ရန်ကုန်မြို့က ဥပဒေမဲ့ ဆန္ဒဖော်ထုတ်သူများအား ရဲတပ်ဖွဲ့က နည်းစနစ်ပြောင်း ကိုင်တွယ် အရေးယူမည်

ရန်ကုန် ၊ ဇန်နဝါရီ ၃၁
ရန်ကုန်မြို့နေရာတစ်ချို့မှာ အမျိုးသားရေးအမည်ခံ သမားတွေရဲ့ ငြိမ်းစုစီမတင်ဘဲ ဥပဒေမဲ့ ဆန္ဒထုတ်ဖော်မှု တွေကို နည်းစနစ်ပြောင်းကိုင်တွယ် အရေးယူသွားမှာဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးထံက သိရပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြသူတွေနဲ့ထိပ်တိုက်တွေ့ဖမ်းဆီးတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ ငြိမ်းစုစီမတင်ဘဲ ဦးဆောင် သူတွေကို ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ထားကာ မှတ်သားဖမ်းဆီး အရေးယူသွားမယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးကပြောပါတယ်။
” ကျွန်တော်တို့နည်းစနစ်က ပြောင်းသွားပြီး အရပ်ဝတ်နဲ့နှစ်ယောက်သုံးယောက်က တော့ သူတို့ကို ဓါတ်ပုံတွေရိုက်ထားမယ် သူတို့ရဲ့လုပ်ဆောင်ချက်တွေအပေါ်မူတည်ပြီးတော့ အရေးယူမယ် ” လို့ရဲအရာရှိကပြောပါတယ်။
ရွေတိဂုံ ကြေးသွန်းဘုရားရှေ့မှာ ဇန်နဝါရီ ၂၉ရက်နဲ့၃၀ရက်နေ့မှာ အမျိုးသားရေးအမည်ခံ သမားတွေ ဟာငြိမ်းစုစီ ဥပဒေအရ ခွင့်ပြုချက်မတင်ပဲ နှစ်ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်မှုတွေရှိလာပေမယ့် ရဲတပ်ဖွဲ့က ဆန္ဒဖော်ထုတ်သူတွေရဲ့အနီးနားလုံခြုံရေး မယူသလို ဝင်ရောက်ဖမ်းဆီးမှုလည်းမလုပ်ခဲ့တာကိုတွေ့ရပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ရက်က ဒဂုံမြို့နယ် မြို့မကျောင်းလမ်းမှာ အမျိုးသားရေးအမည်ခံ သမားတွေရဲ့ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်မှုကို တော့ ရဲတပ်ဖွဲ့ကတားဆီရာမှာ အမျိုးသားရေးအမည်ခံသမားတွေက ပြန်လည်ခုခံခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် အချို့လည်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
တပ်မတော်ထောက်ခံ ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို လာရောက်ကြသူတွေဟာ သတင်းဓါတ်ပုံအထောက်အထားတွေအရ မြန်မာနိုင်ငံအလံ ချိတ်ဆွဲထားတဲ့ ထိပ်ပိုင်းမှာ ဝါးအချွန်တွေကို လုပ်ဆောင်လာတာတွေ့ရပြီး ရပ်ကွက်နေ ပြည်သူတစ်ချို့နဲ့လည်း ရုန်းရင်ဆန်ခတ်ဖြစ်မှုတွေလည်းရှိနေသလို သတင်းရယူနေတဲ့ သတင်းသမားတွေကို ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ရှိနေတာပဲဖြစ်ပါတယ်။
သတင်း – အိုင်းရစ်

Add a Comment

Your email address will not be published.