လှည်းကူးမြို့နယ်တွင် ရန်ငြိုးဖွဲ့ လူသတ်မှုဖြစ်ပွားရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ဝါးကောက်တပင်ကျေးရွာတွင် ဇန်နဝါရီ ၂၀ရက်နေ့က လူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ဦးသန်းဇော်ထိုက် (၃၇နှစ်)၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ ဝါးကောက်တပင်ကျေးရွာ နေသူဖြစ်ပြီး သေဆုံးသူနှင့် ယခင် ရန်ငြိုးရန်စရှိခဲ့ဖူးသူ ရဲထက်(ခ)မြတ်စိုးသူ(၃၃နှစ်)၊ ဝါးကောက်တပင်ကျေးရွာ၊ ဇရပ်ကွင်းကျေးရွာအုပ်စုနေသူအပါ လူတစ်စုမှ သတ်ဖြတ်ခဲ့ခြင်းဖြစ်တယ်ဟု ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူနှင့်အတူရှိနေသူ ဦးနီစိုး(၅၀နှစ်)၊ လတ်ကျိုက်ကျေးရွာ၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ လှည်းကူးမြို့နယ်နေသူတွင်လည်း ဦးခေါင်း ဓါးခုတ်ဒဏ်ရာရရှိခဲ့သဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက်ဥက္ကလာဆေးရုံ ဦးနှောက်နှင့်အာရုံကြောကုသဆောင်သို့(စိုးရိမ်ရ)လူနာအဖြစ် တင်ပို့ထားရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍လူသတ်မှုကျူးလွန်သူ ရဲထက်(ခ) မြတ်စိုးသူ အပါ လူတစ်စုကို လှည်းကူးမြို့မ ရဲတပ်ဖွဲ့စခန်းမှ (ပ)၁၆/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆/ ၁၁၄ဖြင့် အမှုဖွင့်၍ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

သတင်း – Top Phoenix Media Group

Add a Comment

Your email address will not be published. Required fields are marked *