ကမ္ဘာ့အကြီးဆုံးဘုရားတည်မည့်စကျင်ကျောက်တုံးကြီးများသယ်ယူမည် ဖြစ်၍မန္တလေး-နေပြည်တော်အပိုင်း အမြန်လမ်းအသုံးပြုသူများသိစေအပ်
|ကမ္ဘာ့အကြီးဆုံးဘုရားတည်မည့်စကျင်ကျောက်တုံးကြီးများသယ်ယူမည်
ဖြစ်၍မန္တလေး-နေပြည်တော်အပိုင်း အမြန်လမ်းအသုံးပြုသူများသိစေအပ်ပါသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် (၂၅.၁.၂၀၂၁)ရက်နေ့မှစတင်၍ (၂၀.၄.၂၀၂၁)ရက်နေ့ထိ သယ်ယူမည်ဖြစ်ပြီး အမြန်လမ်းမကြီး၏ အပြန်လမ်း ဘက်ခြမ်းမှ (အသွား+အပြန်)ဖြတ်သန်းမည်ဟုသိရပါသည်။ စကျင်ကျောက်တုံးတော်ကြီးများသယ်ယူခြင်းဆောင်ရွက်နေစဉ် အတွင်းရန်ကုန်-မန္တလေး အမြန်လမ်း၏ (အပြန်လမ်း)တွင် (၁၀)မိုင်တစ်ဖြတ်နှုန်းဖြင့် U-Turn လမ်းပိတ်မည်ဖြစ်ပြီး ခရီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရန် အတွက် U-Turn မှတဆင့်အသွား လမ်းတွင် (အသွား+အပြန်) (၂)လမ်း မောင်းစနစ်ဖြင့် သွားရမည်ဟုသိရပါသည်။
စကျင်ကျောက်တုံးတော်ကြီးအား သယ်ယူရာတွင် လမ်းအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ(၂၅.၁.၂၀၂၁) မှ (၃၀.၄.၂၀၂၁)ထိကြီးကြပ်ဆောင်ရွက်သွားမည်ဟုသိရပါသည်။
ဗွီဒီယိုဖိုင်
သတင်း – မင်းမင်း