ရဲဒုတပ်ကြပ်နှင့်ရဲတပ်သား(၃)ဦးမှရိုက်နှက်ဖမ်းဆီးခေါ်သူဆေးကုသခံယူနေစဥ်သေဆုံး
|ဇန်နဝါရီ ၁၅ ဝမ်းတွင်း
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ခင်ကြီးအုပ်စု ခင်ကြီးကျေးရွာ နေသူအရက်ဆိုင်အတွင်းမှရိုက်နှက်ခေါ်ဆောင်ခဲ့သည်ဟုသိရပါသည်။ ၂၀၂၁ ဇန်နဝါရီ ၁၁ ရက် ၈.၃၀ အချိန်ခန့်မှန်း ခင်ကြီးကျေးရွာအတွင်းရှိ ဦးဝင်းနိုင်၏အရက်ဆိုင်တွင် ရဲများရောက်ရှိလာပြီးရိုက်နှက်ခေါ်ဆောင်သွားဟု တရားလိုအမဖြစ်သူမှ တိုင်တန်းစဥ်ပြောပြဟုသိရပါသည်။
ဖမ်းဆိးခေါ်ဆောင်သွားကြောင်းသိရပြီး ည (၁၁.၀၀)အချိန်ခန့်မှန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့်ရပ်မိရပ်ဖ ဦးမြင့်အောင်တို့ ကတရားလို၏နေအိမ်သို့ရောက်ရှိလာပြီး မင်းနိုင်(ခ)အနိုင်မှာ အရိုက်ခံရသည့်ဒဏ်ရာကြောင့် သတိလစ်ပြီး ဝမ်းတွင်ဆေးရုံတင်ထားရကြောင်း လာရောက်အကြောင်းကြား၍ မိခင်ဖြစ်သူမှသားချင်းများနှင့်ဝမ်းတွင်းပြည်သူဆေးရုံကြီးလိုက်သွားခဲ့သည်ဟုသိရပါသည်။
အရိုက်ခံရသူမင်းနိုင်(ခ)အနိုင်အား ဝမ်းတွင်းဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပြောင်းရွှေ့ကုသဟုသိရပါသည်။ မန္တလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသနေစဥ် သတိမရသဖြင့် တရားလိုအမဖြစ်သူမှ လာရောက်တိုင်တန်းဟုသိရပါသည်။ ဝမ်းတွင်းမြို့မရဲစခန်းမှဖြစ်စဥ်ပါဝင်သူ ရဲဒုတပ်ကြပ် အောင်စိုး တပ်သားဟိန်းထက်ဇော် တပ်သား မျိုးမင်းထိုက် တပ်သား သီဟကျော် တို့အား ဝမ်းတွင်းမြို့မရဲစခန်းမှ ဇန်နဝါရိ ၁၂ရက်၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ဖြင့် အမှုဖွင့်အရေးယူထားပြီး ဇန်နဝါရီ ၁၄ ရက် ဆေးကုသနေစဥ်သေဆုံးသွား၍ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ /၁၁၄ဖြင့်ပြောင်းလွဲ အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။
သတင်း – မင်းမင်းထီလာ