ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ပန်ဝါမြို့ရှိ ရေခဲချောင်း၌ လာရောက်လည်ပတ်သူ များပြား


ပန်ဝါ၊ ဇန်နဝါရီ (၂၆)
ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ပန်ဝါမြို့ ၌ ဆောင်းတွင်းကာလ၌ ရေခဲခြင်း၊ နှင်းမိုးရွာသွန်းခြင်း တို့ကြောင့် မြန်မာနိုင်ငံတွင် အထင်ကရမြို့အဖြစ် တည်ရှိနေသည့် ပန်ဝါမြို့ အမှတ်သုံးနယ်စပ်မှတ်တိုင် အနီးရှိ ရေခဲချောင်း၌ လာရောက်အပန်းဖြေသူ များပြားလျက်ရှိကြောင်း သိရသည်။


ယခုလ (၂၁)ရက်မှစ၍ နှင်းမိုးများရွာကျပြီးနောက် နှင်းခဲသည့် ရေခဲချောင်းသို့ လာရောက် လည်ပတ်သူများပြားလာပြီး အဆိုပါလာရောက်လည်ပတ်သူများမှ ဦးခေါင်လန်ဒီးက “ဒီတစ်ခါနဲ့ဆို လာလည်တာ နှစ်ခါရှိပြီ။ ရေခဲနေတာ တော်တော်များတော့ တော်ရုံနဲ့ အရည်ပျော်ဦးမှာ မဟုတ်ဘူး။ အခုက သူငယ်ချင်းတွေနဲ့လာတာ။ အရမ်းပျော်ပါတယ်”ဟု ပြောကြားသည်။


ဆက်လက်၍ ဦးပြည့်ဖြိုးပိုင်က”ကျွန်တော် ပန်ဝါရောက်တာ (၄)နှစ်ရှိပြီ။ ဒါပထမဆုံးအကြိမ် ရောက်တာပါ။ တစ်နာရီနီးပါး ကားမောင်းရတယ်။ ပြီးမှ ဆယ်မိနစ်လောက် လမ်းလျှောက် ရတယ်ဆိုပေမယ့် ရေခဲတွေ နှင်းတွေအပေါ် မောင်းရ၊ လျှောက်ရတော့ တော်တော်ပျော်စရာကောင်းပါတယ်” ဟု ပြောကြားသည်။
ပန်ဝါမြို့သည် နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကာလများတွင် နှင်းမိုးများရွာသဖြင့် ရေခဲနှင်းများ ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။
#Source From; IPRD Kachin

Add a Comment

Your email address will not be published. Required fields are marked *