Music Zone မြေနေရာကို နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည်သိမ်းဆည်း

ရန်ကုန်၊ ၂၀၂၀၊ ဒီဇင်ဘာ၂၄ရက်
ရန်ကြန်တိုင်း​ဒေကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ Music Zone မြေနေရာကို နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
ဒီဇင်ဘာ၂၄ရက် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းနှင့်သီးသန့်တွေ့ဆုံမေးမြန်းရာတွင်  တရားဝင်ပြောကြားခဲ့သည်။
“မြူးဇစ်ဇုန်ကေတီဗွီ ကိစ္စ လွှတ်တော်မှာ ကျွန်တော်မေးမြန်းတာကို ဝန်ကြီးဌာနက ဒီဇင်ဘာ ၁ရက်နေ့မှာ ဖြေကြားပါတယ်။အဲဒါကို လွှတ်တော်ကအကြောင်းကြားတဲ့စာကတော့ ကျွန်တော့်ဆီ ဒီဇင်ဘာ ၂၃ရက် မနေ့ကရောက်ပါတယ်။ ဝန်ကြီးဌာနကဖြေကြားစာထဲမှာပါတဲ့အရဆိုရင် ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးအသင်းအနေဖြင့်လျှောက်ထားပြိးနောက်ပိုင်းတွင် နိုင်ငံရေးပါတီအဖြစ်သို့ပြောင်းလဲဖွဲ့စည်းသွားခြင်း၊ အသင်း၏မူလဖွဲ့ ရည်ရွယ်ချက်ဖြစ်သော လူမှုရေးလုပ်ငန်းများ ဖော်ဆောင်ခြင်းမပြုဘဲ ပုဂ္ဂလိကလုပ်ငန်းများတို့ကို ထပ်ဆင့်ငှားရမ်းထားခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြိးအစိုးရအဖွဲ့နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ မူဝါဒ လမ်းညွှန်များဖြင့်မြေအသုံးပြုခွင့်အားရပ်စဲပြီးအစိုးရမြေအဖြစ် ပြန်လည်သတ်မှတ်၍ မြေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကျွန်တော်တို့ပြန်ကြားပါတယ်”ဟု ၎င်းကပြောသည်။
မြူးဇစ်ဇုန်မြေနေရာသည် တရားမဝင်ကြောင်းကို ကိုဗစ်ဒုတိယလှိုင်းတွင် ကေတီဗွီဖွင့်လှစ်ရာမှ ကိုဗစ်ရောဂါပိုးကူးစက်မှုကြောင့် လူအများမှသိရှိလာခဲ့ခြင်းဖြစ်သည်။ ၎င်းမြူးဇစ်ဇုန်နှင့် ဆက်စပ်၍ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူလူ၉၀ကျော်ရှိခဲ့ပြီး ၎င်းပိုင်ရှင် ဦးဇော်မင်းနှင့်ဆိုင်မန်နေဂျာကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
သတင်း – Dway

Add a Comment

Your email address will not be published. Required fields are marked *