ပြန်လည်လွတ်မြောက်လာသူများနှင့် ဆက်လက်ထိန်းသိမ်းထားသူများ


ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြန်လည်လွတ်မြောက်၊ နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ထားရှိကြောင်းသိရပါသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ပြန်လည်လွတ်မြောက်လာပြီး နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက်ထားရှိကြောင်း သိရပါသည်။
ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ပြန်မလွတ်သေးပါ။
အန်အယ်လ်ဒီ ဗဟိုပြန်ကြားရေး မုံရွာအောင်ရှင်ကို ဧည့်ရိပ်သာတစ်ခုတွင် ဖမ်းဆီးထားကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နေအိမ်ပြန်လည်ရောက်ရှိကြောင်း သိရှိရပါသည်။
မွန်ဝန်ကြီးချုပ် ပြန်လွတ်၊ အစိုးရအိမ်ရာတွင် အကျယ်ချုပ် ဆက်ထားကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် အပါဝင် အစိုးရအဖွဲ့ ဝန်ကြီးအားလုံး ပြန်လွှတ်ပေးလိုက်ပြီးနောက် ဝန်ကြီးများအိမ်ရာမှာ အကျုပ်ချုပ်ထားရှိတယ်လို့ သိရပါတယ်။
မကွေးတိုင်းလူမှုရေးဝန်ကြီး ပြန်လွတ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ် မလွတ်သေးဘူးလို့ သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့ဝန်ကြီးတချို့နဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တွေ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက “ကျနော်ကိုတော့ ဇန်နဝါရီ ၁ ရက်နေ့ မနက် ၅ နာရီလောက်က လက်ထိပ်ခတ် မျက်နှာဖုံးစွပ်ပြီးတော့ တောင်တွင်းကြီးဘက်က ဆတ်သွား စစ်တပ်ဘက်ကို ခေါ်သွားတယ်။ ဟိုမှာ ၁ နာရီလောက် တည်းခိုရိပ်သာမှာ နေခိုင်းပြီးတော့ မကွေးပြန်ရမယ်ဆိုပြီး မနေ့က ၁၁ နာရီမတ်တင်းလောက်ကို ပြန်လွှတ်လိုက်တာပါ။” လို့ပြောတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ သတင်းကတော့ မရသေးပါဘူးလို့ ပြောပါတယ်။

အနိုင်ရပါတီ ကိုယ်စလှယ်လောင်းများလည်း ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရပါသည်။

 

Add a Comment

Your email address will not be published. Required fields are marked *