ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ရေးအဆိုပြုလွှာ တင်သွင်းခွင့်တွင် NYDC အမှုဆောင်အရာရှိချုပ်ရှယ်ယာပါသည့် ပြင်သစ်ကုမ္ပဏီပါဝင်

ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်တည်ဆောက်ရေး တွင် Yoma Strategic ကုမ္ပဏီနှင့် ဖက်စပ်လုပ်ထားသည့် ပြင်သစ် ကုမ္ပဏီက အဆိုပြုလွှာတင်သွင်းခွင့်ရရှိခဲ့ကြောင်း NYDC ကုမ္ပဏီ ၏အမှုဆောင်အရာရှိချုပ် ဦးသိမ်း ဝေက ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာတွင် နိုဝင်ဘာ ၂၂ ရက်၌ ရေးသားခဲ့သည်။ ရန်ကုန်တိုင်းအစိုးရက ရန် ကုန်မြို့သစ်စီမံကိန်းအကောင်အ ထည်ဖော်ရန် NYDC (ရန်ကုန်မြို့ သစ် ဖွံ့ဖြိုးရေးကုမ္ပဏီ) ကို ထူ ထောင်ခဲ့ပြီး ဦးသိမ်းဝေကို အမှု ဆောင်အရာရှိချုပ်ခန့်အပ်ထား ခြင်းဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံ ကိန်း တည်ဆောက်ရေးအတွက် တရုတ်ကုမ္ပဏီနှင့် အဆိုပြုလွှာအ ပြိုင်တင်သွင်းခွင့်ကို ပြင်သစ် ကုမ္ပဏီသုံးခု၊ ပြည်တွင်းကုမ္ပဏီ သုံးခု၊ အိန္ဒိယ၊ စင်ကာပူ၊ တိုင်ပေ ကုမ္ပဏီတစ်ခုစီကို အဆိုပြု ဖိတ် ခေါ်လွှာများကို တင်ဒါကော်မတီ က ထုတ်ပေးခဲ့သည်။ အဆိုပါ ကုမ္ပဏီများတွင် ပြင်သစ် Bouyuges Construction ၏ လက်အောက်ခံကုမ္ပဏီ ဖြစ်သည့် Bouyuges Batiment International နှင့် NYDC၏ အမှု ဆောင်အရာရှိချုပ် ဦးသိမ်းဝေ ပိုင်ဆိုင်သည့် Yoma Strategic Holdings တို့ ပိုင်ဆိုင်သည့် BYMA Myanmar Limited လည်း ပါဝင်ပြီး အဆိုပြုဖိတ်ခေါ် လွှာများ(Request for Proposal – RFP)ဝယ်ယူခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

‘‘ဒီနေရာမှာ ကျွန်တော် အား လုံးကို ရှင်းလင်းပြောကြားချင် တာကတော့ BYMA Myanmar Limited အနေနဲ့ RFP ဝယ်ယူ ခဲ့ခြင်းကို ကျွန်တော်အပါအဝင် Yoma Strategic Holdings ထံ အသိပေးခြင်းမရှိခဲ့ပါ’’ ဟု ဦး သိမ်းဝေက ရေးသားထားသည်။ Yoma Strategic Holdings သည် BYMA တွင် ရှယ်ယာအ နည်းစုသာပါဝင်ပြီး BYMA သည် Bouyuges ၏ စီမံခန့်ခွဲမှု အောက်တွင်သာရှိသည်။ ထို့ ကြောင့် Yoma Strategic Holdings မှ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါဟုလည်း ဦးသိမ်းဝေက ရေး သားထားသည်။ ထို့အပြင် BYMA ၏ ပြော ကြားချက်အရ ၎င်းတို့ အဆိုပြု လွှာဝယ်ယူခြင်းသည် ရန်ကုန်မြို့ တော် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ပိုမိုနားလည်ရန်အတွက်သာဖြစ် သည်ဟု ဦးသိမ်းဝေကပြောသည်။ ထိုကုမ္ပဏီသည် စီမံကိန်းတည် ဆောက်မှုတွင် တင်ဒါအဆိုပြုလွှာ ပါဝင်တင်သွင်းရမည် မဟုတ် ကြောင်း ၎င်းကဆိုသည်။ ဦးသိမ်းဝေက NYDC (ရန် ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီ)တွင် တာဝန်ထမ်းဆောင်စဉ်ကာ လအတွင်း ၎င်း၏ ကုမ္ပဏီများက ရန်ကုန်မြို့သစ်စီမံကိန်းတွင် ဝင် ရောက်ယှဉ်ပြိုင်မည် မဟုတ် ကြောင်း ထပ်လောင်းကတိပြု သည်ဟု ဆိုသည်။
အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ အခြေခံအဆောက်အအုံစီမံကိန်းများကို လေ့လာ သည့် သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးခိုင်ဝင်း က ‘‘သူရှယ်ယာပါတဲ့ ကုမ္ပဏီက သူ့ကို မဆွေးနွေးဘဲ ဒီတင်ဒါကို တင်ပါ့မလား။ မတင်တော့၊ ရုပ် သွားတယ်ဆိုတော့လည်းကောင်း ပါတယ်။ သူလည်း မပါရဘူးလို့ ကတိပေးထားတာပဲ’’ ဟု ၎င်း၏ အမြင်ကို ပြောသည်။ ရန်ကုန်မြို့သစ်စီမံကိန်း တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင် စားကြောင်းဖော်ပြလွှာ (Expression of Interest – EOI) ကို ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်က နိုင်ငံပေါင်းကိုးခုမှ စီးပွား ရေးအဖွဲ့အစည်း ၁၆ ခုက တင် သွင်းခဲ့သည်။ ထိုအဖွဲ့အစည်း ၁၆ ခုအ နက် ၁၅ ခုကို စီမံကိန်း အဆိုပြု လွှာတင်ပြရန် ဖိတ်ခေါ်ခဲ့ရာ အ ထက်ပါကုမ္ပဏီကိုးခုက လျှောက် လွှာများ လာရောက်ဝယ်ယူခဲ့ သည်ဟု တင်ဒါကော်မတီက ဆို ထားသည်။

သတင်း – ထွန်းထွန်းမင်း

Add a Comment

Your email address will not be published. Required fields are marked *