တာချီလိတ်မြို့၌ တရားမဝင် ရောက်ရှိနေထိုင်သော ထိုင်းအလုပ် သမားများ ထိုင်းနိုင်ငံပြန်ဖို့ ကျန်းမာရေးစစ်ဆေးရာ(Covid-19) ရောဂါပိုးကူးစက်ခံရသူ (၂)ဦးတွေ့ရှိ
|ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌(Covid-19)ကူးစက် ရောဂါဖြစ်ပွားနေမှုကြောင့် တရားမဝင် တာချီလိတ်မြို့ထဲ ရောက်ရှိနေထိုင်သော အွန်လိုင်းလောင်းကစား လာရောက်လုပ်ကိုင်နေကြသော ထိုင်းနိုင်ငံသားများအား ထိုင်းနိုင်ငံသို့ အမြန်းဆုံး တရားဝင် လမ်းကြောင်းဖြစ်သည့် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည့်ရေး တံတားမှ ပြန်လည်ပို့ဆောင်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ နှင့် ကျန်းမာရေးဌာနမှ အမည်စာရင်းကောက်ခံရသူများ ကျန်းမာရေးစစ်ဆေးမှုပြုခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းမှာ အမည်စာရင်းပေးထာသော ထိုင်းနိုင်ငံသား(၄၉)ဦးကို တာချီလိတ်မြို့မရဲစခန်းမှအချုပ်ကားဖြင့် သွားရောက်ခေါ်ဆောင်၍ မကာဟိုခမ်း ဆေးရုံဟောင်း၌ ထာရှိပြီး Faver Clinic ရောဂါရှာဖွေစစ်ဆေးရေးဌာနတွင် RDT-Test Kit ဖြင့် (၄၉)ဦး စစ်ဆေးရာ အတည်ပြု(Covid-19)ရောဂါပိုးကူးစက်ခံရသူ ထိုင်း(၂)ဦး တွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိချက်အရ သိရှိရသည်။
ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ကြီး၏ ညွှန်ကြားချက်နှင့် အညီ တာချီလိတ်မြို့ကျန်းမာရေးဌာနမှ ပိုးတွေ့ရှိသူ ထိုင်းနိုင်ငံ သား(၂)ဦးကို မိုးကုတ်ဝိပဿနာရိပ်သာ ကုသရေစင်တာ သို့ပို့ဆောင်ပြီး စောင့်ကြပ်မှုပြုလုပ်ထားကြောင်း ၎င်းထိုင်းနိုင်ငံများ နေထိုင်သော မကာဟိုခမ်းရပ်ကွက် ဧရာဝဏ်မိုတယ် ကို ယနေ့ နံနက်ပိုင်းမှာ ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာမှ ပိုးသတ်ဆေးဖျန်း၍ ဟိုတယ်အား Lock down ချပြီးဖြစ်ကြောင်း သတင်းသိရှိရသည်။
သတင်းဓါတ်ပုံ – @SH-MediaTachileik