ထိုင်းကုန်တင်ယာဉ်များကို မြဝတီဘက်ခြမ်းရှိ ကုန်သွယ်ရေးဇုန်အထိ ဝင်ခွင့်ပြုမည်

ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ နိုဝင်ဘာ ၂၃ ရက်က စတင်ကာ ထိုင်းကုန်တင် ယာဉ်များကို ကုန်သွယ်ရေးဇုန် အထိ ဝင်ထွက်ခွင့်ပြုမည်ဖြစ် ကြောင်း မြဝတီခရိုင်အုပ်ချုပ် ရေးမှူး ဦးတေဇာအောင်က ပြော သည်။ ယခင် ကိုဗစ်-၁၉ ကပ်ရော ဂါ ကာကွယ်ရန် နှစ်ဖက်ကုန် သွယ်မှုများအား ကုန်သွယ်ရေးဇုန်အထိ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခွင့်အစား မြဝတီ-မဲဆောက် တံတားထိပ်ရှိ Border Control Facility (BCF Zone) ဇုန်အချင်းချင်း BCF ဇုန်အထိ သာ အချင်းချင်း ကုန်သွယ်မှုပြု လုပ်နေရာမှ ထိုင်းကုန်တင်ယာဉ် များကို မြန်မာဘက်ခြမ်းရှိ ကုန် သွယ်ရေးဇုန်အထိ ဝင်ထွက်ခွင့် ပြန်လည်ခွင့်ပြုခြင်းဖြစ်သည်။ မြန်မာဘက်က ခွင့်ပြုသည့် နည်းတူ ထိုင်းဘက်မှလည်း ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာ အောင်အား မေးမြန်းရာ ‘‘အခု မြန်မာဘက်က အစိုးရက တစ် ဖက်သတ် ဆုံးဖြတ်လိုက်တာပါ။ ကုန်သွယ်ရေးရဲ့ တင်ပြချက် ကြောင့်ပါ။ ကျန်တာကတော့ ထိုင်းအစိုးရက ဆောင်ရွက်ရ မှာပါ’’ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ မြန်မာဘက်က ခွင့်ပြုသည့်နည်းတူ ထိုင်းဘက်က လည်း ပြန်လည်ခွင့်ပြုရန် မျှော် လင့်ကြောင်းလည်း မြန်မာကုန် သည်တစ်ဦးက ပြောသည်။ ‘‘ထိုင်းဘက်ကလည်း နည်း တူပြန်ခွင့်ပြုဖို့ မျှော်လင့်တာပေါ့။ ဒါမှ ကုန်သွယ်မှုက အချိန်ကြန့် ကြာမှုတွေ သက်သာမှာပေါ့၊ နည်းတူခွင့်ပြုမယ် ထင်တယ်’’ဟု မြန်မာကုန်သည်တစ်ဦးက ပြော သည်။ ယခင်က နယ်စပ်ကုန်သွယ် မှုအား ကိုဗစ်-၁၉ ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ထိုင်းဘက် က စတင်ကန့်သတ်ခြင်းဖြစ်ကာ ကုန်သွယ်ရေးဇုန်အထိ ကုန်သွယ် မှုအစား BCF ဇုန်အထိသာ ကုန် သွယ်ခြင်းကို အောက်တိုဘာလ ကတည်းက ကျင့်သုံးခဲ့ခြင်းဖြစ် သည်။

BCF ဇုန်အချင်းချင်းအထိ သာ ကုန်သွယ်မှုပြုခြင်းသည် ကုန်ပစ္စည်းအဆင့်ဆင့် သယ်ယူရခြင်း၊ အချို့ကုန်ပစ္စည်းများသည် လွှဲပြောင်းသယ်ယူရာတွင် ခက် ခဲခြင်းကြောင့် BCF ဇုန်အချင်း ချင်း ကုန်သွယ်မှုသည် နာမည်သာ ရှိပြီး လက်တွေ့တွင် အခက်အခဲ များစွာရှိကာ ကုန်သွယ်မှုဟုပင် ခေါ်ဆိုရန် ခက်ခဲသည်ဟု ဦးတေ ဇာအောင်က ရှင်းပြဖူးသည်။

သတင်း – ခွန်ယံ

Add a Comment

Your email address will not be published. Required fields are marked *