မြောင်မြို့နယ်တွင်တွေ့ရှိသော ရှေးဟောင်းရွှေထည်ပစ္စည်းအပ်နှံသူများကို ကျပ် ၅၁ သိန်းချီးမြှင့်

ရှေးဟောင်းရွှေထည်ပစ္စည်းများတွေ့ရှိခဲ့သော ဧရာဝတီမြစ်ကမ်းဘေးတွင် ရှေးဟောင်းပစ္စည်းရှာဖွေနေကြသူများ (ဓာတ်ပုံ-သမိုင်းစန်း)

စစ်ကိုင်းခရိုင် မြောင်မြို့ နယ် ကျောင်းဖြူကျေးရွာတွင် တွေ့ရှိခဲ့သော ရှေးဟောင်းရွှေ ထည် ပစ္စည်းများအား ဒီဇင်ဘာ ၁၄ရက်က စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ အပ်နှံခဲ့ကြောင်း မြောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်း အောင်ကပြောသည်။

ဒီဇင်ဘာလ ဒုတိယပတ်အ တွင်းက မြောင်မြို့နယ် ကျောင်း ဖြူကျေးရွာအနောက်ဘက် ဧရာဝ တီမြစ်ကမ်းပါးရေတိုက်စား၍ ပြို ကျသည့်နေရာတွင် ဒေသခံ ခြောက်ဦးက ရေချိုးသွားရာမှ ပျူ ခေတ်လက်ရာဟု ခန့်မှန်းရသော ရှေးဟောင်းရွှေထည်ပစ္စည်းများ တွေ့ရှိခဲ့၍ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောက်အပ်နှံခဲ့ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။

‘ရွှေထည်ပစ္စည်း ခြောက်ခု ရဲ့စုစုပေါင်းအလေးချိန်က ၄ကျပ် ၁၉ ရွေးလောက်ရှိတယ်။ ဝန်ကြီး ချုပ်က ကနဦးချီးမြှင့်ငွေ ၅၁ သိန်း ကို ရှေးဟောင်းသုတေသနကိုယ် စား ဝန်ကြီးချုပ်ကစိုက်ထုတ်ချီး မြှင့်ပေးတာပါ’’ဟု ဦးတင်ထွန်း အောင်ကပြောသည်။

အဆိုပါရွှေထည်ပစ္စည်းများ တွေ့ရှိသည့်နေရာတွင် လာ ရောက်ရှာဖွေသော လူအုပ်ကြီး ကြောင့် ကိုဗစ်ကာလလူစုလူဝေး မဖြစ်ပေါ်စေရန်သက်ဆိုင်ရာဌာန အဖွဲ့အစည်းများပူးပေါင်း၍ တား မြစ်ထားကြောင်း ဦးတင်ထွန်း အောင်ကပြောသည်။

ကျောင်းဖြူကျေးရွာဒေသခံ ဦးဖိုးထူးက ‘‘မနေ့(ဒီဇင်ဘာလ ၁၄ရက်) နေ့လယ် ၂နာရီလောက် ကစပြီး လုံခြုံရေးရဲတွေလာစောင့် လို့ ရွှေရှာတဲ့သူတွေမရှာရဲကြဘူး။ လူတွေလာရှာတာ ၁၅ရက် လောက်ရှိပြီ။ တစ်ရက်ကို ရွှေ ထည်တစ်ခုလောက်တွေ့တာ သ တင်းကြားတော့နယ်လေးရပ်က ရောက်လာပြီးရှာကြတာ။ ဒီဇင် ဘာ ၉ရက်နောက်ပိုင်း ရှာတဲ့သူ ကလူသုံးရာကျော် လေးရာ လောက်အထိရှိတယ်’’ဟု ပြော သည်။

ရွှေထည်ပစ္စည်း ရှာဖွေသူ များသည် မြစ်ကမ်းပါးအား တူး ဖော်ခဲ့သဖြင့် ကမ်းပါးပြိုကျမှုများ ပြားကာ ရွာနှင့်နီးကပ်နေသဖြင့် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း၊ ကမ်းပါးပေါ်ရှိ စိုက်ခင်းအချို့ပျက် စီးခဲ့၍ ဒီဇင်ဘာ ၁၄ရက်နံနက်ပိုင်း က စိုက်ခင်းပိုင်ရှင်များနှင့် ရှေး ဟောင်းပစ္စည်း ရှာဖွေသူများအ ကြား ပဋိပက္ခဖြစ်ပွားမှုများရှိခဲ့ ကြောင်း ၎င်းကပြောသည်။

သတင်း – မျိုးမင်းဦး

Add a Comment

Your email address will not be published. Required fields are marked *