လှိုင်သာယာရွှေလင်ဗန်းစက်မှုဇုန်တွင် အလုပ်ရှင်ကို တိုင်ကြားသောအလုပ်သမား(၉)ဦးအလုပ် ထုတ်ရာမှ အလုပ်သမားရာချီဆန္ဒဖော်ထုတ်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာရွှေလင်ဗန်းစက်မှုဇုန်တွင် ၊ ယနေ့နံနက်ပိုင်းက၊ အလုပ်ရှင်မှ ဥပ‌ဒေပါအခွင့်
အရေးများမရရှိခြင်းနှင့် ကျွမ်းကျင်‌ကြေးတိုင်အားလစာစလစ်တွင်ဥပ‌ဒေပါအတိုင်းထည့်သွင်းဖော်ပြပေးရန်ဌာနဆိုင်ရာသို့တိုင်ကြားသောအလုပ်သမား (၉) ဦးအား ၊ အလုပ်ထုတ်ရာမှ အလုပ်သမားရာနှင့်ချီ၍ ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ ဟန်းမိန်အထည်ချုပ်စက်ရုံတွင် အလုပ်ရှင်မှ ဥပဒေပါအခွင့်အရေးများမပေးဟုဆိုကာအလုပ်သမား(၉)ဦးမှ မြို့နယ်အလုပ်သမားဦးစီးဌာနများသို့တိုင်ကြားခဲ့ရာ၊အလုပ်ရှင်မှ ဇန်နဝါရီလ ၂၀ရက်နေ့တွင်အလုပ်ထုတ်ခဲ့ရာမှအလုပ်သမားရာနှင့်ချီဆန္ဒပြမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း အလုပ်ထုတ်ခံရသည့် မယွန်းရွှေစင်က​ပြောသည်။

“ကျနော်တို့ကို အလုပ်ထုတ်တယ် သူတို့ကိုတိုင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ အဲ့ဒါကို ကျန်အလုပ်သမားတွေက မကျေနပ်လို့တောင်းဆိုတယ် တောင်းဆိုတဲ့သူတွေပါစက်ရုံထဲပေးမဝင်တော့ မနေ့ကတည်းက “ဟု ၎င်းကပြော
သည်။

အလုပ်သမား ၉ဦးအားအလုပ်ထုတ်ရာမှ အလုပ်သမား ၁၃၀ဦးတို့သည် အလုပ်ပြန်ခန့်ရေးအတွက်ယင်းစက်ရုံရှေ့တွင် ယနေ့ဇန်နံနက်ပိုင်းက စတင်တောင်းဆိုကြရာ ရဲတပ်ဖွဲ့ဝင်များ၊အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများလာရောက်ကာ ၊ အလုပ်ရှင်နှင့်ညိုနှိုင်းခဲ့သော်လည်း အဆင်ပြေမရှိကြောင်း သွားရောက်ကူညီဖြေရှင်းပေးနေသူ FGWMအဖွဲ့မှ စည်းရုံးရေးမှုးကိုဘိုဘိုမင်းခန့်က ပြောသည်။ ယင်းကိစ္စနှင့်ပါတ်သတ်၍ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က”အလုပ်ရှင်တွေက ဘယ်လိုသဘောထားလဲဆိုတော့အလုပ်သမားတွေစုပေါင်းတောင်းဆိုရင် ကိုဗစ်ကာလဆိုတော့ အပြင်မှာရေရှည်တောင့်မခံနိူင်ဘူး လူမစုနိူင်ဘူး ကိုဗစ်ဥပဒေကလည်းရှိနေတော့ ဒါကြောင့် အလုပ်သမားတွေကိုအထဲပေးမဝင်တာ အဲ့သဘောနဲ့အလုပ်ရှင်ကလုပ်တာ” ဟု သုံးသပ်ပြောဆိုခဲ့သည်။

လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်၊ဖန်ချက်ဝန်ဦးရွှေအိုလမ်းနှင့်မောင်ကျန်သီလမ်းထောင့်၊ အမှတ်
(174/း175)ရှိ ဟန်းမိန်အထည်ချုပ်သည် အလုပ်သမား ၈၀၀ဦးရေဖြင့်လည်ပတ်နေသော စက်ရုံဖြစ်သည်။

By-မြတ်ဟိန်းကျော်(YNI)Agency

Add a Comment

Your email address will not be published. Required fields are marked *