ရန်ကုန်-မန္တလေးလမ်းသပြေဝတိုးဂိတ် အနီးမှန်လုံယာဥ်ပေါ်မှထိန်းချုပ်ဓာတု ပစ္စည်းအိတ်များဖမ်းဆီးရမိ

ဇန်နဝါရီ(၂၉)
မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးလမ်းဟောင်း သပြေဝတိုးဂိတ်အနီး မိတ္တီလာမူးယစ်တပ်ဖွဲ့စု(၅၅)မှ မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတု ပစ္စည်းများရှာဖွေစစ်ဆေးစဥ် မှန်လုံယာဥ်ပေါ်မှထိန်းချုပ်ဓာတုပစ္စည်း Ammoniums. Nitrate အဖြူရောင်စေ့ငယ်များပါ အိတ်များရှာဖွေတွေရှိဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ(၂၇)ရက်ည(၁၁)နာရီ ခန့်မိတ္တီလာမူးယစ်တပ်ဖွဲ့စု(၅၅)မှ ရဲအုပ်အောင်ကိုကိုလတ်ဦးစီးတပ်ဖွဲ့ဝင်များမှ မိတ္တီလာမြို့နယ်ရန်ကုန်-မန္တလေးလမ်းဟောင်းသပြေဝတိုးဂိတ်မိုင်တိုင်အမှတ်(၃၁၉/၃)တွင် သက်သေများနှင့်အတူမူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတုပစ္စည်းများရှာဖွေ
စစ်ဆေးနေစဥ်မန္တလေးဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသောယာဥ်အမှတ်MDY 3B/××××× (၆)ဘီးမှန်လုံ ယာဥ်အားရပ်တန့်စစ်ဆေးရှာဖွေရာ ယာဥ်မောင်းထွန်းအောင်ကျော်နှင့် ယာဥ်နောက်လိုက်ခန့်ချော စည်သူထွန်း တို့ဖြစ်ပြီးယာဥ်ပေါ်မှဆင်တံဆိတ်နှင့် တရုတ်စာတမ်းများပါဆာလာအိတ်များအတွင်းထည့်ထားသည့် Ammoniums Nitrate အဖြူရောင်စေ့
ငယ်များပါ(၁)အိတ်လျင်(၃၅)ကီလိုဂရမ်ခန့်ရှိ(၇၅)အိတ််အလေးချိန်စုစုပေါင်း(၂၆၂၅)ကီလိုခန့်စုစုပေါင်း  တန်ဘိုး(၂၈.၈၇၅၀၀)ခန့်အားတွေ့ရှိသဖြင့်သက်သေများနှင့်အတူသိမ်းဆည်းခဲ့ကြောင်းသိရသည်။ သိမ်းဆည်းရမိသည့်ထိန်းချုပ်ဓာတုပစ္စည်းအိတ်များနှင့်ပတ်သက်၍ စစ်ဆေးရာ၄င်းအိတ်များအားရမည်းသင်းမြို့ဝါတိုးရပ်ကွက်ရန်ကုန်
မန္တလေးလမ်းဘေးဆီဆိုင်ရှေ့တွင်နေထိုင်သူမမာဦးမှဖုန်းနှင့်ချိတ်ဆက်ပေး၍စဥ့်ကိုင်မြို့နယ်ဘဲလင်းကျေးရွာနေစက်သုံးဆီဆိုင်မှမစုစုလှိုင်(ခ)မစုနှင့်ထပ်မံဖုန်းနှင့်ချိတ်ဆက်ပြီး ၄င်းဆီဆိုင်မှပီနံအိတ်(၇၅)အိတ်ကိုတင်ဆောင်၍ရမည်းသင်းမြို့နေ
မမာဦး၏နေအိမ်ခြံဝန်းသို့ပို့ဆောင် ပေးရန်သယ်ဆောင်လာခြင်းဖြစ်ကြောင်းစစ်ဆေးချက်များအရသိရသည်။
စစ်ဆေးတွေ့ရှိချက်များအရ ရမည်းသင်းလှုပ်ရှားအဖွဲ့နှင်ချိတ်ဆက်ပြီးဇန်နဝါရီ(၂၈)ရက်နေ့တွင် မူးယစ်တပ်ဖွဲ့စုမှူး၏မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ် (၃/၂၀၂၁)ဖြင့်ရမည်းသင်းမြို့ဝါတိုး ရပ်ကွက်နေမမာဦးနေအိမ်သို့
သက်သေများနှင့်ရှာဖွေရာမမာဦးအားတွေ့ရှိပြီး မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများမတွေ့ရှိသဖြင့်မမာဦး၏လက်ကိုင်ဖုန်းအား သက်သေများနှင့်အတူသိမ်းဆည်းခဲ့ပြီး မမာဦးအားထပ်မံစစ်ဆေးချက်အရစဥ့်ကိုင်မြို့နယ်ဘဲလင်းကျေးရွာနေမစုစုလှိုင်(ခ)မစုအားဖမ်းဆီးရမိရေးအတွက်မန္တလေးအမှတ်(၁၈)မူးယစ်တပ်ဖွဲ့စုနှင့်ချိတ်ဆက်ရှာဖွေ
ဆောင်ရွက်ခဲ့ရာမစုစုလှိုင်(ခ)မစုမှာ နေအိမ်မှတိမ်းရှောင်သွားခဲ့ကြောင်းသိရသည်။ ဖြစ်စဥ်အရထိန်းချုပ်ဓာတု
ပစ္စည်း Ammoniums Nitrate အဖြူရောင်အစေ့ပီနံအိတ်များသယ်ဆောင်လာသူ ယာဥ်မောင်းထွန်းအောင်ကျော်
(၃၂)နှစ် နောင်ဘိုကျေးရွာလယ်ဝေးမြို့နယ် ယာဥ်နောက်လိုက် ခန့်ချော(၃၁)နှစ် အိမ်အမှတ်(၄၈)အမှတ်(၄)ရပ်ကွက် မြင်းခြံမြို့ စည်သူထွန်း(၂၃)နှစ်အုတ်ကျွတ်တန်းတောင်ငူမြို့နေသူတို့နှင့်ပိုင်ဆိုင်ပို့ဆောင်ခိုင်းသူ မမာဦး(၄၂)နှစ်ဝါတိုးရပ်ကွက်သီလဝ (၂) ရမည်းသင်းမြို့ ပြန်လည်ရောင်းချသူမစုစုလှိုင်(ခ)မစု(တိမ်းရှောင်) (၃၉)နှစ်ခန့် ဘဲလင်းကျေးရွာစဥ့်ကိုင်
မြို့နယ်နေသူတို့အားအရေးယူပေးရန် ရဲအုပ်အောင်ကိုကိုလတ်၏တိုင်တန်း ချက်အရသာစည်မြို့မရဲစခန်းမယ
(ပ)၁/၂၀၂၁ မူး/စိတ်ပုဒ်မ ၁၆(ခ)/၂၁ဖြင့်အမှုဖွင့်အရေးယူဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။

သတင်း – ရွှေမောင်မောင်(မိတ္တီလာ)

Add a Comment

Your email address will not be published. Required fields are marked *