အမှတ်(၃)နယ်မြေရဲစခန်းမှ (ပ)၁၁/၂၀၂၁ရာဇသတ်ကြီးပုဒ်မ ၃၈၀ ကျင့် ၅၄ ဖြင့်အမှုမှစစ်ဆေးချက်ဖြင့် ဆိုင်ကယ်ခိုးမှုထပ်မံပေါ်ပေါက်
|
ဇန်နဝါရီ ၁၈ မိတ္ထီလာ
မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့နယ်အမှတ်(၃)နယ်မှရဲစခန်း လှည့်ကင်းဆောင်ရွက်နေစဉ် မသင်ကာ၍စစ်ဆေးရာ
ဖုန်းခိုးမှုမှ ဆိုင်ကယ်ခိုးမှုပါ ပေါ်ပေါက်ခဲ့ပါသည်။
၂၀၂၁ ဇန်နဝါရီ ၁၇ ရက် ၁၉၃၀အချိန် အမှတ်(၂)နယ်မြေရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်ထွန်းနှောင်နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများအတူ (ပ)၁၁/၂၀၂၁ရာဇသတ်ကြီးပုဒ်မ ၃၈၀ ကျင့် ၅၄ ဖြင့် အမှုမှ တင်အောင်မော် (ခ) မော်ကြီး ၂၆နှစ်(ဘ)ဦးဌေးဝင်း ဝန်ဇင်းနယ်မြေ(၁၅)နေသူအား စစ်ဆေးရာလွန်ခဲ့သော(၁၀)ရက်ခန့်က သန်းတိုးအောင်၂၄နှစ်၊ (ဘ)ဦးမောင်သန်း၊ နယ်မြေ(၁၀)ဝန်ဇင်းရပ်ကွက်၊ ဘချစ်(ခ)သန်းစိုးလင်း (ထွက်ပြေး)တိမ်းရှောင်နေသူ စုံစမ်းဆဲတို့နှင့်အတူ ပျော်ဘွယ်မြို့ပြည်သူ့ ဆေးရုံကြီးအတွင်းမှ ပစ္စည်းများ ခိုးယူခဲ့ကြောင်းထွက်ခဲ့ဟုသိရပါသည်။ ထွက်ဆိုသဖြင့်
ဘချစ်(ခ)သန်းစိုးလင်း၊ သန်းတိုးအောင်တို့(၂)ဦးအား သွားရောက်ဖမ်းဆီးရာ ဘချစ်(ခ)သန်းစိုးလင်း ဆိုသူမှာထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး သန်းတိုးအောင်အား ၎င်း၏နေအိမ်တွင်တွေ့ရှိရသဖြင့် အမှတ်(၃)နယ်မြေရဲစခန်းတွင် ထပ်မံစစ်ဆေးဟုသိရပါသည်။ စစ်ဆေးရာတွင်သန်းတိုးအောင်မှ လွန်ခဲ့သော(၅)ရက်ခန့်ကဘချစ်(ခ)သန်းစိုးလင်းနှင့်အတူ ဝမ်းတွင်းမြို့၊ မီးပွိုင့်အနီးရှိနေအိမ်အဆောက်မှ HONDER WAVE Alpha (နံပါတ်မပါ ၁၁၀ အနက်ရောင်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုး၇၀၀၀၀၀)ကျပ်ခန့် ဆိုင်ကယ်အား ဆော့ကဒ်ဖြုတ်ခိုးခဲ့ပြီး ၎င်း၏နေအိမ်တွင်ထားရှိထားကြောင်း ထွက်ဆို၍ သွားရောက်ရှာဖွေသိမ်းဆည်းခဲ့ဟုသိပါသည်။
(ပ)၁၁/၂၀၂၁ရာဇသတ်ကြီးပုဒ်မ ၃၈၀ ကျင့် ၅၄ တင်အောင်မော်(ခ)မော်ကြီး စစ်ဆေးချက်မှဘချစ်(ခ)သန်းစိုးလင်းနှင့် သန်းတိုးအောင်တို့(၂)ဦးအား ဥပဒေအရအရေးယူပေးပါရန် ဒုရဲအုပ်ရန်နိူင်မြင့်မှ တရားလိုပြုတိုင်တန်းသဖြင့် အမှတ်(၃)နယ်မြေရဲစခန်းမှ(ပ)၁၂/၂၀၂၁ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၃၈၀/၁၁၄)ကျင့်၅၄ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားရှိပြီး အမှုစစ်ဒုရဲအုပ်အောင်ညီဝင်းမှဥပဒေနှင့်အညီအမြန်တရားစွဲဆောင်ရွက်သွားမည်ဟုသိရပါသည်။
သတင်း – မင်းမင်း