသာရေး အဆောက်အဦများ၌ ဘုရားဝတ်ပြုခြင်း၊ ဘုရားပူဇော်ခြင်းများကို ကိုဗစ် – 19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခွင့်ပြုနိုင်ရေး ဆက်လက် ဆောင်ရွက်မည်။
၄။ ပြည်တွင်း ခရီးသွားလာရေး လုပ်ငန်းများနှင့် ဟိုတယ် လုပ်ငန်းများအားလည်း ကိုဗစ် – 19 စည်းမျဉ်း၊ စည်းကမ်းများအား တိကျစွာ လိုက်နာစေလျက် ဆောင်ရွက်ခွင့်ပြုသွားမည် ဖြစ်သည်။
၅။ ပြည်တွင်းခရီးသွားလာမှုနှင့် ဟိုတယ်လုပ်ငန်းများအား COVID-19 စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာစေလျက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်။
၆။ COVID-19 ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာ စွာ ပိတ်မိဒုက္ခခံနေကြရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်၊ အဆိုပါပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည် ခေါ်ယူနိုင်ရေး စီမံဆောင်ရွက်ကြရမည်ဖြစ်။
၇။ မိမိတို့အနေဖြင့် စီးပွားရေးကိုနလန်ထူအောင် ဆောင်ရွက်ရန်လိုအပ်၊အလုပ်လက်မဲ့ ဖြစ်နေသူများ ဝင်ငွေရရှိသည့် အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးရန်လို။
၈။ ရပ်တန့်ထားသည့်စက်ရုံများကိုလည်း COVID-19 စည်းကမ်းချက်များ နှင့်အညီ ပြန်လည် လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုအပ်။
၉။ မိမိတို့သည် ကြားကာလတာဝန်ယူရသော အဖွဲ့အစည်းဖြစ်သဖြင့် မှားယွင်း ဆောင်ရွက်၍မရဘဲ အလေးထားဆောင်ရွက်ရန်လို။
၁၀။ စုပေါင်းတိုင်ပင်ဆွေးနွေးပြီး တိုင်းပြည်အတွက် ကောင်းအောင်ဆောင်ရွက်မည် ဆိုသည့်မူနှင့်သာသွားစေချင်။
၁၁။ စစ်အာဏာသိမ်းသည့် ကိစ္စနှင့် ပတ်သက်၍ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့သော်လည်း လုံးဝ ရှောင်လွဲ၍ မရသောကြောင့် တိုင်းပြည်အတွက် ယခု လမ်းကြောင်းကို ရွေးချယ်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ဓာတ်ပုံ – တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့

Add a Comment

Your email address will not be published. Required fields are marked *