တရုတ်နိုင်ငံတွင် စအိုကိုနှိုက်ပြီး ကိုဗစ်အတွက် ဓာတ်ခွဲနမူနာယူသည့်နည်းစတင်အသုံးပြု

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်းကို အာခေါင်တို့ဖတ် စစ်ဆေးခြင်းအစား ဓာတ်ခွဲအဖြေ ပိုမိုတိကျစွာသိနိုင်သည့် စအိုမှ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းနည်းလမ်းကို စတင်အသုံးပြုနေပြီဟု တရုတ်အစိုးရသတင်းဌာနမှ ဖေါ်ပြထားကြောင်း သိရသည်။

စအိုမှ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းသည် ဓာတ်ခွဲအဖြေ ပိုမိုတိကျစွာသိနိုင်သည်ဟု ဆရာဝန်များကဆိုသည်။

စအိုမှ စစ်ဆေးမည်ဆိုသော သတင်းများကြောင့် ဆေးစစ်သူများ ကိုဗစ်စစ်ဆေးရမည်ကို စိုးရိတ်လျက်ရှိနေပြီး အဆိုပါ ဓာတ်ခဲ စစ်ဆေးမှု စနစ်မှာ လက်တွေ့တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုရန် အခက်အခဲံရှိနေမည်ဖြစ်သောကြောင့် အသုံးပြုနိုင်ဖွယ် မရှိဟု ခန့်မှန်းထားကြသည်။

တရုတ်နိုင်ငံတွင် နှစ်သစ်ကူး ကာလအတွင်း ကိုဗစ်ပျံပွားမှုကို ထိန်းချုပ်ရန် ကိုဗစ်ဖြစ်ပွားမှု မြင့်တတ်သည့်ဒေသများမှ လာရောက်သည့် သုများအား ကန့်သက်ခြင်းများလုပ်ဆောင်နေကြောင်း သိရသည်။

source tachileik news agency

 

Tags:

Add a Comment

Your email address will not be published. Required fields are marked *