အုပ်ချုပ်ရေးမှူးမှ အမျိုးသမီးအား ကျူးလွန်းခြင်း

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်မြို့နယ်……အုပ်စု……ကျေးရွာ
အမျိုးသမီး ၁ ဦးအား ကာယိန္ဒြေပျက်ပြားအောင်ပြုလုပ်၍တိုင်တန်းဟုသိရပါသည်။
ဖြစ်စဥ်မှာ ၂၀၂၀အချိန်ခန့် သဲလေးကျေးရွာ၏ တောင်ဘက်(၄)ဖာလုံခန့်အကွာ
ကန္တာရတောအတွင်းရှိ အကိုဝမ်းကွဲ တော်စပ်သူ ဦး….. ၊ (၆၆)နှစ်၊
သဲတောလေးကျေးရွာ၊ အင်းယင်းအုပ်စု၊ ဝမ်းတွင်းမြို့နယ်နေသူ ခုတ်ထားသော ထင်းများအားကြိုးဖြင့်စည်း၍ ဦးခေါင်းပေါ်သို့ရွက်ပြီးပြန်လာစဉ် ဦး..,. …၏
ဝါခင်းအနီး အရောက်တွင် ဦး……နှင့် တွေ့ရာ “ဘယ်က လာတာလဲ”ဟုမေး သဖြင့် တရားလိုမှ ကန်ကြီးဘက်မှထင်းရွက်၍ ပြန်လာသည်ဟု တိုင်တန်းစဥ် ပြောပြခဲ့ကြောင်း သိရပါသည်။ ဆက်လက်ပြောကြားရာတွင် ဦး……မှာထင်းစည်းအားဆွဲထား ပြီးတရားလိုအားသိုင်းဖက်လိုက်ရာ တရားလိုမှာထင်းစည်းနှင့်အတူလဲကျသွားကြောင်း၊ ထိုသို့လဲကျသွားသဖြင့် ပြန်လည်ထပြီးမတ်တပ်ရပ် လိုက်စဉ် ဦး……မှတရားလိုအားလက်နှစ်ဖက်ဖြင့်သိုင်းဖက်ပြီးတရားလို၏ပါးစပ်အား ဦး…….၏ပါးစပ်ဖြင့်စုပ်ခဲ့ပြီး ရင်သားနှစ်ဖက်အားလက်ဖြင့်ကိုင်ခဲ့သဖြင့် တရားလိုမှတွန်းလွတ်လိုက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်ဖြစ်ပြီး ဒီလိုမလုပ်သင့်ကြောင်းပြောလိုက်သဖြင့် တရားလိုအားလွတ်ပေးပြီး ထင်းစီးအားခေါင်းပေါ်ရွက်၍ ရွာသို့ပြန်လာခဲ့ကြောင်းသိရပါသည်။ ရွာပြန်ရောက်စဥ် မိဘနှင့်ဆွေမျိုးများအားပြောပြပြီး ကျေးရွာတွင်လူမှုရေးအရဖြေရှင်း သော်လည်းပြေလည်မှုမရသဖြင့် ရဲစခန်းအားလာရောက်တိုင်တန်းရသည်ဟုသိရပါသည်။ ၎င်းကိစ္စအား ဝမ်းတွင်းမြို့မရဲစခန်း မှရာဇသတ်ကြီး ပုဒ်မ-၃၅၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ပင်းတလဲရဲစခန်း၊ မှဖမ်းဆီးထားရှိပြီး စခန်းမှူးမှအမှုအားစစ်ဆေးဆောင်ရွက်လျှက်ရှိပြီး အမြန်ဆုံးတရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။
မင်းမင်း

Add a Comment

Your email address will not be published. Required fields are marked *