ဂါလံ(၁၂၀၀)ဆန့်ရေသယ်ယာဉ်တစ်စီး လမ်းမပေါ်တွင် နောက်သို့ဆုတ်စဉ်အမျိုး သမီး(၁)ဦးသေ ဆုံး


ဒီဇင်ဘာ ၁၀ မိတ္ထီလာ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ စက်ကြီးဆည်မြောင်းရပ်၊
ကားလမ်းမိုင်တိုင်အမှတ် (၃/၁)နှင့်(နှင့်(၃/၂)ကြား ရေသည်ယာဥ်မှနောက်ဆုတ်စဥ် ဆိုင်ကယ်နှင့် honda fit အမျိုးအစားကားအားဝင်တိုက်ဟုသိရပါသည်။
၂၀၂၀ ဒီဇင်ဘာ ၉ ရက် (၁၉.၃၀)အချိန်ခန့်က မိတ္ထီလာ သဖန်း ကျေးရွာဘက်မှ တောင်မြောက်မောင်းနှင်းလာသော မိုးဟိန်း၊ (၅၂)နှစ်၊ (ဘ)ဦးကျော်၊ ယာဉ်မောင်း၊ စက်ကြီးဆည်မြောင်းဝန်း မိတ္ထီလာမြို့နေသူ မောင်းနှင်လာသော MDY-1A/8172 နံပါတ်ပါ HYUNDAI အမျိုးအစား အပြာရောင်ဂါလံ(၁၂၀၀)ဆန့်ရေသယ်ယာဉ်မှာ လမ်းမပေါ်တွင်နောက်သို့ဆုတ်စဉ် လားရာတူနောက်မှ မောင်းနှင်လာသည့် ဦးဖြိုးရွှေ၊(၄၆)နှစ်၊ (ဘ) ဦးဟန်တင် ဈေးရောင်း၊ ကြားအင်းကျေးရွာ၊ ကျွဲတလင်းအုပ်စု၊ မိတ္ထီလာမြို့နယ် နေသူ
မောင်းနှင်ပြီး နောက်တွင် ဒေါ်တင်တင် (၄၈)နှစ်၊ (ဘ)ဦးခင်အောင်ကြာအင်းကျေးရွာ၊ ကျွဲတလင်းအုပ်စု နေသူ၂၈/၄၃၆၂၉ နံပါတ်ပါ လော့ဂျာ-၁၁၀အနက်ရောင် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ပြီး လားရာတူနောက်မှ သက်ပိုင်ထူး ၊၁၉ နှစ်၊ (ဘ)ဦးလှဖူးယာဉ်မောင်း၊ အိုမတွေ့ကျေးရွာ၊ ဝမ်းတွင်းမြို့နယ်နေသူမောင်းနှင်လာသည့် honda fit အမျိုးအစားကားအားထပ်မံတိုက်မိဟုသိရပါသည်။ ၎င်းတိုက်မိရာတွင်ဆိုင်ကယ်နောက်တွင်လိုက်ပါလာသူ ဒေါ်တင်တင်လှတွင် ယာပေါင်ရင်းမှ ခြေကျင်းဝတ်ထိစုတ်ပြဲသွေးထွက်ဒဏ်ရာ၊ ယာခြေ ကျင်းဝတ်အရိုးကျိုးသည့်ဒဏ်ရာ (အတွင်းလူနာ၊စိုးရိမ်ရ)မိတ္ထီလာပြည်သူ့ဆေးရုံကြီး)တွင် ကုသနေစဥ်သေဆုံးသွားသည်ဟုသိရပါသည်။ ယာဥ်မဆင်မခြင်ယာဥ်ကျောမရှင်းဘဲ နောက်သို့ မောင်းနှင်ထုတ်ခဲ့သူဦးမိုဟိန်း အားအမှတ်(၂)နယ်မြေစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့်အရေးယူဆောင်ရွက်ထားကြောင်းသိရပါသည်။
မင်းမင်း

Add a Comment

Your email address will not be published. Required fields are marked *