ကိုဗစ်အလွန် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်ရန် သမ္မတဆွေးနွေး

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀
ကိုဗစ်၁၉ ရောဂါအလွန် ဒေသတွင်းစီးပွားရေးတွေ အမြန်ထူထောင်ရာမှာ ခရီးသွားလုပ်ငန်းတွေကအရေးပါတာကြောင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(အက်မက်စ်) မှာပါဝင်တဲ့ ခရီးသွားလုပ်ငန်းအစီစဉ် (၂၀၁၉ – ၂၀၂၃) ခုနှစ်အရ အကောင်အထည်ဖော်ဖို့အရေးကြီးတယ်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကပြောပါတယ်။


ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပတဲ့ (၉)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေးနဲ့(၁၀)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (စီအယ်လ်အမ်ဗွီ)ထိပ်သီးအစည်းအဝေးမှာ ပြောပါတယ်။
ခရီးသွားလုပ်ငန်းအပြင် ပြည်ဝင်ဂိတ်တွေမှာ ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦးတွေကို New Normal နှင့်အညီ အဆင့်မြှင့် တင်ရေး၊ ပြည်ဝင်လုပ်ငန်းစဉ်တွေက ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့ ကိုက်ညီပြီး ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ဒေသတွင်း ကုန်စည် ထောက်ပံ့မှု ကွင်းဆက်မပြတ်စေဖို့၊ စတုတ္ထစက်မှုတော်လှန်ရေး (4th Industrial Revolution)ကို အထောက်အကူပြုနိုင်ဖိ့ဒစ်ဂျစ်တယ်စီးပွားရေး အခန်းကဏ်ဏ္ဍကို မြှင့်တင် ရေးတို့အတွက် ဆောင်ရွက်သွားဖို့လိုအပ်တယ်လို့လည်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကပြောပါတယ်။


ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား သမ္မတနိုင်ငံ၊ အမေရိကန်တို့က အက်မက်စ် လက်ရှိ ဖွံ့ဖြိုးမှုမိတ်ဖက်များ အပြင်ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနဲ့အဖွဲ့အစည်းတွေက အက်မက်စ်ရဲ့ဖွံ့ဖြိုးမှုမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒပြုမှုတွေရှိနေပါတယ်။ဖွံ့ဖြိုးမှုမိတ်ဖက်များအတွက် ညှိနှိုင်းရေးမှူးအဖြစ် ထိုင်းနိုင်ငံက ဆောင်ရွက်ပေးနေတာပါ။
ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူ ကို ကိုယ့်အား ကိုယ်ကိုးပြီး အကောင်အထည်ဖော် တည်ထောင်မယ့် ရန်ပုံငွေယန္တရား အတွက် ထိုင်းနိုင်ငံက ဦးဆောင်မှုပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံက ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း(၂၀၀) ထည့်ဝင်သွားမယ်လို့အစည်းအဝေးက သိရပါတယ်။
#ဟန်တိုးစံ ရေးသားသည်။
(ပုံ – နိုင်ငံတော် သမ္မတရုံး)

Add a Comment

Your email address will not be published. Required fields are marked *