အင်္ဂပူတွင် ဖခင် မှ သမီးအရင်းကို သားမယားအဖြစ်ပြုကျင့်မှု ဖြစ်ပွား


အင်္ဂပူ၊ ဒီဇင်ဘာ ၉/၂၀၂၀
ဧရာဝတီတိုင်း ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ကွင်းကောက်ရဲစခန်းပိုင်နယ်မြေအတွင်း ဖခင်ဖြစ်သူမှ သမီးအရင်းတော်စပ်သူအား ဒီဇင်ဘာ (၅)ရက်နေ့ညပိုင်းက သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်မှာ ဥယျဉ်ကုန်းကျေးရွာ ဘွက်အုပ်စုနေထိုင်သည့်အဒေါ် တော်စပ်သူမှ တူတော်စပ်သူ ဖိုးချွန်(၃၆)နှစ်မှာအရက်သေစာသောက်စားပြီး သားသမီး(၄)ဦးရှိသည့်အနက် မိန်းကလေး(၂)ဦးအားစိတ်မချသဖြင့် ၎င်းနေအိမ်ခေါ်ယူထိန်းသိမ်းစောင့်ရှောက်ရန်အကူအညီတောင်းခံသဖြင့် တစ်ရွာတည်းနေသူမှ ဒီဇင်ဘာ(၇)ရက်နေ့တွင်ဖိုးချွန်၏သမီး အသက်(၁၄)နှစ် နှင့် အသက်(၈) နှစ် သမီးနှစ်ဦးအားနေအိမ်တွင်ခေါ်ယူထိန်းသိမ်း
စောင့်ရှောက်ထား ကြောင်း ဆိုသည်။ ထိုသို့ ခေါ်ယူထားပြီး နေအိမ်၌ အသက် (၁၄)နှစ်သမီးဖြစ်သူနှင့် စကားအတူပြောဆိုရာမှ ဖခင်ဖြစ်သူဖိုးချွန်မှ အရက်သေစာသောက်စားပြီးနေအိမ်သို့ပြန်လာချိန်၎င်းအား ဒီဇင်ဘာ ၅ ရက်နေ့ည ၈နာရီခန့်က နေအိမ်ရှေ့ခန်းတွင်အိပ်ယာခင်း ခြင်ထောင်ထောင်ပေးနေစဉ် ဖခင်ဖြစ်သူမှ ခြေထောက်ဖြင့်လှမ်းကန်ခဲ့ရာလဲကျသွားချိန် ပါးစပ်နှင့်လက်တို့အားချုပ်နှောင်ကာ သားမယား အဖြစ်ပြုကျင့်ပြီး အသံထွက်အော်ပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုသဖြင့် အသံမထွက်ရဲပဲ ရှက်၍နေခဲ့ရကြောင်း၊ ခေါ်ယူထိန်းသိမ်းစောင့်ရှောက်ထားသူ မှကြားသိရပြီး ဒီဇင်ဘာ (၈)ရက်နေ့တွင် ရဲစခန်းတိုင်တန်းခဲ့ကြောင်း သိရသည်။
သားမယားအဖြစ်ပြုကျင့်ခဲ့သူ ဖိုးချွန် ၃၆ နှစ်အား ကွင်းကောက်နယ်မြေရဲစခန်းမှ(ပ) ၂၅၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေး နေကြောင်း သိရသည်။
ဧရာဝတီ(တာတေ)
photo – Top Phoenix Media Group

Add a Comment

Your email address will not be published. Required fields are marked *