ရန်ကုန်တိုင်းမှ ကျန်းမာရေး ဝန်ထမ်း ၁၀၀၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကြိုတင် ပြင်ဆင်နေပြီ
|
ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းမှ ကျန်းမာရေး ဝန်ထမ်း ၁၀၀၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကြိုတင် ပြင်ဆင်နေပြီလို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာထွန်းမြင့်ကပြောကြားလိုက်ပါတယ်။
ဒေါက်တာထွန်းမြင့်က “ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်သူ့ကျန်းမာရေးဝန်ထမ်း (၃၀၀၀) ကျော်၊ ကုသရေးဝန်ထမ်း (၈၀၀၀) ကျော် စုစုပေါင်း ကျန်းမာရေးဝန်ထမ်း တစ်သောင်းကျော်ရှိကာ ဒီဝန်ထမ်းတွေကိုဦးစွာထိုးနှံပေးမှာဖြစ်တယ်”လို့ဆိုပါတယ်။
လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ကိုဗစ်ကာကွယ်ဆေး ရရှိပါက ကျန်းမာရေးဝန်ထမ်းများနှင့် အသက် ၆၅နှစ်အထက်ပြည်သူများကို ဦးစားပေးထိုးနှံပေး သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေးကို ကျွမ်းကျင်စွာ ကာကွယ်ဆေးထိုး ပေးနိုင်အောင် သင်တန်းပေးခြင်းအာနိသင်မပြယ်ဘဲ ထိုးနှံပေးနိုင်အောင် သင်တန်းပေးတာတွေအပြင် ကာကွယ်ဆေးထိုးမယ့်စုရပ်တွေကိုလည်း လျာထားသတ်မှတ်တာတွေ ဆောင်ရွက်နေပြီ လို့ ဒေါက်တာထွန်းမြင့်က ပြောကြားထားပါတယ်။
TNO